Monday 13 October 2014

မြောက်ဥက္ကလာပဆေးရုံကို ၀န်ကြီးဌာနတစ်ခုမှ သန့်ရှင်းရေးပြုလုပ်ပေး

ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံကို ၀န်ကြီးဌာနတစ်ခုက ပထမဆုံးအကြိမ် သန့်ရှင်းရေးဆောင် ရွက်ပေး ခဲ့ကြောင်း သ တင်းရရှိသည်။
ယင်းဆေးရုံကို ဦးစားပေးပြီး ရန်ကုန်တိုင်း၊ ဆည်မြောင်းဦးစီး ဌာနက စက်တင်ဘာ ၁၁ ရက်တွင်ဝန်ထမ်း အင်အား ၄၀၀ ကျော်ဖြင့် ခုနစ်နာရီခန့်ကြာအောင် သန့်ရှင်း ရေးပြုလုပ်ခဲ့ကြောင်း ဆည်မြောင်းမှ အရာရှိ တစ်ဦးက ပြောသည်။

ယင်းဌာန၏ ၀န်ထမ်းမိသား စုများ ကျန်းမာရေးအတွက် အား ထားနေ ရသော ဆေးရုံဖြစ်ခြင်း ကြောင့် ဌာန၀န်ထမ်းများက ဆေးရုံ သန့်ရှင်းရေးကို စုပေါင်းလုပ် ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်ဘတ်ဂျက်အပေါ် မူတည်၍ ဆေးရုံသန့်ရှင်းရေးဝန် ထမ်း အလုံ အလောက်မခန့်နိုင် ခြင်းနှင့် ၀န် ထမ်းဖွဲ့စည်းရာတွင် လူ ၁၅၀၀ ရှိရမည် ဖြစ်သော် လည်း ၇၅၀ ခန့်သာ ခန့်အပ်နိုင်ခြင်း ကြောင့် ထက်ဝက် ကွာနေကြောင်း ယင်းဆေးရုံမှ သိရသည်။

ဝန်ထမ်းအင်အားနည်းခြင်း၊ မိုးတွင်းကာလတွင်လည်း ဆေးရုံ ၀င်းအတွင်း ရေ ၀ပ်ခြင်း၊ ဆေးရုံ ၀င်း ကျယ် ၀န်းခြင်း များကြောင့် သန့်ရှင်းရေးခက်ခဲကြောင်း ယင်းဆေးရုံအုပ်က ပြောကြားသည်ဟု သန့်ရှင်းရေး လုပ် သည့်နေ့ တွင် တက်ရောက်ခဲ့သူ တစ်ဦးကဆိုသည်။

‘‘ဆေးရုံဝင်းထဲမှာ ချုံနွယ် တွေ၊ မြက်ပင်တွေနဲ့ ရေမြောင်း တွေက အစ ဖော် ဆယ်မှု အားနည်း နေတာပါ။ မိုးတွင်းဆိုရင် ရေ၀ပ် တဲ့ ဆေးရုံလည်းဖြစ်တော့ ပိုပြီးညစ်ညမ်းတဲ့သဘောပါ။ ဆေးရုံ ပရိဝုဏ်အညစ်ညမ်း ဆုံးဆေးရုံပါ’’ ဟု ၎င်းက ဆိုသည်။

7DAy DAILY

No comments:

Post a Comment