Monday 19 January 2015

ယူရေနီယံသတ္တုသိုက်တွေ့ရှိထားဟု ဦးတေဇ သတင်းစာရှင်း

စစ်အစိုးရလက်စီးပွါးရေးလုပ်ငန်းရှင်ဖြစ်သူခရိုနီဟုအများကခေါ်ဝေါ်ခြင်းခံရသော ဦးတေဇက ယူရေနီယံ သတ္တုသိုက်ကို တွေ့ရှိထားကြောင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှု များပြုလုပ်ပါက နိုင်ငံတော်အတွက် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် ၄င်း၏ အင်းယားလမ်းနေအိမ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
အဆိုပါသတ္တုသိုက်သည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းတွင် ရှိနေပြီး ဒေသခံ အမျိုးသား နှစ်ဦးက လွန်ခဲ့သော ၁၀ ရက်ကျော်ကတွေ့ရှိရာမှ ဦးတေဇထံဆက်သွယ်အပ်နှံကြောင်း၊ ဦးတေဇ က ယင်း သတ္တုများကို ထူးဆန်းသော သတ္တုအဖြစ်လက်ခံပြီး စမ်းသပ်ဓါတ်ခွဲရာမှ ယူနေနီယံဟု သိရကြောင်း၊ ပြီးခဲ့သည့်တစ်ပတ်က မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌါနသို့ အပ်နှံပြီးဖြစ်ကြောင်း၊နောက်ထပ်လည်း ရှာဖွေတူးဖေါ်ကာ အစိုးရကို အပ်နှံရန်ရှိကြောင်း သိရသည်။

ယခုအခါ ဦးတေဇသည် ယူရေနီယံသတ္တုကြောင့် ဓါတ်ရောင်ခြည်သင့်နေကြောင်း၊ထို့ကြောင့် ကျန်းမာရေး အခြေအနေမကောင်းကြောင်း၊အဆိုပါသတ္တုကြောင့် ဦးတေဇ၏၀န်ထမ်းအချို့နှင့်သတ္တုတွေ့ရှိသူတို့လည်း ဓါတ်ရောင်ခြည် သင့်နေကြောင်းသတင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် နိုဝင်ဘာလပိုင်း ကကျင်းပခဲ့သော ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှော ဖလှယ်ပွဲ ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း မှ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသရှိ ပင်းပက်တောင် ဝန်းကျင်ဒေသတွင် စစ်အစိုးရက ယူရေနီယံရှာဖွေ တူးဖော်ကြောင်း၊ ယူရေနီယံ သန့်စင် စက်ရုံ တည်ဆောက်နေမှု ကြောင့် အနီးပတ်ဝန်း ကျင်မှ ရွာသားများ အရေပြားရောဂါ ခံစားနေရပုံအကြောင်းကို ဂျပန်အစိုးရဝန်ကြီးများ၊ ဂျပန် လွှတ်တော် ကိုယ်စားလှယ် များနှင့် ဂျပန်သတင်းမီဒီယာများအား ဓာတ်ပုံ ဆလိုက်ရှိုးများဖြင့် တင်ပြခဲ့ ဖူးသေးသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment