Monday 19 January 2015

မဘသအဖွဲ့တွင် မည်သည့်ရာထူးမျှ ယူမထားတော့သော်လည်း လုံးဝပတ်သက်မှုမရှိဆိုခြင်းကတော့မဟုတ်ကြောင်း သီတဂူဆရာတော်မိန့်ကြား


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့တွင် မည် သည့်ရာထူးမျှ ထမ်းဆောင်တော့ခြင်းမရှိ သည်မှာ မှန်ကန်သော်လည်း အသင်းနှင့် လုံးဝပတ်သက်မှုမရှိတော့ဟုဆိုခြင်းမှာ မဟုတ်ကြောင်း သီတဂူဆရာတော် အရှင် ဥာဏိဿရက ဖလားဝါးနယူးစ်သို့ မိန့် ကြားသည်။

''ကြေညာချက်ထုတ်ခိုင်းတာ က ကိုယ်တော်ကိုယ်တိုင်ထုတ်ခိုင်းလိုက် တာ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးဘာ ရာထူးကိုမှ ရယူထားတာမရှိတော့ဘူး။ ဒါပေမဲ့လုံးဝမပတ်သက်တာတော့ မဟုတ် ပါဘူး။ မျိုးချစ်စိတ်နဲ့ပတ်သက်ရင် ကိုယ် တော်လဲသွေးမနည်းပါဘူး''ဟု သီတဂူဆရာ တော်က ဖလားဝါးနယူးစ်သို့ မိန့်ကြားသည်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဇန်နဝါရီ ၁၃ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက် တွင် ဆရာတော်အနေဖြင့် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များအဖွဲ့ ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေ သလို သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာ ပြုအဖွဲ့၏ အဓိပတိ၊ မန္တလေးမလွန်ဆန် လှူအသင်း သြဝါဒါစရိယ၊ ရန်ကုန်အဘိ ဓမ္မာပြန့်ပွားရေးအသင်း သြဝါဒါစရိယ စသည့် အဖွဲ့များမှတစ်ပါး မည်သည့်လူမှု ရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံ ရေးအသင်းအဖွဲ့များမှာ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးစသည့်တာဝန်များ ထမ်းဆောင်ခြင်းမရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ကြေညာချက်ထုတ်ပြန် ပြီးနောက်ပိုင်း မဘသအဖွဲ့ဘက်မှ သီတဂူ ဆရာတော် အနေဖြင့် မဘသ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် အကျိုးဆောင်ဆဲဖြစ်ကြောင်း ပြန်လည်ပြောကြားသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

‪TheFlowerNews‬
Yangon Media Group

No comments:

Post a Comment