Monday 13 October 2014

ဒိုင်နာယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၄ ဦး ဒဏ်ရာရ

လိုင်းကားအမှတ် ၁၃၀ ဒိုင်နာယာဉ်သည် မင်္ဂလာဒုံမြို့နယ် တိုက်ဂါးဘီယာစက်ရုံ အနီးတွင် အရှိန်ပြင်း စွာမောင်းနှင်မှု ကြောင့် တိမ်းမှောက်ခဲ့ပြီး ခရီး သည် ၂၄ ဦးဒဏ်ရာရရှိခဲ့၍ တစ် ဦးမှာ စိုးရိမ်ဖွယ် အခြေ အနေ ရှိ ကြောင်း သတင်းရရှိသည်။
ဒဏ်ရာပြင်းထန်စွာ ရရှိသူအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ ဆောင်ထားပြီး တိမ်းမှောက်သည့် လိုင်းကား ယာဉ်မောင်းမှာထွက် ပြေးသွားကြောင်း ယာဉ်မှုစစ်ရဲ အုပ်ဇော်ဇော်လတ်ကပြောသည်။

‘‘မျက်မြင်သက်သေတော့ မ ရှိဘူး။ ဒဏ်ရာရရှိသူတွေပြောပြ ချက်အရ လမ်းသွယ် လည်းဖြစ် တယ်။ မှောင် လည်း မှောင်နေ တော့ အရှိန်လွန်ပြီးမှောက် တာလို့ ပြောတယ်’’ ဟု သွားရောက်စစ် ဆေးသည့် ယာဉ်မှုစစ်က ပြော ကြားသည်။

တိမ်းမှောက်မှုဖြစ်သောယာဉ်သည် ထောက်ကြန့်နှင့် မြောက်ဥက္ကလာသို့ပြေးဆွဲသော ယာဉ်ဖြစ်ပြီး ညနေ ၅နာရီ ၀န်းကျင်တွင် တိမ်းမှောက်ခဲ့ကာ ဒဏ်ရာရရှိသူ များအား  ပုလဲမြို့သစ်ဆေးရုံနှင့်မြောက် ဥက္ကလာပဆေးရုံသို့  ပို့ဆောင်ကု သထားကြောင်းသိရသည်။ ‘‘အရှိန် တော်တော်ပြင်း တယ်။ မှောက်တော့ ကားကပက် လက်လှန်ပြီးကားခေါင်းပျက်စီး သွားတယ်။ ဒီဘက်မှာကားတွေက အရမ်းမောင်းကြတယ်’’ဟု ကား တိမ်းမှောက်မှုကိုမျက်မြင်တွေ့ရှိ ခဲ့သူတစ်ဦးကပြောသည်။

လက်ရှိတွင် အဆိုပါယာဉ် တိမ်းမှောက်မှုအား အတည်ပြုစစ် ဆေးနေ ဆဲဖြစ်ပြီး ထောက်ကြန့် ရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင် ရန် စီစဉ်နေကြောင်း ရဲအုပ်ဇော် ဇော်လတ်က ပြောသည်။

7Day DAILY

No comments:

Post a Comment