Monday 19 January 2015

မြန်မာနိုင်ငံတွင် အလုပ်ပိတ်ရက် များလွန်းနေ ဟုဆို

မြန်မာနိုင်ငံတွင် အလုပ် ပိတ်ရက်များ လွန်းနေသည်ဟု Device Business Management Academyမှ ဦးတင်ဇံကျော်က ပြောသည်။ ယမန်နေ့က ဟိုတယ် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သော စီးပွားရေး ဆိုင်ရာ ဆွေးနွေး ဟောပြောပွဲတွင် ၎င်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတော်မှ တကယ် အောင်မြင်နေတဲ့ သူတွေဟာ တစ်နေ့ကို အိပ်ချိန်တအား နည်းတယ်။ သူတို့မှာ Sunday ဆိုတာ မရှိသလောက် ရှားတယ်။ ဒီမှာက အားနေ အိပ်နေကြတာ။ ပြီးတော့ ရုံးပိတ်ရက်က မြန်မာပြည်မှာ တစ်နှစ်ကို ရက်ပေါင်း (၁၂၀) လောက်ကို ရှိနေတာ ဆိုးတယ် ဟု ဆရာ ဦးတင်ဇံကျော် က ဆက်ပြောသည်။

အဆိုပါ ဟောပြောပွဲတွင် ပါဝင် ဟောပြောသည့် နိုင်ငံတော် သမ္မတ အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောကြား ရာတွင် စွန့်ဦး တီထွင် လုပ်ငန်း (အသေးစား လုပ်ငန်း) များ လုပ်ကိုင်မည့် လူငယ် များအား နိုင်ငံတော် အနေဖြင့် အခွန်အခများ၊ လုပ်ငန်း ဆိုင်ရာ လိုင်စင်ကြေး များ လျှော့ချ ပေးခြင်း၊ အစိုးရ ဘဏ္ဍာရေးဖြင့် ချေးငွေ ထုတ်ချေးကာ အထောက်အပံ့ ကူညီခြင်း၊ နည်းပညာ ဆိုင်ရာ ဗဟုသုတများ တိုးပွား စေရန် နည်း ပညာ ဆိုင်ရာ ဆွေးနွေး ဟောပြောပွဲ များအား အခါအား လျော်စွာ ပြုလုပ်ပေး ခြင်းများ လိုအပ်ကြောင်း ပြောကြားသည်။ အများနဲ့ မတူတဲ့ ထူးခြားတဲ့ တီထွင်မှုတွေ လုပ်သင့်နေ ပါပြီ။ ခေတ်ကာလ ကလည်း အရင်တုန်း ကလို မဟုတ်တော့ ဘူးလေ။ အားလုံး လိုလို လမ်းပွင့်နေ ပါပြီ။ လုပ်ချင်စိတ် ကလေး တော့လို တာပေါ့။ စွန့်ဦး တီထွင် လုပ်တာများတဲ့ နိုင်ငံက ပိုတိုးတက်သွား တာပဲ ဟု ၄င်းက ဆက်ပြောသည်။

ယနေ့အချိန်တွင် မြန်မာ အထည်ချုပ် စက်ရုံ တစ်ရုံရှိ အဖွဲ့တစ်ဖွဲ့လျှင် ၀န်ထမ်း အင်အား (၁၀၀) ခန့်၏ လုပ်အားကြောင့် အထည် ထွက်နှုန်း မှာ တစ်နေ့လျှင် (၄၀၀) ရှိကြောင်း၊ ဗီယက်နမ် နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင်မူ အဖွဲ့ တစ်ဖွဲ့လျှင် ၀န်ထမ်း (၇၀) ခန့်ရှိကာ တစ်နေ့လျှင် အထည် ထွက်နှုန်း (၇၀၀) ထွက်ကြောင်း၊ ထို့ကြောင့် တစ်ကမ္ဘာလုံး၏ အထည်မှာ ယူနှုန်းမှာ ဗီယက်နမ် နိုင်ငံက မြင့်တက် နေခြင်း ဖြစ်ကြောင်း မြန်မာ နိုင်ငံရှိ ၀န်ထမ်းများ၏ ရုံးပိတ်ရက် များမှာ များပြားနေ သောကြောင့် စီးပွားရေး ဆိုင်ရာတွင် အခွင့်အလမ်းများ နည်းသွားကြောင်း ဆရာ ဦးတင်ဇံကျော် က ပြော သည်။

Messenger News Journal

1 comment:

  1. ဟုတ်ကဲ့ လုပ်ခလစာနည်းတာလဲ ထည့်ပြောသင့်ပါတယ်

    ReplyDelete