Monday 19 January 2015

အကြမ်းဖက်အဖွဲ့အစည်း အသုံးပြုသည်ဟုဆိုသည့် တံဆိပ်ကပ်မော်တော် ယာဉ်ပိုင်ရှင်အား အင်းစိန်ထောင်ပို့

အကြမ်းဖက်အဖွဲ့ အစည်းအသုံးပြုသည်ဟုဆိုသည့် တံဆိပ် ကပ်၍ မော်တော် ယာဉ်ကို မောင်းနှင်သော အစ္စလာမ်လူမျိုး တာမွေမြို့နယ်နေသူတစ် ဦးကို လူမျိုးတစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခ ဖြစ်ပွားစေရန် လုပ်ဆောင်သည်ဟုဆိုကာ ပုဒ်မ ၅ဝ၅(ခ)(ဂ) ဖြင့်အမှုဖွင့်ပြီး ဇန်နဝါရီ ၁၆ ရက်က အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ မြို့နယ် မှူး ရဲမှူးခင်မောင်မြက ပြော သည်။ဖမ်းဆီးခံရသူမှာ တာမွေကြီး(က) /(ဂ)ရပ်ကွက် ၁၅၉ လမ်းနေသူ အဆိုပါ ယာဉ်ပိုင်ရှင် ချစ်ကိုကို(ခ)အွတ်စမန်း ၃၈ နှစ်ဖြစ်ပြီး ¤င်းသည် အဆိုပါ စာတန်းတံ ဆိပ်ကပ်ထားသော တိုယိုတာအနက်ရောင် မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့တွင်း သွား လာနေသောကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံ ရခြင်းဖြစ်သည်ဟု သိရသည်။

တာမွေမြို့နယ်ရဲစခန်းမှ မြို့နယ် မှူး ရဲမှူးခင်မောင်မြက ''ဇန်နဝါရီ ၁၆ရက် နံနက်ပိုင်းက ချုပ်ရက်ရမန်ယူပြီး အင်းစိန် ထောင်ကို ပို့လိုက်ပြီ။ သူ့မော်တော် ယာဉ်မှာ အသုံးပြုခဲ့တဲ့ တံဆိပ်က ဆော်ဒီအာရေဗျ နိုင်ငံကအသုံးပြုတဲ့ တံဆိပ်တွေထဲမှာပါတယ်။ သူတို့ဘာသာရေးအဖွဲ့အစည်း အသုံးပြုတဲ့ တံဆိပ်တစ်ခုလဲဖြစ်သလို အကြမ်းဖက်အဖွဲ့ အစည်းတွေအသုံးပြုတဲ့ တံဆိပ်လဲဖြစ်တယ်။ ယာဉ်ပိုင်ရှင်တစ်ယောက်တည်းကိုပဲ ချုပ်ရက် ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တာ ပါ။ မော်တော်ယာဉ်ကိုတော့ ကျွန်တော်တို့ တာမွေရဲစခန်းမှာ ထိန်းသိမ်းထားတာမရှိ ပါဘူး''ဟု ပြောသည်။
ဇန်နဝါရီ ၁၄ ရက်က တိုယိုတာ အနက်ရောင် ယာဉ်တစ်စီးသည် အကြမ်း ဖက်အဖွဲ့အစည်းများ အသုံးပြုလေ့ရှိသည့် ယင်းအမှတ်တံဆိပ်ပါ စာတန်းကို ကပ်ကာ ရန်ကုန်မြို့အတွင်း မောင်းနှင်သွားလာနေ သည်ကို တွေ့ရသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ က ယာဉ်ပိုင်ရှင်လိပ်စာအား စုံစမ်းပြီး ယာဉ် ထိန်းရဲရုံးသို့ ခေါ်ဆောင်ကာ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment