Monday 13 October 2014

၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အောက်တိုဘာ ၁၅ ရက်နေ့ စတင်မည်

Photo: ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အောက်တိုဘာ ၁၅ ရက်နေ့ စတင်မည်
Monday, October13, 2014 

နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ကို အောက် တိုဘာ ၁၅ ရက်နေ့တွင် စတင်ရေးဆွဲမည် ဖြစ်ကြောင်း မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ် မည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေးပါတီများကို ကိုယ်စားပြုသည့် မူဘောင်ကို ရေးဆွဲနိုင်ရေးကို သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အားလုံး အဆင်သင့် ဖြစ်နေပြီ ၁၅ ရက်နေ့ စပြီးရေးဆွဲမယ်။ ညှိရနှိုင်းရတာတွေ များရင် အချိန်ကြာမယ်” ဟု ၎င်းကဆိုသည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF တို့ ရေးဆွဲထားသော မူဘောင်များကို ပေါင်းစည်းပြီး နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု မူဘောင်တစ်ခု ဖြစ်ပေါ်လာရေးအတွက် မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီကို စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သော ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရေးရှင်း UNFC နှင့် ညှိနှိုင်းရေးဆွဲလျက် ရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို သီးခြားရေးဆွဲလျက် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အဆိုပါ တိုင်းရင်းသားပါတီ ၅၆ ပါတီ၏ ဘုံသဘောတူညီသော မူဘောင်တစ်ရပ် ရရှိလာပါက UNA၊ NLD ပါတီတို့ သီးခြားရေးဆွဲလျက် ရှိသော မူဘောင်များနှင့်လည်း ပေါင်းစည်းနိုင်ရေးကို ညှိနှိုင်းသွားမည် ဖြစ်ကြောင်း မူဘောင်ချမှတ်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ စက်တင်ဘာလအတွင်း တတိယပတ်အတွင်း နှစ်ကြိမ်မြောက် အလွတ်သဘော တွေ့ဆုံထားသည်။

The Voice Weekly
နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ကို အောက် တိုဘာ ၁၅ ရက်နေ့တွင် စတင်ရေးဆွဲမည် ဖြစ်ကြောင်း မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြား သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ် မည့် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် နိုင်ငံရေးပါတီများကို ကိုယ်စားပြုသည့် မူဘောင်ကို ရေးဆွဲနိုင်ရေးကို သဘောတူညီမှု ရရှိထား ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “အားလုံး အဆင်သင့် ဖြစ်နေပြီ ၁၅ ရက်နေ့ စပြီးရေးဆွဲမယ်။ ညှိရနှိုင်း ရ တာတွေ များရင် အချိန်ကြာမယ်” ဟု ၎င်းကဆိုသည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF တို့ ရေးဆွဲထားသော မူဘောင်များကို ပေါင်းစည်းပြီး နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု မူဘောင်တစ်ခု ဖြစ်ပေါ်လာရေးအတွက် မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီကို စက်တင် ဘာလ အတွင်း ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သော ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရေးရှင်း UNFC နှင့် ညှိနှိုင်းရေးဆွဲလျက် ရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို သီးခြားရေးဆွဲ လျက် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အဆိုပါ တိုင်းရင်းသားပါတီ ၅၆ ပါတီ၏ ဘုံသဘောတူညီသော မူဘောင်တစ်ရပ် ရရှိလာပါက UNA၊ NLD ပါတီတို့ သီးခြားရေးဆွဲလျက်ရှိသော မူဘောင်များနှင့်လည်း ပေါင်းစည်းနိုင်ရေးကို ညှိနှိုင်းသွားမည် ဖြစ်ေ ကြာ င်း မူဘောင် ချမှတ်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ စက်တင်ဘာလ အတွင်း တတိယပတ်အတွင်း နှစ်ကြိမ်မြောက် အလွတ်သဘော တွေ့ဆုံထားသည်။

The Voice Weekly

No comments:

Post a Comment