Monday 19 January 2015

ကော်သူးလေတပ်ဖွဲ့ကို ၂၀၁၆ မှသာရာထူးနေရာခွဲဝေ သတ်မှတ် မှုပြုလုပ်နိုင်မည်ဟု ဆို

Photo: ကော်သူးလေတပ်ဖွဲ့ကို ၂၀၁၆ မှသာရာထူးနေရာခွဲဝေ သတ်မှတ် မှုပြုလုပ်နိုင်မည်ဟု ဆို
Monday, January 19, 2015

ကရင်တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပါဝင်သော ကော်သူးလေတပ်ဖွဲ့ (Kawthoolei Armed Forces -KAF)ကို ၂၀၁၆ ခုနှစ် မှသာ ရာထူးနေရာခွဲဝေ သတ်မှတ်မူပြုလုပ်နိုင်မည်ဟု ဒီမိုကရေစီအကျိုးပြုကရင်ပြည်သူ့တပ်ဖွဲ့
(DKBA) က ယနေ့တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်၍ပြောသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကကြေညာချက်ထုတ်ပြန် ကာဖွဲ့စည်းခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင်ပေါင်း စုံပါဝင်သော ကော်သူးလေတပ်ဖွဲ့တွင်လက်ရှိ၌ DKBA
တပ်ဖွဲ့ သာ ပါ ၀င်ပြီး ကျန် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်၍ ခေါင်းဆောင်နှင့်နေရာနှင့်ရာထူးများခန့်ထားရေးကို ၂၀၁၆ မှသာ ညီလာခံပြုလုပ်ခန့်ထားနိုင်မည်ဟု DKBA မှဒုတိယစစ်ဦး
စီးချုပ် ဗိုလ်ချုပ်စောမိုရှေးကပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲကို နံနက် ၁၁ နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ် ရှိချမ်းသာရွှေပြည်အိမ်ရာ တွင်ကျင်းပခဲ့ပြီး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်နှင့် ဒုစစ်ဦးစီးချုပ်၊ ဆက်ဆံရေးအရာ ရှိ ဦးစောမောင်လေး တို့က မီဒီယာများ၏မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

Popular News
ကရင်တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပါဝင်သော ကော်သူးလေတပ်ဖွဲ့ (Kawthoolei Armed Forces -KAF)ကို ၂၀၁၆ ခုနှစ် မှသာ ရာထူးနေရာခွဲဝေ သတ်မှတ်မူပြုလုပ်နိုင်မည်ဟု ဒီမိုကရေစီ အကျိုးပြုကရင်ပြည်သူ့တပ်ဖွဲ့ (DKBA) က ယနေ့တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်၍ပြောသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကကြေညာချက်ထုတ်ပြန် ကာဖွဲ့စည်းခဲ့သော ကရင်တိုင်း ရင်းသား လက်နက်ကိုင်ပေါင်း စုံပါဝင်သော ကော်သူးလေတပ်ဖွဲ့တွင်လက်ရှိ၌ DKBA တပ်ဖွဲ့ သာ ပါဝင်ပြီး ကျန် ကရင်တိုင်းရင်းသားလက်နက်ကိုင်များပါဝင်၍ ခေါင်းဆောင်နှင့်နေရာနှင့်ရာထူးများခန့်ထားရေးကို ၂၀၁၆ မှသာ ညီလာခံပြုလုပ်ခန့်ထားနိုင်မည်ဟု DKBA မှဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေး က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲကို နံနက် ၁၁ နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ် ရှိချမ်းသာ ရွှေပြည် အိမ်ရာ တွင်ကျင်းပခဲ့ပြီး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်နှင့် ဒုစစ်ဦးစီးချုပ်၊ ဆက်ဆံရေးအရာရှိ ဦးစောမောင်လေး တို့က မီဒီယာများ၏မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

Popular News

No comments:

Post a Comment