Monday 13 October 2014

IS တပ်ဖွဲ့ကို တိုက်ရန်အတွက် အမေရိကန်ကို လေတပ် အခြေစိုက်စခန်းတစ်ခု တူရကီ အသုံးပြုခွင့်ပေး

Photo: IS တပ်ဖွဲ့ကို တိုက်ရန်အတွက် အမေရိကန်ကို လေတပ် အခြေစိုက်စခန်းတစ်ခု တူရကီ အသုံးပြုခွင့်ပေး
Monday, October13, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်ရာတွင် အမေရိကန်ကို လေတပ် အခြေစိုက်စခန်း အသုံးပြုခွင့် ပေးရန် တူရကီ အစိုးရက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်၏ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုင်ရာ အကြံပေး ဆူဆန်ရိုက်စ်က အဆိုပါ သဘောတူညီမှုကို ကြေညာခဲ့ပြီး တူရကီ၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဝမ်းသာမိကြောင်း ဆိုသည်။ တူရကီသည် နိုင်ငံတောင်ပိုင်းရှိ အင်ဆာလစ်ခ် လေတပ်စခန်းကို အမေရိကန် လေယာဉ်များအတွက် အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် IS တပ်ဖွဲ့များသည် ယခုအခါ တူရကီနှင့် ဆီးရီးယား နယ်စပ်အနီးထိ ချဉ်းကပ်လာနေပြီဖြစ်ရာ နယ်စပ်တစ်လျှောက်တွင် တူရကီ တင့်ကားများ ဖြန့်ကျက် စောင့်ကြည့်နေရသည်။

NBC အသံလွှင့်ဌာနနှင့် အင်တာဗျူးတွင် ရိုက်စ်က “တူရကီက လေတပ် အခြေစိုက်စခန်း အသုံးပြုဖို့ လက်ခံခဲ့ပါတယ်။ ဒီအတောအတွင်း ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့တချို့ကို အမေရိကန်က လေ့ကျင့်ပေးသွားမှာ ဖြစ်သလို အီရတ်၊ ဆီးရီးယားတို့မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပိုပြီး ထဲထဲဝင်ဝင် လုပ်ဆောင်သွားပါမယ်။ တူရကီရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း အလေးအနက် ကြိုဆိုပါတယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းက IS တပ်ဖွဲ့များသည် တူရကီနှင့် နယ်စပ်ရှိ ဆီးရီးယားပိုင် ကိုဘာနီမြို့ထိ ထိုးဖောက်ရောက်ရှိလာရာ အဆိုပါ အခြေအနေသည် တူရကီအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာသည်။ တူရကီ အစိုးရသည် မိမိတို့ ပိုင်နက်ကို ကာကွယ်ထားသော်လည်း IS အဖွဲ့ကို မြေပြင်ထိုးစစ်တစ်ရပ် ဆင်နွှဲမည့် ဖြစ်နိုင်ခြေ အားလုံးကို ငြင်းဆိုထားသည်။ ထို့အပြင် တူရကီဘက်မှ ကာ့ဒ်အနွယ်များကို နယ်စပ်ဖြတ်ကျော်ကာ ကိုဘာနီရှိ ကာ့ဒ်ခုခံရေး သမားများနှင့် သွားရောက် ပူးပေါင်း တိုက်ပွဲဝင်ခွင့်ကိုလည်း တားဆီးထားကြောင်း သိရသည်။

Ref: BBC
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်ရာတွင် အမေရိကန်ကို လေတပ် အခြေစိုက်စခန်း အသုံးပြုခွင့် ပေးရန် တူရကီ အစိုးရက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်၏ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုင်ရာ အကြံပေး ဆူဆန်ရိုက်စ်က အဆိုပါ သဘော တူညီမှုကို ကြေညာခဲ့ပြီး တူရကီ၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဝမ်းသာမိကြောင်း ဆိုသည်။ တူရကီ သည် နိုင်ငံတောင်ပိုင်းရှိ အင်ဆာလစ်ခ် လေတပ်စခန်းကို အမေရိကန် လေယာဉ်များအတွက် အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် IS တပ်ဖွဲ့များသည် ယခုအခါ တူရကီနှင့် ဆီးရီးယား နယ်စပ်အနီးထိ ချဉ်းကပ်လာနေပြီဖြစ်ရာ နယ်စပ်တစ်လျှောက်တွင် တူရကီ တင့်ကားများ ဖြန့်ကျက် စောင့်ကြည့် နေရသည်။

NBC အသံလွှင့်ဌာနနှင့် အင်တာဗျူးတွင် ရိုက်စ်က “တူရကီက လေတပ် အခြေစိုက်စခန်း အသုံးပြုဖို့ လက်ခံခဲ့ ပါတယ်။ ဒီအတောအတွင်း ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့တချို့ကို အမေရိကန်က လေ့ကျင့် ပေးသွားမှာ ဖြစ်သလို အီရတ်၊ ဆီးရီးယားတို့မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပိုပြီး ထဲထဲဝင်ဝင် လုပ်ဆောင်သွားပါမယ်။ တူရကီရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း အလေးအနက် ကြိုဆိုပါတယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းက IS တပ်ဖွဲ့များသည် တူရကီနှင့် နယ်စပ်ရှိ ဆီးရီးယားပိုင် ကိုဘာနီမြို့ထိ ထိုးဖောက်ရောက်ရှိလာရာ အဆိုပါ အခြေအနေသည် တူရကီအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာသည်။ တူရကီ အစိုးရသည် မိမိတို့ ပိုင်နက်ကို ကာကွယ်ထားသော်လည်း IS အဖွဲ့ကို မြေပြင်ထိုးစစ်တစ်ရပ် ဆင်နွှဲမည့် ဖြစ်နိုင်ခြေ အားလုံးကို ငြင်းဆိုထားသည်။ ထို့အပြင် တူရကီဘက်မှ ကာ့ဒ်အနွယ်များကို နယ်စပ်ဖြတ်ကျော်ကာ ကိုဘာနီရှိ ကာ့ဒ်ခုခံရေး သမားများနှင့် သွားရောက် ပူးပေါင်း တိုက်ပွဲဝင်ခွင့်ကိုလည်း တားဆီးထားကြောင်း သိရသည်။

Ref: BBC

No comments:

Post a Comment