Monday 19 January 2015

"KIA အဖွဲ့မှ ဖားကန့်-မိုးကောင်း နှင့် ဖားကန့်မြို့အ၀င်အထွက် တံတားများအား မိုင်းထောင်ဖောက်ခွဲသဖြင့် မော်တော်ကားများ သွားလာနိုင်ခြင်းမရှိတော့"


ဇန်နဝါရီ (၁၇) ရက်နေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အရှည် ၂၀ ပေ၊ အကျယ် ၁၂ ပေ၊ သစ်သားတံတား ၁ စင်းအား လည်းကောင်း၊၅ နာရီခန့်တွင် အရှည် ၂၄ ပေ၊ အကျယ် ၁၇ ပေ၊ ကွန်ကရစ် တံတား ၁ စင်းနှင့် အရှည် ၂၁ ပေ၊ အကျယ် ၁၄ ပေ၊ ကွန်ကရစ်တံတား ၁ စင်း စုစုပေါင်းတံတား ၃ စင်းအား နန့်ဟိုင်-ကာမိုင်းလမ်းပိုင်းပြုပြင်နေသည့် အောင်မြင့်ကြိုင်ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်မှ ယာဉ်မောင်းအား သေနတ်ထောက် အကြပ်ကိုင်ပြီး ဖျက်ဆီးခိုင်းစေခဲ့ရာ ပျက်စီး သွားခဲ့ကြောင်းသိရှိရပါသည်။

ဇန်နဝါရီ ၁၇ရက်နေ့ ညနေ ၃ နာရီခန့်တွင်လည်း မိုးကောင်းမြို့နယ်၊ ၈မိုင်လမ်းဆုံ၏ အနောက်မြောက် ဘက် ၁ မိုင် ၃ ဖာလုံခန့်အကွာ မိုးကောင်း-ဖားကန့်သွားကားလမ်း မိုင်တိုင် အမှတ်(၉/၃)၊ တံတားအမှတ်(၁/၁၀) အရှည် ၆၀ ပေ၊အကျယ် ၁၂ ပေရှိ ဘေလီသံဘောင်တံတား (ပါဟုတ်ချောင်းကူး တံတား)အား ကေအိုင်အေအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ကျွမ်း ပျက်စီး သွားခဲ့ကြောင်း သိရှိရပါသည်။

၎ နာရီခွဲ အချိန်ခန့်တွင်လည်း ၎င်းတံတား၏ အနောက်မြောက်ဘက် ၄ ဖာလုံခန့်အကွာ မိုးကောင်း-ဖားကန့်သွားကားလမ်း မိုင်တိုင်အမှတ်(၉/၇)၊ တံတားအမှတ်(၂/၁၀)၊ အရှည် ၃၀ ပေ၊အကျယ် ၁၂ ပေရှိ ဘေလီသစ်သားတံတား(၁၀မိုင်ချောင်းကူးတံတား)အား အဆိုပါ KIA အဖွဲ့မှ ထပ်မံမီးရှို့ခဲ့သဖြင့် မီးလောင်ကျွမ်းသွားခဲ့ပြီး မိုးကောင်း-ဖားကန့် သွားလာလျက်ရှိသော မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ကြောင်း သိရှိရပါတယ်။

မြစ်ကြီးနားသတင်းများ

No comments:

Post a Comment