Monday 13 October 2014

B4 ရဟတ်ယာဉ်မတော်တဆမှု မြန်မာ- ထိုင်း ပူးပေါင်းစုံစမ်းစစ်ဆေးမည်

Photo: B4 ရဟတ်ယာဉ်မတော်တဆမှု မြန်မာ- ထိုင်း ပူးပေါင်းစုံစမ်းစစ်ဆေးမည်
Monday, October13, 2014

ပူတာအို နောင်မွန်းရွာအ နီးတွင် မတော်တဆဖြစ်ခဲ့သော ထိုင်းနိုင်ငံမှ B4ရဟတ်ယာဉ်ဖြစ် စဉ်ကို ထိုင်းနိုင်ငံနှင့် ပူးပေါင်းစုံ စမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

‘‘ရဟတ်ယာဉ်က ထိုင်းလေ ကြောင်းဦးစီးမှာ မှတ်ပုံတင်ထား တဲ့ရဟတ်ယာဉ်။ ပြီးတော့စက်ပိုင်းဆိုင်ရာတွေ ပိုင်းလော့ကအစ သူတို့ဘက်က ကွန်ထရိုးလုပ်ပါ တယ်။ ပြီးတော့ ဖြစ်တာက မြန် မာပိုင်နက်ဖြစ်တာကြောင့် မြန်မာ က ဦးဆောင်ပြီးတော့ ထိုင်းနဲ့ ပေါင်းပြီး ပျက်ကျရတဲ့အကြောင်း ကို စစ်ဆေးဖို့လုပ်နေပါပြီ’’ဟုလေ ကြောင်းဦးစီး ညွှန်ကြားရေးမှူး ဦးမျိုးသန့်ကဆိုသည်။

လက်ရှိတွင် လေယာဉ်နှင့် ပတ်သက်သော အချက်အလက် များ စုဆောင်းရရှိထားသကဲ့သို့ လေယာဉ်ထုတ်လုပ်သည့် ပြင် သစ် ကုမ္ပဏီနှင့်လည်းဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမျိုးသန့်ကဆိုသည်။

လက်ရှိအနေအထားအရ လေယာဉ်မတော်တဆဖြစ်ပွားခဲ့ သော နေရာအတိအကျကို မသိရ သေးဘဲ သက်သေများ၏ထွက်ဆို ချက်များဖြင့် ဆက်လက်ရှာဖွေပြီး နေရာအတိအကျသိရရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းဦးမျိုး သန့်ကပြောသည်။

ခါကာဘိုရာဇီရေခဲတောင် တွင်ပျောက်ဆုံးနေသည့်တောင် တက်သမားနှစ်ဦးကိုရှာဖွေကယ် ဆယ်ရေးပြုလုပ်စဉ် ထိုင်းနိုင်ငံ Advance Aviationကုမ္ပဏီမှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာ သို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂နာရီ ၂၀မိနစ်တွင် ပူတာအိုမှထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြတ် တောက်သွားခဲ့သည်။

ထူးဖောင်ဒေးရှင်းနာယက ဦးတေဇက ရဟတ်ယာဉ်မတော် တဆဖြစ်မှုကို မိမိတို့အနေဖြင့်အ ဖြေပေး၍ မရဘဲသက်ဆိုင်ရာလေ ကြောင်းထိန်းသိမ်းညွှန်ကြားရေး အဖွဲ့အစည်းများ၊ ပညာရှင်များ ၏ သုံးသပ်ချက်များသာ အတည် ဖြစ်ပါလိမ့်မည်ဟု ထူးဖောင် ဒေးရှင်းဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ အောက်တိုဘာ ၁၂ရက်က ရေးသားထားသည်။

ရဟတ်ယာဉ်ပျက်ကျ၍ သေ ဆုံးသွားသည့် မြန်မာရဟတ်ယာဉ် မှူးဦးအောင်မြတ်တိုးကို တော တွင်းမှာပင် သဂြုင်္ိဟ်ခဲ့သည့် ဓာတ် ပုံများကို ပထမဆုံးအကြိမ်ထုတ် ပြန်ခဲ့ပြီး ၎င်းရဟတ်ယာဉ်မှူး၏ မိသားစုကို ထူးဖောင်ဒေးရှင်းက တာဝန်ယူသွားမည်ဟုကြေညာခဲ့ သည်။

မတော်တဆဖြစ်ခဲ့သည့် ရ ဟတ်ယာဉ်တွင်လိုက်ပါသွားသည့် ဦးတေဇ၏ ကိုယ်ရေးအရာရှိ ရွှေ ရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၈ရက်တွင် ထိုင်း ရဟတ်ယာဉ်မှူးMr.Chatchawal ကိုထပ်မံတွေ့ရှိခဲ့သည်။

ထိုင်းရဟတ်ယာဉ်မှူးမှာ မိသားစုဆန္ဒအရ ထိုင်းနိုင်ငံဘန် ကောက်ဆေးရုံတွင် စောင့်ရှောက် မှု ဆက်လက်ခံယူရန် အောက်တိုဘာ ၁၁ ရက်တွင်အထူးလေယာဉ် ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ သည်။

7 Day Daily
ပူတာအို နောင်မွန်းရွာအ နီးတွင် မတော်တဆဖြစ်ခဲ့သော ထိုင်းနိုင်ငံမှ B4ရဟတ်ယာဉ်ဖြစ် စဉ်ကို ထိုင်းနိုင်ငံနှင့် ပူးပေါင်းစုံ စမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။
‘‘ရဟတ်ယာဉ်က ထိုင်းလေ ကြောင်းဦးစီးမှာ မှတ်ပုံတင်ထား တဲ့ရဟတ်ယာဉ်။ ပြီးတော့စက်ပိုင်းဆိုင်ရာတွေ ပိုင်းလော့ကအစ သူတို့ဘက်က ကွန်ထရိုးလုပ်ပါ တယ်။ ပြီးတော့ ဖြစ်တာက မြန် မာပိုင်နက်ဖြစ်တာေ ကြာင့် မြန်မာက ဦးဆောင်ပြီးတော့ ထိုင်းနဲ့ ပေါင်းပြီး ပျက်ကျရတဲ့အကြောင်း ကို စစ်ဆေးဖို့လုပ်နေ ပါပြီ’’ဟုလေ ကြောင်းဦးစီး ညွှန်ကြားရေးမှူး ဦးမျိုးသန့်ကဆိုသည်။

လက်ရှိတွင် လေယာဉ်နှင့် ပတ်သက်သော အချက်အလက်များ စုဆောင်းရရှိထား သကဲ့သို့ လေယာဉ် ထုတ်လုပ်သည့် ပြင်သစ် ကုမ္ပဏီနှင့်လည်းဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမျိုးသန့်က ဆိုသည်။

လက်ရှိအနေအထားအရ လေယာဉ်မတော်တဆဖြစ်ပွားခဲ့ သော နေရာအတိအကျကို မသိရ သေးဘဲ သက်သေများ၏ထွက်ဆို ချက်များဖြင့် ဆက်လက်ရှာဖွေပြီး နေရာအတိအကျသိရရန်ဆောင် ရွက်သွား မည်ဖြစ်ကြောင်းဦးမျိုး သန့်ကပြောသည်။

ခါကာဘိုရာဇီရေခဲတောင် တွင်ပျောက်ဆုံးနေသည့်တောင် တက်သမားနှစ်ဦးကိုရှာဖွေကယ် ဆယ်ရေးပြု လုပ် စဉ် ထိုင်းနိုင်ငံ Advance Aviationကုမ္ပဏီမှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာ သို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂နာရီ ၂၀မိနစ်တွင် ပူတာအိုမှထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက် အသွယ်ပြတ် တောက်သွားခဲ့သည်။

ထူးဖောင်ဒေးရှင်းနာယက ဦးတေဇက ရဟတ်ယာဉ်မတော် တဆဖြစ်မှုကို မိမိတို့အနေဖြင့်အ ဖြေပေး၍ မရဘဲသက်ဆိုင်ရာလေ ကြောင်းထိန်းသိမ်းညွှန်ကြားရေး အဖွဲ့အစည်းများ၊ ပညာရှင်များ ၏ သုံးသပ်ချက် များသာ အတည် ဖြစ်ပါလိမ့်မည်ဟု ထူးဖောင် ဒေးရှင်းဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ အောက်တိုဘာ ၁၂ ရက်က ရေးသားထားသည်။

ရဟတ်ယာဉ်ပျက်ကျ၍ သေ ဆုံးသွားသည့် မြန်မာရဟတ်ယာဉ် မှူးဦးအောင်မြတ်တိုးကို တော တွင်းမှာပင် သဂြုင်္ိဟ်ခဲ့သည့် ဓာတ် ပုံများကို ပထမဆုံးအကြိမ်ထုတ် ပြန်ခဲ့ပြီး ၎င်းရဟတ်ယာဉ်မှူး၏ မိသားစုကို ထူးဖောင်ဒေးရှင်းက တာဝန်ယူသွားမည်ဟုကြေညာခဲ့ သည်။

မတော်တဆဖြစ်ခဲ့သည့် ရ ဟတ်ယာဉ်တွင်လိုက်ပါသွားသည့် ဦးတေဇ၏ ကိုယ်ရေးအရာရှိ ရွှေ ရင်တော် ကြီးကို အောက်တိုဘာ ၇ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၈ရက်တွင် ထိုင်း ရဟတ်ယာဉ် မှူးMr.Chatchawal ကိုထပ်မံတွေ့ရှိခဲ့သည်။

ထိုင်းရဟတ်ယာဉ်မှူးမှာ မိသားစုဆန္ဒအရ ထိုင်းနိုင်ငံဘန် ကောက်ဆေးရုံတွင် စောင့်ရှောက်မှု ဆက်လက်ခံ ယူရန် အောက်တိုဘာ ၁၁ ရက်တွင်အထူးလေယာဉ် ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ သည်။

7 Day Daily

No comments:

Post a Comment