Monday 13 October 2014

အရေးယူခံလိုက်ရတဲ့ တောင်ကိုရီးယား စစ်တပ်အရာရှိ

Photo: အရေးယူခံလိုက်ရတဲ့ တောင်ကိုရီးယား စစ်တပ်အရာရှိ
Monday, October13, 2014

တောင်ကိုရီးယား စစ်တပ် အရာရှိ တစ်ဦးဟာ လက်ထောက် အမျိုးသမီး စစ်တပ်အရာရှိကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်ရာက ဖမ်းဆီး
လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ တာဝန် ထမ်းဆောင် နေဆဲဖြစ်တဲ့ တိုင်းမှူး တစ်ယောက်ကို လက်အောက်ငယ်သား အမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တောင်ကိုရီးယား စစ်တပ်က ဖမ်းဆီး လိုက်ပြီ ဖြစ်ပါတယ်။
 
စစ်တပ်အရာရှိ တစ်ဦးရဲ့ သတင်း ထုတ်ပြန်ချက် အရ ဖမ်းဆီးခံ လိုက်ရတဲ့ တိုင်းမှူးဟာ သူ့လက်အောက်မှာ တာဝန် ထမ်းဆောင် နေတဲ့ အမျိုးသမီး အရာရှိကို သူ့ရုံးခန်းကို ခေါ်ပြီး အကြိမ်ပေါင်း များစွာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန် ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တာဝန် ထမ်းဆောင် နေဆဲဖြစ်တဲ့ စစ်တပ်အရာရှိ တစ်ယောက်ကို အရေးပေါ် ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြစ်ချက်နဲ့ စုံစမ်းတာဟာ တောင်ကိုရီးယား နိုင်ငံရဲ့ ပထမဦးဆုံးသော ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
 
ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တောင်ကိုရီးယား စစ်တပ် ရုံးချုပ်က လက်ခံရရှိခဲ့ တာကြောင့် ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ တိုင်းမှူးကို အောက်တိုဘာလ ၉ ရက်နေ့မှာ အရေးပေါ် ဖမ်းဆီးခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီဖြစ်ရပ်မျိုးကို နောက်တစ်ကြိမ် မပေါ်ပေါက်စေဖို့ တိုင်းမှူးတွေ အနေနဲ့ စစ်တပ် စည်းမျဉ်း စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ချမှတ်ထားဖို့ တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေး ဌာနက သောကြာနေ့ မနက်ပိုင်းမှာ အရေးပေါ် စည်းဝေးပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။ 

MRTV-4
တောင်ကိုရီးယား စစ်တပ် အရာရှိ တစ်ဦးဟာ လက်ထောက် အမျိုးသမီး စစ်တပ်အရာရှိကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်ရာက ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ တာဝန် ထမ်းဆောင် နေဆဲဖြစ် တဲ့ တိုင်းမှူး တစ်ယောက်ကို လက်အောက်ငယ်သား အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုနဲ့ တောင်ကိုရီးယား စစ်တပ်က ဖမ်းဆီး လိုက်ပြီ ဖြစ်ပါတယ်။
စစ်တပ်အရာရှိ တစ်ဦးရဲ့ သတင်း ထုတ်ပြန်ချက် အရ ဖမ်းဆီးခံ လိုက်ရတဲ့ တိုင်းမှူးဟာ သူ့လက်အောက်မှာ တာဝန် ထမ်းဆောင် နေတဲ့ အမျိုးသမီး အရာရှိကို သူ့ရုံးခန်းကို ခေါ်ပြီး အကြိမ်ပေါင်း များစွာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တာဝန်ထမ်းဆောင် နေဆဲဖြစ်တဲ့ စစ်တပ် အရာရှိ တစ်ယောက်ကို အရေးပေါ်ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြစ်ချက်နဲ့ စုံစမ်း တာ ဟာ တောင်ကိုရီးယား နိုင်ငံရဲ့ ပထမဦးဆုံးသော ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တောင်ကိုရီးယား စစ်တပ်ရုံးချုပ်က လက်ခံရရှိခဲ့တာကြောင့် ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ တိုင်းမှူးကို အောက်တိုဘာလ ၉ ရက်နေ့မှာ အရေးပေါ် ဖမ်းဆီး ခဲ့တာ ဖြစ် တယ် လို့လည်း သိရပါတယ်။ ဒီဖြစ်ရပ်မျိုးကို နောက်တစ်ကြိမ် မပေါ်ပေါက်စေဖို့ တိုင်းမှူးတွေ အနေနဲ့ စစ်တပ် စည်းမျဉ်း စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ချမှတ်ထားဖို့ တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေး ဌာနက သောကြာနေ့ မနက်ပိုင်းမှာ အရေးပေါ် စည်းဝေးပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

MRTV-4

No comments:

Post a Comment