Monday 19 January 2015

RCSS/SSA အဖွဲ့က ဒေသခံရွာသားများထံမှ စားနပ်ရိက္ခာများ အတင်းအကြပ်တောင်းခံ

Photo: RCSS/SSA အဖွဲ့က ဒေသခံရွာသားများထံမှ စားနပ်ရိက္ခာများ အတင်းအကြပ်တောင်းခံ
Monday, January 19, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ လွိုင်ကုန်ကျေးရွာသို့ ဇန်န၀ါရီလ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့များ ရောက်ရှိလာပြီး စားနပ်ရိက္ခာများ ပေးရန် ပြောဆိုသွားကြောင်း ယင်းဒေသခံရွာသားတစ်ဦးထံမှ သတင်းရရှိသည်။
“သူတို့ရောက်လာတာ ညကြီးဗျ။ လူတိုင်း သေနတ်ပါတယ်။ သူတို့အတွက် တစ်အိမ်ကို ဆန်တစ်ပြည်နဲ့ အမဲသားခြောက် ၁ ပိဿာစီ ပေးရမယ်တဲ့။ နောက် ၅ ရက်နေရင် ပြန်လာယူမယ်တဲ့။ ဒီအဖွဲ့က ကျွန်တော်တို့ရွာကို ကြုံရင် ကြုံသလို ရောက်ရောက်လာပြီး တစ်ခုခု အမြဲတမ်းတောင်းတယ်” ဟု ယင်းရွာက ရပ်မိရပ်ဖ တစ်ဦးမှ ဆိုသည်။

အဆိုပါအဖွဲ့သည် ရွာထဲသို့ ညအချိန်မတော် ရောက်ရှိလာပြီး စားနပ်ရိက္ခာတစ်ချို့ကို တောင်းကာ အစိုးရစစ်ကြောင်း ရွာထဲသို့ ၀င်/မ၀င် မေးမြန်းသွားကြောင်း ရိက္ခာများ ပေးလိုက်ရသော ရွာသားတစ်ဦးထံမှ သိရှိရသည်။

“ကျွန်တော့်အိမ်က ရွာအစွန်နည်းနည်းကျတယ်။ သူတို့ ရောက်လာတဲ့အချိန်က ညဆိုတော့ ကျွန်တော်တို့က အိပ်နေပြီ။ အဲ့ဒါ အော်ကြီးဟစ်ကျယ်နဲ့ တံခါးတွေ အတင်းလှုပ်တယ်။ ပြီးတော့ ကျွန်တော့်ဆီက ဆန်တွေ ယူသွားတယ်။ ကြက် ၂ ကောင်လည်း ယူသွားတယ်။ အစိုးရစစ်ကြောင်း လာသေးလား လို့လည်း မေးသွားတယ်” ဟု အဆိုပါရွာသားမှ ပြောသည်။

RCSS/SSA အဖွဲ့သည် ကွန်ဟိန်းမြို့နယ်ရှိ ကျေးရွာများအပေါ် လွှမ်းမိုးမှုများရှိနေပြီး ထိုကျေးရွာများသို့ အခါအားလျော်စွာ ရောက်ရှိလာတတ်ပြီး လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း နှင့် စားနပ်ရိက္ခာတောင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း ကွန်ဟိန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
RCSS/SSA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားပြီးဖြစ်၍ ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေသော လုပ်ရပ်များ မပြုလုပ်သင့် ကြောင်း လွှတ်တော်အမတ်တစ်ဦးမှ ပြောကြားသွားသည်။

ခမ်းခမ်း
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ လွိုင်ကုန်ကျေးရွာသို့ ဇန်န၀ါရီလ ၁၇ ရက် နေ့ ည ၁၀ နာရီခွဲခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/ SSA) အဖွဲ့များ ရောက်ရှိလာပြီး စားနပ်ရိက္ခာများ ပေးရန် ပြောဆိုသွားကြောင်း ယင်းဒေသခံရွာသား တစ်ဦးထံမှ သတင်းရရှိသည်။

“သူတို့ရောက်လာတာ ညကြီးဗျ။ လူတိုင်း သေနတ်ပါတယ်။ သူတို့အတွက် တစ်အိမ်ကို ဆန်တစ်ပြည်နဲ့ အမဲသားခြောက် ၁ ပိဿာစီပေးရမယ်တဲ့။ နောက် ၅ ရက်နေရင်ပြန်လာယူမယ်တဲ့။ ဒီအဖွဲ့က ကျွန်တော်တို့ ရွာကို ကြုံရင် ကြုံသလို ရောက်ရောက်လာပြီး တစ်ခုခု အမြဲတမ်းတောင်းတယ်” ဟု ယင်းရွာက ရပ်မိရပ်ဖ တစ်ဦးမှ ဆိုသည်။

အဆိုပါအဖွဲ့သည် ရွာထဲသို့ ညအချိန်မတော် ရောက်ရှိလာပြီး စားနပ်ရိက္ခာတစ်ချို့ကို တောင်းကာ အစိုးရ စစ်ကြောင်း ရွာထဲသို့ ၀င်/မ၀င် မေးမြန်းသွားကြောင်း ရိက္ခာများ ပေးလိုက်ရသော ရွာသားတစ်ဦးထံမှ သိရှိရသည်။

“ကျွန်တော့်အိမ်က ရွာအစွန်နည်းနည်းကျတယ်။ သူတို့ ရောက်လာတဲ့အချိန်က ညဆိုတော့ ကျွန်တော် တို့ကအိပ်နေပြီ။ အဲ့ဒါ အော်ကြီးဟစ်ကျယ်နဲ့ တံခါးတွေ အတင်းလှုပ်တယ်။ ပြီးတော့ ကျွန်တော့်ဆီက ဆန် တွေယူသွားတယ်။ ကြက် ၂ ကောင်လည်း ယူသွားတယ်။ အစိုးရစစ်ကြောင်းလာသေးလားလို့လည်း မေးသွားတယ်” ဟု အဆိုပါရွာသားမှ ပြောသည်။

RCSS/SSA အဖွဲ့သည် ကွန်ဟိန်းမြို့နယ်ရှိ ကျေးရွာများအပေါ် လွှမ်းမိုးမှုများရှိနေပြီး ထိုကျေးရွာများသို့ အခါ အားလျော်စွာ ရောက်ရှိလာတတ်ပြီး လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် စားနပ်ရိက္ခာ တောင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း ကွန်ဟိန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

RCSS/SSA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားပြီးဖြစ်၍ ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုး ဖြစ်စေသောလုပ်ရပ်များ မပြုလုပ်သင့် ကြောင်း လွှတ်တော်အမတ်တစ်ဦးမှ ပြောကြားသွားသည်။

ခမ်းခမ်း
Credit >>> Shan News

No comments:

Post a Comment