Monday 13 October 2014

မျက်မမြင်များက အိပ်မက်ဆိုးပိုမက်လေ့ရှိ

Photo: မျက်မမြင်များက အိပ်မက်ဆိုးပိုမက်လေ့ရှိ။
Monday, October13, 2014

မျက်မမြင်များသည် အိပ်မက်ဆိုးပိုမက်လေ့ရှိပြီး မွေးရာပါမျက်မမြင်များ သည် နောက် ပိုင်းမှမျက်မမြင်ဖြစ်သွားသူ များထက်လည်း ပို၍ အိပ်မက် ဆိုးများ မြင်မက်လေ့ရှိကြောင်း ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်တက္ကသိုလ်နှင့် ဂလော့ စထရပ်တက္ကသိုလ်များမှ သုတေသီများက ထုတ်ပြန်ကြေငြာသည်။ 

မွေးရာပါမျက်မမြင်များ မြင်မက်လေ့ရှိသော အိပ်မက်များ၏ ၂၅ ရာခိုင်နှူန်းခန့် သည် အိပ်မက်ဆိုးများဖြစ်နေတတ် ရာဝယ် သာမန်လူပုဂ္ဂိုလ်များတွင် အိပ်မက်ဆိုးမက်သည့်နှူန်းမှာ ၆ ရာခိုင်နှူန်းသာရှိသည်။ 
လူသားများမြင်မက်သော အိပ်မက်သည် နိုးကြားနေချိန်တွင်ဖြစ်ပေါ်သည့် စိတ်ခံစားချက်၏ ထင်ဟပ်မှုဖြစ်ပြီး လောကတစ်ခွင်လုံး အမှောင်အတိပြီးနေသော မျက်မမြင်များသည် သာမန်လူများထက် စိုးရွံ့ ထိတ်လန့် မှုကို ပို၍ ခံစားရသောကြောင့် အိပ်မက်ဆိုးမက်ခြင်းသည်လည်း ပိုလာခြင်းဖြစ်ကြောင်း သုတေသီများကဆိုသည်။ 

မျက်စိမြင်သူတွေက သူတို့ မြင်တွေ့ ရတာတွေနဲ့ ဆက်စပ်ပြီး အိပ်မက်မက်ပါတယ်။ မျက်စိမမြင်သူတွေကတော့ အသံ၊ အနံ့ ၊ အထိ၊အတွေ့ တွေကိုပိုပြီးစွဲလမ်းပြီးတော့ တွေ့ ကြုံစဉ်ခဏမှာဖြစ်သွားတဲ့ ခံစားမှုက စွဲပြီးပါသွားပါ တယ်။ အိပ်ပျော်တဲ့အခါ အဲဒီခံစားမှုတွေကို ပြန်ပြောင်းပုံရိပ်ဖော်ပြီး မြင်ကြတာပါပဲဟု ဦးဆောင်သုတေသီ မီအိုင်ဒီ က ရှင်းပြသည်။ 

မျက်မမြင်တစ်ဦးအဖို့  သောက်လက်စကော်ဖီဖိတ်သွားသည့်အခါ ကြုံရသည့်ထိတ်လန့် မှုသည် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရလုနီးနီးဖြစ်သည့်အခါ ဖြစ်လေ့ရှိသော ထိတ်လန့် မှုအတိုင်းပင်ဖြစ်ပြီး စိတ်ပျက်အားငယ်စိတ်ပိုလာ တတ်ကြသည်။ အိပ်မက်ဆိုးများချဉ်းမက်သည့်အခါ စိတ်အားငယ်ခြင်းမှ စိတ်ဓါတ်ကျလာတတ်ကြပြီး ပတ်ဝန်းကျင် ၏ အကူအညီမရလျင် အခြေအနေပိုဆိုးသွားနိုင်ကြောင်း သိရသည်။ 

နောက်ပိုင်းမှ မျက်စိကွယ်သွားသူတွေက ဒီလောကကြီးကို မြင်ဖူးခဲ့ပါတယ်။ ဥပမာ ပန်ကာလည်နေသံကြားရင် ပန်ကာလည်နေသံမှန်းသိတဲ့အတွက် သူတို့ မကြောက်ပါဘူး။ မွေးရာပါမျက်စိမမြင်သူတွေအဖို့ တော့ ပန်ကာဆို တာ ဘာမှန်းမသိမချင်း ပန်ကာလည်သံကြားတိုင်း ကြောက်ရွံ့ နေမှာပါဟု မီအိုင်ဒီက ဆက်လက်ရှင်းပြသည်။ 

နောက်ပိုင်းမှ မျက်စိကွယ်သွားသူတွေက ဒီလောကကြီးကို မြင်ဖူးခဲ့ပါတယ်။ ဥပမာ ပန်ကာလည်နေသံကြားရင် ပန်ကာလည်နေသံမှန်းသိတဲ့အတွက် သူတို့ မကြောက်ပါဘူး။ မွေးရာပါမျက်စိမမြင်သူတွေအဖို့ တော့ ပန်ကာဆို တာ ဘာမှန်းမသိမချင်း ပန်ကာလည်သံကြားတိုင်း ကြောက်ရွံ့ နေမှာပါဟု မီအိုင်ဒီက ဆက်လက်ရှင်းပြသည်။ 

အိပ်မက်အဘယ်ကြောင့် မက်ရသည်ကို သိပ္ပံပညာရှင်များ တိကျစွာလက်ဆုပ်လက်ကိုင် မပြနိုင်သေးသော်လည်း အိပ်မက်သည် သတင်းအချက်အလက်များကို ရွေးထုတ်ရန်၊ အသက်ရှင်သန်ရန် အရေးကြီးသော အကြောင်းအရာ များကို မှတ်မိရန် အထောက်အကူပြုပြီး အိပ်မက်တွင် ခံစားမှုပြင်းထန်လေ၊ ကြောက်မက်ဖွယ်ပုံရိပ်များလေ၊ မိမိ လျစ်လျူရှုမိထားသောအရာမှာလည်း ကြီးကျယ်လေဖြစ်သည့်အတွက် အိပ်မက်တို့ သည် တစ်စုံတစ်ခုကို သတိပေး နေခြင်းဖြစ်ကြောင်း သုတေသီများက ယေဘုယျအားဖြင့် ယူဆသည်။

Lashio News Diary
မျက်မမြင်များသည် အိပ်မက်ဆိုးပိုမက်လေ့ရှိပြီး မွေးရာပါမျက်မမြင်များသည် နောက်ပိုင်းမှမျက်မမြင်ဖြစ် သွားသူများထက်လည်း ပို၍အိပ်မက်ဆိုးများ မြင်မက်လေ့ရှိကြောင်း ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် တက္ကသိုလ်နှင့် ဂလော့ စထရပ်တက္ကသိုလ်များမှ သုတေသီများက ထုတ်ပြန်ကြေငြာသည်။
မွေးရာပါမျက်မမြင်များ မြင်မက်လေ့ရှိသော အိပ်မက်များ၏ ၂၅ ရာခိုင်နှူန်းခန့် သည် အိပ်မက်ဆိုးများဖြစ်နေ တတ် ရာဝယ် သာမန်လူပုဂ္ဂိုလ်များတွင် အိပ်မက်ဆိုးမက်သည့်နှူန်းမှာ ၆ ရာခိုင်နှူန်းသာရှိသည်။ လူသား များမြင်မက်သော အိပ်မက်သည် နိုးကြားနေချိန်တွင်ဖြစ်ပေါ်သည့် စိတ်ခံစားချက်၏ ထင်ဟပ် မှုဖြစ်ပြီး လောကတစ်ခွင်လုံး အမှောင်အတိပြီးနေသော မျက်မမြင်များသည် သာမန်လူများထက် စိုးရွံ့ ထိတ် လန့် မှုကို ပို၍ ခံစားရသောကြောင့် အိပ်မက်ဆိုးမက်ခြင်းသည်လည်း ပိုလာခြင်းဖြစ်ကြောင်း သုတေသီများ က ဆိုသည်။

မျက်စိမြင်သူတွေက သူတို့ မြင်တွေ့ ရတာတွေနဲ့ ဆက်စပ်ပြီး အိပ်မက်မက်ပါတယ်။ မျက်စိမမြင် သူတွေကတော့ အသံ၊ အနံ့ ၊ အထိ၊အတွေ့ တွေကိုပိုပြီးစွဲလမ်းပြီးတော့ တွေ့ ကြုံစဉ်ခဏမှာဖြစ်သွားတဲ့ ခံစား မှုက စွဲပြီးပါသွားပါ တယ်။ အိပ်ပျော်တဲ့အခါ အဲဒီခံစားမှုတွေကို ပြန်ပြောင်း ပုံရိပ်ဖော်ပြီး မြင်ကြ တာပါ ပဲဟု ဦးဆောင်သုတေသီ မီအိုင်ဒီ က ရှင်းပြသည်။

မျက်မမြင်တစ်ဦးအဖို့  သောက်လက်စကော်ဖီဖိတ်သွားသည့်အခါ ကြုံရသည့်ထိတ်လန့် မှုသည် လမ်းဖြတ် ကူးစဉ် ကားတိုက်ခံရလုနီးနီးဖြစ်သည့်အခါ ဖြစ်လေ့ရှိသော ထိတ်လန့် မှုအတိုင်းပင်ဖြစ်ပြီး စိတ်ပျက်အား ငယ် စိတ်ပိုလာ တတ်ကြသည်။ အိပ်မက်ဆိုးများချဉ်းမက်သည့်အခါ စိတ်အားငယ်ခြင်းမှ စိတ်ဓါတ်ကျ လာတတ်ကြပြီး ပတ်ဝန်းကျင် ၏ အကူအညီမရလျင် အခြေအနေပိုဆိုးသွားနိုင်ကြောင်း သိရသည်။

နောက်ပိုင်းမှ မျက်စိကွယ်သွားသူတွေက ဒီလောကကြီးကို မြင်ဖူးခဲ့ပါတယ်။ ဥပမာ ပန်ကာလည်နေသံကြား ရင် ပန်ကာလည်နေသံမှန်းသိတဲ့အတွက် သူတို့ မကြောက်ပါဘူး။ မွေးရာပါမျက်စိမမြင်သူတွေအဖို့ တော့ ပန်ကာဆို တာ ဘာမှန်းမသိမချင်း ပန်ကာလည်သံကြားတိုင်း ကြောက်ရွံ့ နေမှာပါဟု မီအိုင်ဒီက ဆက်လက် ရှင်းပြသည်။

နောက်ပိုင်းမှ မျက်စိကွယ်သွားသူတွေက ဒီလောကကြီးကို မြင်ဖူးခဲ့ပါတယ်။ ဥပမာ ပန်ကာလည်နေသံ ကြားရင် ပန်ကာလည်နေသံမှန်းသိတဲ့အတွက် သူတို့ မကြောက်ပါဘူး။ မွေးရာပါမျက်စိ မမြင်သူတွေ အဖို့ တော့ ပန်ကာဆို တာ ဘာမှန်းမသိမချင်း ပန်ကာလည်သံကြားတိုင်း ကြောက်ရွံ့ နေမှာပါဟု မီအိုင်ဒီက ဆက်လက်ရှင်းပြသည်။

အိပ်မက်အဘယ်ကြောင့် မက်ရသည်ကို သိပ္ပံပညာရှင်များ တိကျစွာလက်ဆုပ်လက်ကိုင် မပြနိုင်သေးသော် လည်း အိပ်မက်သည် သတင်းအချက်အလက်များကို ရွေးထုတ်ရန်၊ အသက်ရှင်သန်ရန် အရေးကြီးသော အကြောင်းအရာ များကို မှတ်မိရန် အထောက်အကူပြုပြီး အိပ်မက်တွင် ခံစားမှုပြင်းထန်လေ၊ ကြောက် မက်ဖွယ် ပုံရိပ်များလေ၊ မိမိ လျစ်လျူရှုမိထားသောအရာမှာလည်း ကြီးကျယ်လေဖြစ်သည့်အတွက် အိပ်မက် တို့ သည် တစ်စုံတစ်ခုကို သတိပေး နေခြင်းဖြစ်ကြောင်း သုတေသီများက ယေဘုယျအားဖြင့် ယူဆသည်။

Lashio News Diary

No comments:

Post a Comment