Monday 13 October 2014

မန္တလေးလေဆိပ်နှင့် ရေကြောင်းမှ တရားမ၀င်ကုန်သွယ်မှုများကို ရွှေ့လျား စစ်ဆေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူမည်

Photo: မန္တလေးလေဆိပ်နှင့် ရေကြောင်းမှ တရားမ၀င်ကုန်သွယ်မှုများကို ရွှေ့လျား စစ်ဆေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူမည်
Monday, October13, 2014

 လေကြောင်းနှင့် ရေ ကြောင်းများမှတစ်ဆင့် မန္တလေး မြို့သို့ ၀င်ရောက်နေသည့် တရား မ၀င် ကုန်သွယ်နေမှုများအား လာမည့် နိုဝင်ဘာမှ စတင်၍ ရွှေ့လျား စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးအရေးယူရန် စီစဉ်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

တရားမ၀င်ကုန်သွယ်မှုများ စစ်ဆေးထိန်းချုပ်ရန် စီးပွားကူး သန်းဝန်ကြီးဌာန ဦးဆောင်ကာ နိုင်ငံတော်အဆင့် ဖွဲ့စည်းထား သည့် တရားမ၀င် ကုန်သွယ်မှု ပပျောက်ရေး Mobile Team အ ဖွဲ့ဖြင့် လက်ရှိအချိန်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများကို စစ် ဆေးအရေးယူမှုများ ပြုလုပ်နေ ပြီး မကြာမီကာလအတွင်း မန္တလေး မြို့လေဆိပ်နှင့် ရေဆိပ်များကို စစ်ဆေးအရေးယူရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

‘‘လောလောဆယ်  စီစဉ် နေဆဲပါ။ အစောဆုံး နိုဝင်ဘာလ ထဲမှာ စနိုင်မယ်ထင်ပါတယ်။ နယ်မြေ ကွင်းဆင်းပြီး ဆာဗေး လုပ်တာတွေ ဘာတွေတော့ပြီးပါ ပြီ။ အသုံးစရိတ် တွက်ချက်တာ တွေ၊ လူတွေစုဖွဲ့ပြီး ဘယ်လို ထားမယ်ဆိုတာတွေ စီစဉ်နေပါ တယ်’’ ဟု Mobile Team အဖွဲ့ ခေါင်းဆောင် စီးပွားကူးသန်းဝန် ကြီးဌာန ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောသည်။

မန္တလေးရေကြောင်းနှင့် လေကြောင်းကုန်သွယ်မှုများမှ တရားမ၀င် ကုန်သွယ်မှုများ စစ်ဆေး မည့်အချိန်ကို တရားဝင်သတင်း စာ ရှင်းလင်းပွဲများ ပြုလုပ်ကာ ထုတ်ပြန်ကြေညာပေးမည် ဖြစ် သကဲ့သို့ Mobile Team အဖွဲ့ဖြင့် စတင်စစ်ဆေးချိန်တွင်လည်း ပညာပေးကာလ၊ အရေးယူမည့် ကာလများဖြင့် ခွဲခြားသတ်မှတ် ၍ လုပ်ဆောင်မည်ဟု ဦးညွန့်အောင်က ပြောသည်။

မန္တလေးမြို့သို့ မန္တလေး- ဗန်းမော်၊ မန္တလေး-လွယ်ဂျယ် စသည့် ဧရာဝတီမြစ်ကြောင်း ခရီး စဉ်များမှတစ်ဆင့် တရုတ်နိုင်ငံ ထုတ် စားသောက်ကုန်နှင့် အ ထည်အလိပ်များ တရားမ၀င် ၀င် ရောက်မှု ရှိနေသည်ဟု ကြိုတင် လေ့လာမှုများ ပြုလုပ်ခဲ့သည့် Mobile Team အဖွဲ့မှ သတင်းရရှိ သည်။ ထို့အပြင် အိန္ဒိယနယ်စပ် ကလေး၊ တမူးဒေသမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း၊ ဧရာဝတီ မြစ်ကြောင်းများမှလည်း တရား မ၀င် ကုန်ပစ္စည်း ၀င်ရောက်မှုများ ရှိနိုင်ကြောင်း ခန့်မှန်းထား သည်။

 မန္တလေးမြို့ တံတားဦး လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ လေကြောင်းခရီး စဉ်များ ပျံသန်းလျက်ရှိသည်။

မန္တလေးမြို့ လေဆိပ်နှင့် ရေ ဆိပ်များတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးစစ်ဆေးမည့် အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြနိုင်ခြင်း မပြုလုပ်ရသေးဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ် ပြီးမှသာ လုပ်ငန်းများ စတင်နိုင် မည်ဖြစ်သည်ဟု ဦးညွန့်အောင် က ဆိုသည်။

လက်ရှိအချိန်တွင် မန္တလေး မြို့သို့ စားသုံးရန် မသင့်သော တရုတ်နိုင်ငံထုတ် သရေစာနှင့် မုန့်မျိုးစုံ ဆက်တိုက် ၀င်ရောက် နေသလို အိန္ဒိယနယ်စပ်မှလည်း ဆေးဝါးများ တရားမ၀င် ၀င် ရောက်မှုရှိသည်ဟု မန္တလေးမြို့ခံ အချို့က ပြောသည်။

တရားမ၀င် ကုန်သွယ်မှုများ တားဆီးစစ်ဆေးသည့် Mobile Team အဖွဲ့တွင် စီးပွားကူးသန်း၊ အကောက်ခွန်၊ ရဲတပ်ဖွဲ့၊ ကုန် သည်စက်မှုအသင်းနှင့် မီဒီယာ အဖွဲ့များ ပါဝင်မည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။ Mobile Team အဖွဲ့ဖြင့် ရန်ကုန်မြို့ရှိ လေဆိပ် နှင့် ရေဆိပ်များ စစ်ဆေးရာတွင် ချယ်ရီဦးနာရီများ မမှန်မကန်တင် သွင်းလာသည်ကို ဖမ်းဆီးရမိမှု များ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် Mobile Team အဖွဲ့ဖြင့် တရားမ၀င်ကုန်သွယ်မှု များ စစ်ဆေးခဲ့ရာ လက်ရှိအချိန် ထိ ကျပ်သန်း ၇၀၀၀ ကျော်တန် ဖိုးရှိ တရားမ၀င် တင်သွင်းလာ သည့် ကုန်ပစ္စည်းများကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

7Day DAILY 

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 လေကြောင်းနှင့် ရေ ကြောင်းများမှတစ်ဆင့် မန္တလေးမြို့သို့ ၀င်ရောက်နေသည့် တရားမ၀င် ကုန်သွယ်နေမှု များအား လာမည့် နိုဝင်ဘာမှ စတင်၍ ရွှေ့လျား စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးအရေးယူရန် စီစဉ်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။
တရားမ၀င်ကုန်သွယ်မှုများ စစ်ဆေးထိန်းချုပ်ရန် စီးပွားကူး သန်းဝန်ကြီးဌာန ဦးဆောင်ကာ နိုင်ငံတော် အဆင့် ဖွဲ့စည်းထား သည့် တရားမ၀င် ကုန်သွယ်မှု ပပျောက်ရေး Mobile Team အ ဖွဲ့ဖြင့် လက်ရှိ အချိန်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများကို စစ် ဆေးအရေးယူ မှုများ ပြုလုပ်နေ ပြီး မကြာမီကာလအတွင်း မန္တလေး မြို့လေဆိပ်နှင့် ရေဆိပ်များကို စစ်ဆေးအရေးယူရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

‘‘လောလောဆယ်  စီစဉ် နေဆဲပါ။ အစောဆုံး နိုဝင်ဘာလ ထဲမှာ စနိုင်မယ်ထင်ပါတယ်။ နယ်မြေ ကွင်း ဆင်းပြီး ဆာဗေး လုပ်တာတွေ ဘာတွေတော့ပြီးပါ ပြီ။ အသုံးစရိတ် တွက်ချက်တာ တွေ၊ လူတွေစုဖွဲ့ပြီး ဘယ်လို ထားမယ်ဆိုတာတွေ စီစဉ်နေပါ တယ်’’ ဟု Mobile Team အဖွဲ့ ခေါင်းဆောင် စီးပွားကူးသန်းဝန် ကြီးဌာန ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင် က ပြောသည်။

မန္တလေးရေကြောင်းနှင့် လေကြောင်းကုန်သွယ်မှုများမှ တရားမ၀င် ကုန်သွယ်မှုများ စစ်ဆေး မည့်အချိန်ကို တရားဝင်သတင်း စာ ရှင်းလင်းပွဲများ ပြုလုပ်ကာ ထုတ်ပြန်ကြေညာပေးမည် ဖြစ် သကဲ့သို့ Mobile Team အဖွဲ့ဖြင့် စတင်စစ်ဆေးချိန်တွင်လည်း ပညာပေးကာလ၊ အရေးယူမည့် ကာလများဖြင့် ခွဲခြားသတ်မှတ် ၍ လုပ်ဆောင်မည်ဟု ဦးညွန့်အောင်က ပြောသည်။

မန္တလေးမြို့သို့ မန္တလေး- ဗန်းမော်၊ မန္တလေး-လွယ်ဂျယ် စသည့် ဧရာဝတီမြစ်ကြောင်း ခရီး စဉ်များမှတစ်ဆင့် တရုတ်နိုင်ငံ ထုတ် စားသောက်ကုန်နှင့် အ ထည်အလိပ်များ တရားမ၀င် ၀င် ရောက်မှု ရှိနေသည်ဟု ကြိုတင် လေ့လာမှုများ ပြုလုပ်ခဲ့သည့် Mobile Team အဖွဲ့မှ သတင်းရရှိ သည်။ ထို့အပြင် အိန္ဒိယနယ်စပ် ကလေး၊ တမူးဒေသမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း၊ ဧရာဝတီ မြစ်ကြောင်းများမှလည်း တရား မ၀င် ကုန်ပစ္စည်း ၀င်ရောက်မှုများ ရှိနိုင်ကြောင်း ခန့်မှန်းထား သည်။

 မန္တလေးမြို့ တံတားဦး လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ လေကြောင်းခရီး စဉ်များ ပျံသန်းလျက်ရှိသည်။

မန္တလေးမြို့ လေဆိပ်နှင့် ရေ ဆိပ်များတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးစစ်ဆေးမည့် အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြနိုင်ခြင်း မပြုလုပ်ရသေးဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ် ပြီးမှသာ လုပ်ငန်းများ စတင်နိုင် မည်ဖြစ်သည်ဟု ဦးညွန့်အောင် က ဆိုသည်။

လက်ရှိအချိန်တွင် မန္တလေး မြို့သို့ စားသုံးရန် မသင့်သော တရုတ်နိုင်ငံထုတ် သရေစာနှင့် မုန့်မျိုးစုံ ဆက်တိုက် ၀င်ရောက် နေသလို အိန္ဒိယနယ်စပ်မှလည်း ဆေးဝါးများ တရားမ၀င် ၀င် ရောက်မှုရှိသည်ဟု မန္တလေးမြို့ခံ အချို့က ပြောသည်။

တရားမ၀င် ကုန်သွယ်မှုများ တားဆီးစစ်ဆေးသည့် Mobile Team အဖွဲ့တွင် စီးပွားကူးသန်း၊ အကောက် ခွန်၊ ရဲတပ်ဖွဲ့၊ ကုန် သည်စက်မှုအသင်းနှင့် မီဒီယာ အဖွဲ့များ ပါဝင်မည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။ Mobile Team အဖွဲ့ဖြင့် ရန်ကုန်မြို့ရှိ လေဆိပ် နှင့် ရေဆိပ်များ စစ်ဆေးရာတွင် ချယ်ရီဦးနာရီများ မမှန်မကန်တင် သွင်းလာသည်ကို ဖမ်းဆီးရမိမှု များ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် Mobile Team အဖွဲ့ဖြင့် တရားမ၀င်ကုန်သွယ်မှု များ စစ်ဆေးခဲ့ရာ လက်ရှိအချိန် ထိ ကျပ်သန်း ၇၀၀၀ ကျော်တန် ဖိုးရှိ တရားမ၀င် တင်သွင်းလာ သည့် ကုန်ပစ္စည်းများကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

7Day DAILY

No comments:

Post a Comment