Monday 19 January 2015

ကစားသမားများ ဖိအားဒဏ် ခံစားနေရ ဟုအေစီမီလန်နည်းပြ အင်ဇာဂီပြော

Photo: ကစားသမားများ ဖိအားဒဏ် ခံစားနေရ ဟုအေစီမီလန်နည်းပြ အင်ဇာဂီပြော
Monday, January 19, 2015

တနင်္ဂနွေနေ့က အတ္တလန္တာအသင်းကို ရှုံးနိမ့်ခဲ့ပြီး စီးရီးအေတွင်လေးပွဲ ဆက် တိုက်နိုင်ပွဲပျောက် ဆုံးခဲ့ပြီးနောက်အေစီမီ လန်အသင်း နည်းပြ အင်ဇာဂီက ကစား သမားများ အပေါ်တွင် ဖိအားများ သက်ရောက်နေသည် ဟုပြောဆို လိုက်သည်။

အတ္တလန္တာအသင်းအား ရှုံးနိမ့်ခဲ့ခြင်းသည် ဆန်စီရိုကွင်းတွင် အေစီမီလန်အသင်း ၏ လေးပွဲမြောက်ရှုံးပွဲဖြစ်ပြီး အဆင့်ရှစ်နေရာ အထိရောက်ရှိသွား ပြီဖြစ်သည်။ နည်းပြ အင်ဇာဂီ၏အသင်းသည် နောက်ဆုံးစီးရီးအေပွဲစဉ်လေးပွဲတွင် ရမှတ် နှစ်မှတ်သာ ရယူထားနိုင်သည်။

အင်ဇာဂီက'ကျွန်တော်တို့အသင်းရဲ့ လက်ရှိကစားပုံက ရာသီအစတုန်းက ပုံစံမျိုး လုံးဝမရဘူးဖြစ်နေပါတယ်။ ကစားသမားတွေဟာ ဖိအားတွေခံ စားနေကြရပါ တယ်။ ရိုးမား၊ နာပိုလီတို့ကို ယှဉ်ပြိုင်ခဲ့တဲ့ အေစီမီလန်အသင်းရဲ့ ခြေစွမ်းကို မမေ့စေလိုပါဘူး။

အသင်းသားတွေရဲ့ ခြေစွမ်းကလည်း ချက်ချင်းကြီး ကျဆင်းသွားတာမျိုး မဖြစ်နိုင်ပါဘူး။ ခရစ္စမတ်ကာလမတိုင်မီက ခြေစွမ်းမျိုး ပြန်ရဖို့ လိုအပ်ပါတယ်။ ၂၀၁၅ အစကဆက်ဆူအိုလိုကို ရှုံးနိမ့်ပြီးနောက်ပိုင်း ကျွန်တော့် တို့ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ အကောင်းဆုံး မကစားနိုင်ပေ မယ့် ဒီထက်ပိုကောင်းအောင် ကြိုးစားသွားမှာပါ' ဟုပြောသည်။

လာမည့်အပတ်တွင် အေစီမီလန်အသင်းသည် ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် အဓိက ပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည့် လာဇီယိုအသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Mizzima - News in Burmese
တနင်္ဂနွေနေ့က အတ္တလန္တာအသင်းကို ရှုံးနိမ့်ခဲ့ပြီး စီးရီးအေတွင်လေးပွဲ ဆက်တိုက်နိုင်ပွဲပျောက် ဆုံးခဲ့ပြီး နောက်အေစီမီလန်အသင်း နည်းပြအင်ဇာဂီက ကစားသမားများအပေါ်တွင် ဖိအားများ သက်ရောက် နေသည် ဟုပြောဆို လိုက်သည်။

အတ္တလန္တာအသင်းအား ရှုံးနိမ့်ခဲ့ခြင်းသည် ဆန်စီရိုကွင်းတွင် အေစီမီလန်အသင်း ၏ လေးပွဲမြောက် ရှုံးပွဲဖြစ် ပြီး အဆင့်ရှစ်နေရာ အထိရောက်ရှိသွား ပြီဖြစ်သည်။ နည်းပြ အင်ဇာဂီ၏အသင်းသည် နောက်ဆုံးစီးရီးအေ ပွဲစဉ်လေးပွဲတွင် ရမှတ် နှစ်မှတ်သာ ရယူထားနိုင်သည်။

အင်ဇာဂီက'ကျွန်တော်တို့အသင်းရဲ့ လက်ရှိကစားပုံက ရာသီအစတုန်းက ပုံစံမျိုး လုံးဝမရဘူးဖြစ်နေပါ တယ်။ ကစားသမားတွေဟာ ဖိအားတွေခံ စားနေကြရပါ တယ်။ ရိုးမား၊ နာပိုလီတို့ကို ယှဉ်ပြိုင်ခဲ့တဲ့ အေစီမီလန် အသင်းရဲ့ ခြေစွမ်းကို မမေ့စေလိုပါဘူး။

အသင်းသားတွေရဲ့ ခြေစွမ်းကလည်း ချက်ချင်းကြီး ကျဆင်းသွားတာမျိုး မဖြစ်နိုင်ပါဘူး။ ခရစ္စမတ်ကာလ မတိုင်မီက ခြေစွမ်းမျိုး ပြန်ရဖို့ လိုအပ်ပါတယ်။ ၂၀၁၅ အစကဆက်ဆူအိုလိုကို ရှုံးနိမ့်ပြီးနောက်ပိုင်း ကျွန်တော့် တို့ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ အကောင်းဆုံး မကစားနိုင်ပေ မယ့် ဒီထက်ပိုကောင်းအောင် ကြိုးစားသွားမှာပါ' ဟုပြောသည်။

လာမည့်အပတ်တွင် အေစီမီလန်အသင်းသည် ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် အဓိက ပြိုင်ဘက်အသင်း တစ်သင်းဖြစ်သည့် လာဇီယိုအသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment