Monday 13 October 2014

ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံ (ခ) ကန်တော်မင်္ဂလာပန်းခြံ ဟု ခေါ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားလိုက်ပြီဟုဆို

Photo: ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံ (ခ) ကန်တော်မင်္ဂလာပန်းခြံ ဟု ခေါ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားလိုက်ပြီဟုဆို
Monday, October13, 2014

ရန်ကုန်၊ စက်တင်ဘာ ၁၂- နှစ်ပေါင်း ၆ဝကျော် ကန်တော်မင်္ဂလာပန်းခြံ အဖြစ် သတ်မှတ်ခံခဲ့ရသည့် ပန်းခြံကို ဦးဥတ္တမပန်းခြံ (ခ)ကန်တော်မင်္ဂလာ ပန်းခြံဟု ခေါ်တွင်ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

မြန်မာ့လွတ်လပ်ရေးမီးရှူး တန်ဆောင် ဆရာတော်တော်တစ်ပါး ဖြစ်သည့် ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမ ပန်းခြံအဖြစ် အမည်တွင်ခဲ့ဖူးသည့် ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် အမည်ပြောင်းလဲသတ် မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြထားသည်ဟု သတင်း များကြားသိရသဖြင့် နိုင်ငံတော်သမ္မတ ရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် သမိုင်းဆိုင်ရာ အချက်အလက်များကို စိစစ်ပြီး ဦးဥတ္တမပန်းခြံ(ခ)ကန်တော် မင်္ဂလာပန်းခြံအဖြစ် ခေါ်တွင်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါအကြီးတန်း အရာရှိက ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ကန်တော်မင်္ဂလာပန်းခြံ ကို ဦးဥတ္တမပန်းခြံအဖြစ် အမည် ပြန်လည်ပြောင်းပေးဖို့ တင်ပြလာ တယ်။ တင်ပြတဲ့နေရာမှာ သမိုင်း ကြောင်းအထောက်အထားတွေနဲ့ပြ တယ်။ ဒါကြောင့်နိုင်ငံတော်သမ္မတ ကြီးက ဒီသမိုင်းကြောင်းအထောက် အထားတွေအတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပန်းခြံရဲ့သမိုင်းကြောင်း နဲ့ ပတ်သက်ပြီးတော့ တင်ပြခိုင်း တယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ကတင်ပြတဲ့အချက်အလက် တွေနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့တင် ပြတဲ့အချက်အလက်တွေကို သေချာ စိစစ်ပြီးတော့မှ ဦးဥတ္တမပန်းခြံ(ခ) ကန်တော်မင်္ဂလာပန်းခြံအဖြစ် ခေါ် တွင်ဖို့ ညွှန်ကြားခဲ့ခြင်းဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးကဖြေကြားခဲ့သည်။

ကန်တော်မင်္ဂလာပန်းခြံကို ဦး ဥတ္တမပန်းခြံအဖြစ် သတ်မှတ်ပေးရန် တင်ပြထားသည်မှာ မှန်ကန်ကြောင်း နှင့် အမည်ပြောင်းလဲသတ်မှတ်ရန် အတွက် ညွှန်ကြားချက်မှာ မရောက် ရှိလာသေးကြောင်း၊ ရောက်ရှိလာ ပါက ချက်ချင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

နယ်ချဲ့ဆန့်ကျင်ရေးတရား များကိုဟောကြားပြီး မြန်မာလူမျိုးတို့ ၏ အမျိုးသားရေးစိတ်ဓာတ်ကို နိုး ကြားစေခဲ့သော ဆရာတော်ဦးဥတ္တမ သည် ၁၉၃၉ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့ပြီး ဆရာ တော်ပျံလွန်သည့်နေ့ကို ထိုစဉ်အချိန် က ပြည်သူ့လွှတ်တော်မှ ဦးဥတ္တမနေ့ အဖြစ် တရားဝင်ကြေညာခဲ့ပြီးရွှေတိဂုံ ဘုရားတောင်ဘက်မုခ်အနီးရှိ ကန် တိုမင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ၁၉၆၁ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် သတ်မှတ်ပေးခဲ့သော်လည်းတော်လှန် ရေးကောင်စီအစိုးရလက်ထက်တွင် ကန်တိုမင်ပန်းခြံအဖြစ် ပြန်လည်ပြောင်း လဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံ ကျမ်းအတွဲ၁၅ပါ နိုင်ငံတော်သမိုင်း မှတ်တမ်းအရ သိရသည်။

''၁၉၈၉ ခုနှစ်တပ်မတော်အ စိုးရလက်ထက်မှာ ရန်ကုန်မြို့မှာရှိ တဲ့ အင်္ဂလိပ်အမည်တွေနဲ့လမ်းတွေ ကို မြန်မာမှုပြုတဲ့အချိန်မှာကန်တိုမင် ပန်းခြံကို ကန်တော်မင်္ဂလာပန်းခြံအ ဖြစ် အမည်ပြောင်းခဲ့တာ။ အရင်က ဒီနေရာက အင်္ဂလိပ်စစ်တပ်တွေနေ တဲ့နေရာလို့လဲ သိရပါတယ်''ဟု အငြိမ်း စားဗိုလ်မှူးတစ်ဦးက ပြောသည်။

''နိုင်ငံတော်အစိုးရက ဒီလိုဆုံး ဖြတ်လိုက်တာကြိုဆိုပါတယ်။ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို အများကြီးအထောက်အကူပြုစေပါ တယ်။ သမိုင်းမှာ အထင်အရှားရှိခဲ့ တာကို ဖျောက်ဖျက်ခဲ့ပြီး အခုအချိန် မှာပြန်လည်သတ်မှတ်ပေးဖို့ဆုံးဖြတ် တာကွှ့ငမွျှိလေန ပြောင်းလဲမှု အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက် တစ်ခုကို ဆုံးဖြတ်လိုက်တာပါ။ ပန်း ခြံထဲမှာဆရာတော်ဦးဥတ္တမအမှတ် တရတွေလုပ်ဖို့ပဲ တဖြည်းဖြည်းစီစဉ် သွားရမှာပေါ့'' ဟု ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးဦးဇော်အေးမောင် က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြောကြားခဲ့သည်။ 

နိုင်ငံရေးအပြောင်းအလဲတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် ဆရာ တော်ဦးဥတ္တမကို ဂုဏ်ပြုသောအား ဖြင့် ယင်းကဲ့သို့ သတ်မှတ်ရသည်မှာ နိုင်ငံတော်အစိုးရ၏ မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းနှင့် ယင်းသို့သတ်မှတ်လိုက်ခြင်းကြောင့် ပြည်သူများအကြား အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာစေပြီး နိုင်ငံရေးအပြောင်းအလဲအတွက် အထောက်အကူပြုနိုင်ကြောင်း အင်္ဂ လန်နိုင်ငံတွင် နိုင်ငံရေးသိပ္ပံပညာရပ် ဒီပလိုမာသင်တန်းတက်နေသည့် ဦး မင်းမင်းလတ်က သုံးသပ်သည်။

''ဆရာတော်ဦးဥတ္တမက မြန်မာ နိုင်ငံသမိုင်းမှာ ပထမဆုံး နိုင်ငံတော် အကြည်အညို ပျက်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲခံရသူတစ်ယောက် လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံကို အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်ရာမှာ စံနှုန်းတွေ၊ စံပြပုဂ္ဂိုလ်တွေရှိဖို့ လိုပါတယ်။ နိုင်ငံ တကာမှာဆိုရင် သူတို့နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်သူတွေကို စံပြပုဂ္ဂိုလ်တွေအဖြစ်အသိအမှတ်ပြု ပြီးလမ်းတွေ၊ တံတားတွေ၊ အဆောက် အအုံတွေကို နာမည်တွေသတ်မှတ် ပေးပြီး ဂုဏ်ပြုထားကြပါတယ်။ မြန်မာ့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းချိန်ကနေ ဒီနေ့ ဒီမိုကရေစီခေတ်အထိ စံထား လို့ရတဲ့ လူပုဂ္ဂိုလ်တွေအများကြီးရှိ ပေမယ့် အသိအမှတ်ပြုဂုဏ်ပြုတာ မျိုးအားနည်းနေတာ တွေ့ရပါတယ်'' ဟုဦးမင်းမင်းလတ်က သုံးသပ်သည်။

ကန်တော်မင်္ဂလာပန်းခြံကို ရန်ကုန်မြို့တော်စည်ပင်မှ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို လုပ် ဆောင်နေ၍ ယခင်ကထက် ပိုမို ကောင်းမွန်လာသော်လည်း ပန်းခြံ အတွင်းသို့ လာရောက်သူအချို့မှာ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းနှင့် ကွမ်း တံတွေးများထွေးခြင်းများရှိနေကြောင်း ပန်းခြံသို့တစ်လလျှင် နှစ်ကြိမ်ခန့် သွားရောက်အပန်းဖြေသည့် ကိုစိုင်း သီဟက ပြောသည်။

''လွတ်လပ်ရေးအတွက် ဘယ် လိုကြိုးပမ်းခဲ့သလဲ၊ ဘယ်လိုအရေး ကြီးခဲ့လဲဆိုတာ လူငယ်တွေကြားမှာ လိုက်မေးကြည့်မယ်ဆို နာမည်ကို တော့ ကြားဖူးပေမယ့် သမိုင်းကိုတော့ ပြောနိုင်သူနည်းပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲမသိပါဘူး။ တကယ်လို့ သမိုင်းကို သေသေချာချာသိကြမယ် ဆိုရင် ဆရာတော်ကိုဂုဏ်ပြုထားတဲ့ ပန်းခြံမှာ စည်းကမ်းမဲ့တာမျိုးတွေ လျော့ကျသွားမယ်ထင်ပါတယ်။ ပန်း ခြံထဲလာရောက်လည်ပတ်သူတွေ လဲ သိနိုင်အောင်သမိုင်းကျောက်စာ မျိုး၊ ရုပ်တုမျိုးတွေပါလုပ်ပေးမယ် ဆိုရင် ပိုကောင်းတာပေါ့ဗျာ''ဟု ကို စိုင်းသီဟက ပြောသည်။ 

၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က ကျင်းပခဲ့သည့် (၇၄) နှစ် မြောက်ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မင်းဓမ္မ လမ်းတွင်ရှိသော ဃြဃ ခန်းမတွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ဒဂုံမြို့နယ်၊ ရွှေတိဂုံတောင်ဘက်မုခ် အနီးရှိ ကန်တော်မင်ပန်းခြံကိုဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်အမည်ပြောင်း သတ်မှတ်ပေးရန် နိုင်ငံတော်သို့ တောင်းဆိုသည့်ကြေညာချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ငယ်ထွေး(ကလေး)
Yangon Media Group
ရန်ကုန်၊ စက်တင်ဘာ ၁၂- နှစ်ပေါင်း ၆ဝကျော် ကန်တော်မင်္ဂလာပန်းခြံအဖြစ် သတ်မှတ်ခံခဲ့ရသည့် ပန်း ခြံကို ဦးဥတ္တမပန်းခြံ (ခ)ကန်တော်မင်္ဂလာပန်းခြံဟု ခေါ်တွင်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြား ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြော သည်။
မြန်မာ့လွတ်လပ်ရေးမီးရှူး တန်ဆောင် ဆရာတော်တော်တစ်ပါး ဖြစ်သည့် ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသော အားဖြင့် ဦးဥတ္တမ ပန်းခြံအဖြစ် အမည်တွင်ခဲ့ဖူးသည့် ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် အမည်ပြောင်းလဲသတ် မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြထားသည်ဟု သတင်း များကြားသိရသဖြင့် နိုင်ငံတော်သမ္မတ ရုံးသို့ ဆက် သွယ်မေးမြန်း ရာတွင် သမိုင်းဆိုင်ရာ အချက်အလက်များကို စိစစ်ပြီး ဦးဥတ္တမပန်းခြံ(ခ)ကန်တော် မင်္ဂလာပန်းခြံအဖြစ် ခေါ်တွင်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါအကြီးတန်း အရာရှိက ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ကန်တော်မင်္ဂလာပန်းခြံ ကို ဦးဥတ္တမပန်းခြံအဖြစ် အမည် ပြန် လည်ပြောင်းပေးဖို့ တင်ပြလာ တယ်။ တင်ပြတဲ့နေရာမှာ သမိုင်း ကြောင်းအထောက်အထားတွေနဲ့ပြ တယ်။ ဒါကြောင့်နိုင်ငံတော်သမ္မတ ကြီးက ဒီသမိုင်းကြောင်းအထောက် အထားတွေအတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပန်းခြံရဲ့သမိုင်းကြောင်း နဲ့ ပတ်သက်ပြီးတော့ တင်ပြခိုင်း တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ကတင်ပြတဲ့အချက်အလက် တွေနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့တင် ပြတဲ့ အချက် အလက်တွေ ကို သေချာ စိစစ်ပြီးတော့မှ ဦးဥတ္တမပန်းခြံ(ခ) ကန်တော်မင်္ဂလာပန်းခြံအဖြစ် ခေါ်တွင်ဖို့ ညွှန်ကြား ခဲ့ခြင်းဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦး ကဖြေကြားခဲ့သည်။

ကန်တော်မင်္ဂလာပန်းခြံကို ဦး ဥတ္တမပန်းခြံအဖြစ် သတ်မှတ်ပေးရန် တင်ပြထားသည်မှာ မှန် ကန်ကြောင်း နှင့် အမည်ပြောင်းလဲသတ်မှတ်ရန် အတွက် ညွှန်ကြားချက်မှာ မရောက် ရှိလာသေးကြော င်း၊ ရောက်ရှိလာ ပါက ချက်ချင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာေ ရးကော် မတီ၊ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

နယ်ချဲ့ဆန့်ကျင်ရေးတရား များကိုဟောကြားပြီး မြန်မာလူမျိုးတို့ ၏ အမျိုးသားရေးစိတ်ဓာတ်ကို နိုး ကြားစေ ခဲ့သော ဆရာတော်ဦးဥတ္တမ သည် ၁၉၃၉ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့ပြီး ဆရာ တော် ပျံလွန်သည့်နေ့ကို ထိုစဉ်အချိန် က ပြည်သူ့လွှတ်တော်မှ ဦးဥတ္တမနေ့ အဖြစ် တရားဝင်ကြေညာ ခဲ့ပြီးရွှေတိဂုံ ဘုရားတောင်ဘက်မုခ်အနီးရှိ ကန် တိုမင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ၁၉၆၁ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် သတ်မှတ်ပေးခဲ့သော်လည်းတော်လှန် ရေးကောင်စီအစိုးရလက်ထက်တွင် ကန်တိုမင်ပန်းခြံ အဖြစ် ပြန် လည်ပြောင်း လဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံ ကျမ်းအတွဲ၁၅ပါ နိုင်ငံတော်သမိုင်း မှတ်တမ်း အရ သိရ သည်။

''၁၉၈၉ ခုနှစ်တပ်မတော်အ စိုးရလက်ထက်မှာ ရန်ကုန်မြို့မှာရှိ တဲ့ အင်္ဂလိပ်အမည်တွေနဲ့လမ်းတွေ ကို မြန် မာ မှုပြု တဲ့ အချိန်မှာကန်တိုမင် ပန်းခြံကို ကန်တော်မင်္ဂလာပန်းခြံအ ဖြစ် အမည်ပြောင်းခဲ့တာ။ အရင်က ဒီနေရာက အင်္ဂလိပ်စစ်တပ်တွေနေ တဲ့နေရာလို့လဲ သိရပါတယ်''ဟု အငြိမ်း စားဗိုလ်မှူးတစ်ဦးက ပြော သည်။

''နိုင်ငံတော်အစိုးရက ဒီလိုဆုံး ဖြတ်လိုက်တာကြိုဆိုပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အများကြီး အထောက်အကူပြုစေပါ တယ်။ သမိုင်းမှာ အထင်အရှားရှိခဲ့ တာကို ဖျောက်ဖျက်ခဲ့ပြီး အခုအချိန် မှာပြန်လည်သတ်မှတ်ပေးဖို့ဆုံးဖြတ် တာကွှ့ငမွျှိလေန ပြောင်းလဲမှု အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက် တစ်ခုကို ဆုံးဖြတ်လိုက်တာပါ။ ပန်း ခြံထဲမှာဆရာတော်ဦးဥတ္တမအမှတ် တရတွေလုပ်ဖို့ပဲ တဖြည်းဖြည်း စီစဉ် သွားရမှာပေါ့'' ဟု ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးဦးဇော်အေးမောင် က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ပြောကြားခဲ့သည်။

နိုင်ငံရေးအပြောင်းအလဲတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် ဆရာ တော်ဦးဥတ္တမကို ဂုဏ်ပြုသောအား ဖြင့် ယင်းကဲ့သို့ သတ်မှတ်ရသည်မှာ နိုင်ငံတော်အစိုးရ၏ မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းနှင့် ယင်းသို့သတ်မှတ်လိုက်ခြင်းကြောင့် ပြည်သူများအကြား အမျိုးသားရေး စိတ်ဓာတ်များ နိုးကြား လာေ စပြီး နိုင် ငံရေး အပြောင်းအလဲအတွက် အထောက်အကူပြုနိုင်ကြောင်း အင်္ဂ လန်နိုင်ငံတွင် နိုင်ငံရေးသိပ္ပံ ပညာ ရပ် ဒီပလိုမာသင်တန်းတက်နေသည့် ဦး မင်းမင်းလတ်က သုံးသပ်သည်။

''ဆရာတော်ဦးဥတ္တမက မြန်မာ နိုင်ငံသမိုင်းမှာ ပထမဆုံး နိုင်ငံတော် အကြည်အညို ပျက်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲခံရသူတစ်ယောက် လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံကို အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်ရာမှာ စံနှုန်းတွေ၊ စံပြပုဂ္ဂိုလ်တွေရှိဖို့ လိုပါတယ်။ နိုင်ငံ တကာမှာဆိုရင် သူတို့နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်သူတွေကို စံပြပုဂ္ဂိုလ်တွေအဖြစ်အသိအမှတ်ပြု ပြီးလမ်းတွေ၊ တံတားတွေ၊ အဆောက် အအုံတွေကို နာမည်တွေသတ်မှတ် ပေးပြီး ဂုဏ်ပြုထားကြပါတယ်။ မြန်မာ့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းချိန်ကနေ ဒီနေ့ ဒီမိုကရေစီခေတ်အထိ စံထား လို့ရတဲ့ လူပုဂ္ဂိုလ်တွေအများကြီးရှိ ပေမယ့် အသိအမှတ်ပြုဂုဏ်ပြုတာ မျိုးအားနည်းနေတာ တွေ့ရပါတယ်'' ဟုဦးမင်းမင်းလတ်က သုံးသပ်သည်။

ကန်တော်မင်္ဂလာပန်းခြံကို ရန်ကုန်မြို့တော်စည်ပင်မှ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို လုပ် ဆောင်နေ၍ ယခင်ကထက် ပိုမို ကောင်းမွန်လာသော်လည်း ပန်းခြံ အတွင်းသို့ လာရောက်သူအချို့မှာ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းနှင့် ကွမ်း တံတွေးများထွေးခြင်းများရှိနေကြောင်း ပန်းခြံသို့တစ်လလျှင် နှစ်ကြိမ် ခန့် သွားရောက်အပန်းဖြေသည့် ကိုစိုင်း သီဟက ပြောသည်။

''လွတ်လပ်ရေးအတွက် ဘယ် လိုကြိုးပမ်းခဲ့သလဲ၊ ဘယ်လိုအရေး ကြီးခဲ့လဲဆိုတာ လူငယ်တွေကြားမှာ လိုက်မေးကြည့်မယ်ဆို နာမည်ကို တော့ ကြားဖူးပေမယ့် သမိုင်းကိုတော့ ပြောနိုင်သူနည်းပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲမသိပါဘူး။ တကယ်လို့ သမိုင်းကို သေသေချာချာသိကြမယ် ဆိုရင် ဆရာတော်ကိုဂုဏ်ပြုထားတဲ့ ပန်းခြံမှာ စည်းကမ်းမဲ့တာမျိုးတွေ လျော့ကျသွားမယ်ထင်ပါတယ်။ ပန်း ခြံထဲလာရောက်လည်ပတ်သူတွေ လဲ သိနိုင်အောင်သမိုင်းကျောက်စာ မျိုး၊ ရုပ်တုမျိုးတွေပါလုပ်ပေးမယ် ဆိုရင် ပိုကောင်းတာပေါ့ဗျာ''ဟု ကို စိုင်းသီဟက ပြောသည်။

၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က ကျင်းပခဲ့သည့် (၇၄) နှစ် မြောက်ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မင်းဓမ္မ လမ်းတွင်ရှိသော ဃြဃ ခန်းမတွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ဒဂုံမြို့နယ်၊ ရွှေတိဂုံတောင်ဘက်မုခ် အနီးရှိ ကန်တော်မင်ပန်းခြံကိုဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် မည်ပြော င်း သတ်မှတ်ပေးရန် နိုင်ငံတော်သို့ တောင်းဆို သည့်ကြေညာချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ငယ်ထွေး(ကလေး)
Yangon Media Group

No comments:

Post a Comment