Monday 13 October 2014

ဆိုင်ကလုန်း မုန်တိုင်း ဟွဒ်ဟွဒ်ကြောင့် ပဲဈေးတက်

အိန္ဒိယနိုင်ငံသို့ ဆိုင်ကလုန်း မုန်တိုင်း ဟွဒ်ဟွဒ်ဝင်ရောက်လျှင် ရိတ်သိမ်းေ နသော ပဲများပျက်စီးမှုရှိနိုင် ၍ မြန်မာပဲကို အိန္ဒိယပဲကုန်သည်များ  ပြန်ဝယ်ယူလာသောကြောင့် ပြည်တွင်း ဈေးကွက်တွင် ပဲဈေးနှုန်း ပြန် တက် လာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်းမှ သတင်းရရှိသည်။
‘‘သူတို့ကလိုအပ်ချက်ရှိလို့ ပြန်ဝယ်တယ်။ သူတို့ပြန်ဝယ် တော့ ပြည်တွင်း မှာ ဈေးတက်တာ ပေါ့’’ဟု ပဲနှမ်း အသင်းအတွင်းရေး မှူး ဦးမင်းကိုဦးက ပြောကြား သည်။

ပြည်တွင်းဈေးကွက်တွင် အိန္ဒိယသို့ အဓိကတင်ပို့နေသော မတ်ပဲနှင့် ပဲတီစိမ်းမှာ စက်တင်ဘာလ လယ်မှ စတင်၍ ဈေးနှုန်းများ ထိုးကျခဲ့သည်။

‘‘အခြေအနေ ကောင်းလာပြီ။ ရှေ့ဆက်ဈေးကတော့ ထပ်ကျမယ့်အလားအလာမရှိနိုင်ဘူး’’ ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲ ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိ ပြည်တွင်းဈေးကွက် တွင် အိန္ဒိယနိုင်ငံသို့ အဓိကတင် ပို့နေသော မတ်ပဲမှာ တစ်တန်လျှင်ကျပ် ၇၃၀,၀၀၀ ၀န်းကျင်ရှိပြီး၊ ပဲစင်းငုံမှာ ကျပ် ၇၁၅,၀၀၀ ၀န်း ကျင်ရှိသည်။ ယင်းပဲနှစ်မျိုးမှာ ယခုလဆန်းတွင် တစ်တန် လျှင် ကျပ် ၆၇၀,၀၀၀ ၀န်းကျင်ထိ ဈေးကျခဲ့ပြီး  အိန္ဒိယနိုင်ငံ အ၀ယ်ကြောင့် ပြန်တက် လာခြင်း ဖြစ် သည်။

အဆိုပါပဲနှစ်မျိုးသည် သြ ဂုတ်တွင် တစ်တန်လျှင် ကျပ် ၈၅၀,၀၀၀ ကျော် အထိ ဈေးမြင့်ခဲ့ သည်။

7Day DAILY

No comments:

Post a Comment