Monday 19 January 2015

ဆော်ဒီအာရေဗျတွင် မြန်မာနိုင်ငံသား အမျိုးသမီးတဦး ခေါင်းဖြတ် ကွပ်မျက်

Photo: ဆော်ဒီအာရေဗျတွင် မြန်မာနိုင်ငံသား အမျိုးသမီးတဦး ခေါင်းဖြတ် ကွပ်မျက်
Monday, January 19, 2015

ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၊ မက္ကာမြို့တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် အမျိုးသမီး တဦးကို လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု၊ လူသတ်မှုတို့ဖြင့် ဆော်ဒီ အာဏာပိုင်များက ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့က သေဒဏ် အပြစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဆော်ဒီအာရေးဗျ နိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသူတဦး ဖြစ်သည့် Laila Bint Abdul Muttalib Basim ကို ဇန်န၀ါရီလ ၁၂ ရက်နေ့က ဆော်ဒီ ရဲအရာရှိ ၄ ဦးက လမ်းပေါ်မှာ တရွတ်တိုက် ဆွဲယူသွားပြီးနောက် ဓားရှည်ဖြင့် ခေါင်းကို ဖြတ် ကွပ်မျက်လိုက်ခြင်း ဖြစ်သည်ဟု လန်ဒန်အခြေစိုက် The Independent သတင်းစာက ရေးသား ဖော်ပြကြသည်။

မြန်မာနိုင်ငံသူ အမျိုးသမီးသည် ဆော်ဒီနိုင်ငံသား ဖြစ်သူနှင့် အိမ်ထောင်ကျနေသူတဦး ဖြစ်ပြီး အိမ်ထောင်ဖက်၏ အသက် ၇ နှစ် အရွယ် သမီးဖြစ်သူကို သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတို့ဖြင့် အထက်ပါအတိုင်း အပြစ်ပေးခံရခြင်း ဖြစ်ကြောင်း သတင်းကဆိုသည်။

သို့သော် ထိုဖြစ်စဉ် အကြောင်းအရာများကို မြန်မာအစိုးရ အာဏာပိုင်များနှင့် မြန်မာ မွတ်စလင် အသိုင်းအ၀ိုင်းက တိတိကျကျ မသိရှိကြောင်း ပြောဆိုသည်။

သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်၊ ပြန်ကြားရေး ၀န်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ၄င်းမှာ ခရီးသွားနေသဖြင့် ယင်းဖြစ်စဉ်ကို မသိရှိကြောင်း၊ နိုင်ငံခြားရေးနှင့် သာသနာရေး ၀န်ကြီးဌာနတို့ကို မေးမြန်းသင့်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

သာသာနာရေး ၀န်ကြီးဌာန၊ ဒုတိယ ရုံးအဖွဲ့မှူး ဦးစိုးနိုင်က“ကျနော်တို့ ဒီဖြစ်စဉ်ကို မသိပါဘူး။ ပြီးတော့ အခုနောက်ပိုင်းမှာ ဘုရားဖူးသွားတဲ့ ကိစ္စတွေကိုပါ ကျနော်တို့ ၀န်ကြီးဌာနက မကိုင်တွယ်တော့ပါဘူး”ဟု ပြောဆိုသည်။

ထို့ပြင် အစ္စလာမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီ အဖွဲ့ချုပ်မှ ဦးကျော်စိုးက“သူ့နိုင်ငံ သူ့ဥပဒေအတိုင်း ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဘာမှ ပြောစရာ မရှိပါဘူး။ သူ့ဥပဒေအတိုင်းပဲ ဖြစ်ရမှာပေါ့”ဟု ပြောဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် ဆော်ဒီအာရေဗျ နိုင်ငံအပါအ၀င် ကူဝိတ်၊ ယူအေအီးနှင့် ကာတာနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ထောင်ချီ ရှိကြောင်း၊ ထိုနိုင်ငံများတွင် ပညာတတ် တချို့က ရေနံလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ကြပြီး အမျိုးသမီးများမှာ သန့်ရှင်းရေးနှင့် အိမ်ဖော်အဖြစ် ၀င်ရောက် လုပ်ကိုင်မှုများ ရှိကြောင်း ရန်ကုန်မြို့အခြေစိုက် ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောသည်။

“တချို့တွေက ဆော်ဒီက မက္ကာကို ဘုရားဖူးသွားရင်းနဲ့ ပြန်မလာတာမျိုးလည်း ရှိတယ်။ ကျနော်တို့ နိုင်ငံက သဘောင်္သာတချို့ အမေရိကန်တို့၊ ဂျပန်တို့ ရောက်ရင် ခုန်ချနေခဲ့သလိုမျိုး”ဟု ယင်းပုဂ္ဂိုလ်က ပြောဆိုသည်။

ဆော်ဒီအာရေးဗျ အာဏာပိုင်များက အစ္စလမ်ဘာသာ၏ အထွဋ်အမြတ် မြို့တော်ဖြစ်သည့် မက္ကာတွင် ယခုကဲ့သို့ အမျိုးသမီးတဦးကို လူသိရှင်ကြား ခေါင်းဖြတ် ကွပ်မျက်ခဲ့သဖြင့် နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ခေါင်းဖြတ် ကွက်မျက်ခံရသည့် အဖြစ်အပျက်ကို ပြီးဆုံးသည်အထိ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းကို ပေါ်တွင် တင်ခဲ့ရာ ယင်း အမျိုးသမီးက “ကျမ မသတ်ပါဘူး။ ကျမ မသတ်ပါဘူး” ဟု အော်ဟစ်ခဲ့ကြောင်း The Independent သတင်းစာက ရေးခဲ့သည်။

အဆိုပါ ဗီဒီယိုမှာ “ထိတ်လန့် ရွံရှာဖွယ်ရာများ ပါဝင်နေသည်” ဆိုသည့် အကြောင်းပြချက်နှင့် YouTube ၀က်ဘ်ဆိုက်က ၎င်းတို့၏ မူဝါဒအရ နောက်ပိုင်းတွင် ဖယ်ရှားပစ်ခဲ့သည်။

လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူတဦး ဖြစ်သည့် Mohammed al-Saeedi ၏ အဆိုအရ ခေါင်းဖြတ် စီရင်သည့် နည်းလမ်းမှာ ၂ ခုရှိကြောင်း Middle East Eye သတင်းဌာနသို့ ပြောဆိုခဲ့သည်။

“တနည်းက ထောင်သားကို နာကျင်မှု သက်သာစေတဲ့ ဆေးတွေ ထိုးပေးပြီး နာကျင်မှု မခံစားရအောင်လုပ်တဲ့ နည်းနဲ့ နောက်တနည်းကတော့ နာကျင်မှုသက်သာစေတဲ့ ဆေးမပေးဘဲ စီရင်တဲ့နည်း ဖြစ်ပါတယ်” လို့ သူက ပြောဆိုသည်။

ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၊  ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် အဆိုပါ အမျိုးသမီး အတွက် ချမှတ်လိုက်တဲ့ အပြစ်ဒဏ်မှာ ပြစ်မှုနှင့် ထိုက်တန်ကြောင်း ယုံကြည်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသား အမျိုးသမီးအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းသည် ၂၀၁၅ ခုနှစ် အတွင်း ၉ မှုမြောက်ဟု အရှေ့အလယ်ပိုင်းကလာသော သတင်းများက ဆိုသည်။

ဆော်ဒီအာရေဗျ နိုင်ငံတွင် ၂၀၁၃ ခုနှစ်က ခေါင်းဖြတ်ပြီး သေဒဏ်ပေးမှု ၇၈ ခု ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်အတွင်း ၈၇ ခုအထိ မြင့်တက်လာခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အရှေ့အလယ်ပိုင်းဒေသ သုတေသီ Adam Coogle က ၂၀၁၄ အတွင်း ဆော်ဒီအာရေဗျတွင် ခေါင်းဖြတ် အပြစ်ပေးခံရသူ ၄၃ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ပြီး အမျိုးသမီး ၂ ဦးပါဝင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် လူသတ်မှု၊ မုဒိန်းမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် လက်နက်ကိုင် လုယက်မှုကဲ့သို့သော အမှုများသည် သေဒဏ် ချမှတ်ခံရနိုင်သည့် အမှုများ ဖြစ်သည်။

ခေါင်းဖြတ်ခြင်းသည် သေဒဏ် ချမှတ်နည်းများထဲမှ တခု ဖြစ်သည်။ သေနတ်နှင့် ပစ်သတ်ရန်နှင့် ကျောက်တုံးနှင့် သေသည် အထိ ပစ်ပေါက်သတ်ရန်လည်း စီရင်ချက် ချမှတ်ခံရနိုင်သည်။

ထို့ပြင် ဘာသာမဲ့သူများကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်နိုင်သည့် ဥပဒေအသစ်များကိုလည်း ၂၀၁၄ ခုနှစ်၊ ဧပြီလ အတွင်းက ဆော်ဒီဘုရင့်နိုင်ငံက ပြဌာန်းခဲ့သေးသည်။

ဧရာဝတီ 

ဆော်ဒီအာရေဗျ၏ ခေါင်းဖြတ်အပြစ်ပေးမှုကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ဆန့်ကျင်ဆန္ဒပြကြသော ဘင်္ဂလားဒေ့ရှ်လူငယ်များ (ဓာတ်ပုံ - http://www.presstv.ir)

ဆော်ဒီအာရေဗျ၏ ခေါင်းဖြတ်အပြစ်ပေးမှုကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ဆန့်ကျင်ဆန္ဒပြကြ သော ဘင်္ဂလားဒေ့ရှ်လူငယ်များ (ဓာတ်ပုံ - http://www.presstv.ir)

ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၊ မက္ကာမြို့တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် အမျိုးသမီး တဦးကို လိင်ပိုင်း ဆိုင်ရာ ဖောက်ပြန်မှု၊ လူသတ်မှုတို့ဖြင့် ဆော်ဒီ အာဏာပိုင်များက ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့က သေဒဏ် အပြစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဆော်ဒီအာရေးဗျ နိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသူတဦး ဖြစ်သည့် Laila Bint Abdul Muttalib Basim ကို ဇန်န၀ါရီလ ၁၂ ရက်နေ့က ဆော်ဒီ ရဲအရာရှိ ၄ ဦးက လမ်းပေါ်မှာ တရွတ်တိုက် ဆွဲယူသွားပြီးနောက် ဓားရှည်ဖြင့် ခေါင်းကို ဖြတ် ကွပ်မျက်လိုက်ခြင်း ဖြစ်သည်ဟု လန်ဒန်အခြေစိုက် The Independent သတင်းစာက ရေးသား ဖော်ပြကြသည်။

မြန်မာနိုင်ငံသူ အမျိုးသမီးသည် ဆော်ဒီနိုင်ငံသား ဖြစ်သူနှင့် အိမ်ထောင်ကျနေသူတဦး ဖြစ်ပြီး အိမ်ထောင် ဖက်၏ အသက် ၇ နှစ် အရွယ် သမီးဖြစ်သူကို သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတို့ဖြင့် အထက်ပါ အတိုင်း အပြစ်ပေးခံရခြင်း ဖြစ်ကြောင်း သတင်းကဆိုသည်။

သို့သော် ထိုဖြစ်စဉ် အကြောင်းအရာများကို မြန်မာအစိုးရ အာဏာပိုင်များနှင့် မြန်မာ မွတ်စလင် အသိုင်း အ၀ိုင်း က တိတိကျကျ မသိရှိကြောင်း ပြောဆိုသည်။

သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်၊ ပြန်ကြားရေး ၀န်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ၄င်းမှာ ခရီးသွားနေ သဖြင့် ယင်းဖြစ်စဉ်ကို မသိရှိကြောင်း၊ နိုင်ငံခြားရေးနှင့် သာသနာရေး ၀န်ကြီးဌာနတို့ကို မေးမြန်းသင့် ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

သာသာနာရေး ၀န်ကြီးဌာန၊ ဒုတိယ ရုံးအဖွဲ့မှူး ဦးစိုးနိုင်က“ကျနော်တို့ ဒီဖြစ်စဉ်ကို မသိပါဘူး။ ပြီးတော့ အခုနောက်ပိုင်းမှာ ဘုရားဖူးသွားတဲ့ ကိစ္စတွေကိုပါ ကျနော်တို့ ၀န်ကြီးဌာနက မကိုင်တွယ်တော့ပါဘူး”ဟု ပြောဆိုသည်။

ထို့ပြင် အစ္စလာမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီ အဖွဲ့ချုပ်မှ ဦးကျော်စိုးက“သူ့နိုင်ငံ သူ့ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်တဲ့အတွက် ဘာမှပြောစရာ မရှိပါဘူး။ သူ့ဥပဒေအတိုင်းပဲ ဖြစ်ရမှာပေါ့”ဟု ပြောဆို သည်။

အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် ဆော်ဒီအာရေဗျ နိုင်ငံအပါအ၀င် ကူဝိတ်၊ ယူအေအီးနှင့် ကာတာနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ထောင်ချီ ရှိကြောင်း၊ ထိုနိုင်ငံ များတွင် ပညာတတ် တချို့က ရေနံလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ကြပြီး အမျိုး သမီးများမှာ သန့်ရှင်းရေးနှင့် အိမ်ဖော်အဖြစ် ၀င်ရောက် လုပ်ကိုင်မှုများ ရှိကြောင်း ရန်ကုန်မြို့အခြေစိုက် ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောသည်။

“တချို့တွေက ဆော်ဒီက မက္ကာကို ဘုရားဖူးသွားရင်းနဲ့ ပြန်မလာတာမျိုးလည်း ရှိတယ်။ ကျနော်တို့ နိုင်ငံက သဘောင်္သာတချို့ အမေရိကန်တို့၊ ဂျပန်တို့ ရောက်ရင် ခုန်ချနေခဲ့သလိုမျိုး”ဟု ယင်းပုဂ္ဂိုလ်က ပြောဆိုသည်။

ဆော်ဒီအာရေးဗျ အာဏာပိုင်များက အစ္စလမ်ဘာသာ၏ အထွဋ်အမြတ် မြို့တော်ဖြစ်သည့် မက္ကာတွင် ယခုကဲ့သို့ အမျိုးသမီးတဦးကို လူသိရှင်ကြား ခေါင်းဖြတ် ကွပ်မျက်ခဲ့သဖြင့် နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ခေါင်းဖြတ် ကွက်မျက်ခံရသည့် အဖြစ်အပျက်ကို ပြီးဆုံးသည်အထိ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းကို ပေါ်တွင် တင်ခဲ့ရာ ယင်း အမျိုးသမီးက “ကျမ မသတ်ပါဘူး။ ကျမ မသတ်ပါဘူး” ဟု အော်ဟစ်ခဲ့ကြောင်း The Independent သတင်းစာက ရေးခဲ့သည်။

အဆိုပါ ဗီဒီယိုမှာ “ထိတ်လန့် ရွံရှာဖွယ်ရာများ ပါဝင်နေသည်” ဆိုသည့် အကြောင်းပြချက်နှင့် YouTube ၀က်ဘ်ဆိုက်က ၎င်းတို့၏ မူဝါဒအရ နောက်ပိုင်းတွင် ဖယ်ရှားပစ်ခဲ့သည်။

လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူတဦး ဖြစ်သည့် Mohammed al-Saeedi ၏ အဆိုအရ ခေါင်းဖြတ် စီရင်သည့် နည်းလမ်းမှာ ၂ ခုရှိကြောင်း Middle East Eye သတင်းဌာနသို့ ပြောဆိုခဲ့သည်။

“တနည်းက ထောင်သားကို နာကျင်မှု သက်သာစေတဲ့ ဆေးတွေ ထိုးပေးပြီး နာကျင်မှု မခံစားရ အောင်လုပ်တဲ့ နည်းနဲ့ နောက်တနည်းကတော့ နာကျင်မှုသက်သာစေတဲ့ ဆေးမပေးဘဲ စီရင်တဲ့နည်း ဖြစ်ပါ တယ်” လို့ သူက ပြောဆိုသည်။

ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၊  ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် အဆိုပါ အမျိုးသမီး အတွက် ချမှတ်လိုက်တဲ့ အပြစ်ဒဏ်မှာ ပြစ်မှုနှင့် ထိုက်တန်ကြောင်း ယုံကြည်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသား အမျိုးသမီးအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းသည် ၂၀၁၅ ခုနှစ် အတွင်း ၉ မှုမြောက်ဟု အရှေ့ အလယ်ပိုင်းကလာသော သတင်းများက ဆိုသည်။

ဆော်ဒီအာရေဗျ နိုင်ငံတွင် ၂၀၁၃ ခုနှစ်က ခေါင်းဖြတ်ပြီး သေဒဏ်ပေးမှု ၇၈ ခု ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် အတွင်း ၈၇ ခုအထိ မြင့်တက်လာခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အရှေ့အလယ်ပိုင်းဒေသ သုတေသီ Adam Coogle က ၂၀၁၄ အတွင်း ဆော်ဒီအာရေဗျတွင် ခေါင်းဖြတ် အပြစ်ပေးခံရသူ ၄၃ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ပြီး အမျိုးသမီး ၂ ဦးပါဝင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် လူသတ်မှု၊ မုဒိန်းမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် လက်နက်ကိုင် လုယက်မှု ကဲ့သို့သော အမှုများသည် သေဒဏ် ချမှတ်ခံရနိုင်သည့် အမှုများ ဖြစ်သည်။

ခေါင်းဖြတ်ခြင်းသည် သေဒဏ် ချမှတ်နည်းများထဲမှ တခု ဖြစ်သည်။ သေနတ်နှင့် ပစ်သတ်ရန်နှင့် ကျောက် တုံးနှင့် သေသည် အထိ ပစ်ပေါက်သတ်ရန်လည်း စီရင်ချက် ချမှတ်ခံရနိုင်သည်။

ထို့ပြင် ဘာသာမဲ့သူများကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်နိုင်သည့် ဥပဒေအသစ်များကိုလည်း ၂၀၁၄ ခုနှစ်၊ ဧပြီလ အတွင်းက ဆော်ဒီဘုရင့်နိုင်ငံက ပြဌာန်းခဲ့သေးသည်။

ဧရာဝတီ

No comments:

Post a Comment