Monday 13 October 2014

ပါပါရာဇီကို အီဘိုလာဖြစ်ပါစေလို့ ကျိန်ဆဲခဲ့တဲ့ အစ်ဂီအဇယ်လီယာ

Photo: ပါပါရာဇီကို အီဘိုလာဖြစ်ပါစေလို့ ကျိန်ဆဲခဲ့တဲ့ အစ်ဂီအဇယ်လီယာ
Monday, October13, 2014

သြစတြေးလျ အဆိုတော် အစ်ဂီအဇယ်လီယာ သည် ပြီးခဲ့သည့် သီတင်းပတ်တွင် လော့စ်အန်ဂျလိစ်မြို့ရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ထွက် စဉ် ဓာတ်ပုံသတင်းထောက်တစ် ဦးနှင့် စကားများရန်ဖြစ်ခဲ့ပြီး ၎င်း က သတင်းထောက်အား အီဘိုလာရောဂါဖြစ်ပြီး သေပါစေဟု ကျိန် ဆဲခဲ့သည်။

အစ်ဂီအဇယ်လီယာနှင့် သူ ငယ်ချင်းတစ်ဦးသည် ဆိုင်ထဲ၌ ဈေးဝယ်နေစဉ် ၎င်းတို့နောက် သို့ တကောက်ကောက်လိုက်၍ ဓာတ်ပုံရိုက်နေသော သတင်း ထောက်နှင့် စကားများရန်ဖြစ်ခဲ့ ပြီး အစ်ဂီ၏ သူငယ်ချင်းဖြစ်သူ က သတင်းထောက်အား တံ တွေးဖြင့် ထွေးခဲ့သည်။ သူငယ် ချင်းဖြစ်သူထွေးသော   တံတွေး ကြောင့် AIDS ကူးပြီ၊ အီဘိုလာ ကူးပြီဟု ဓာတ်ပုံသတင်းထောက် က ပြန်ပြောခဲ့ရာ အစ်ဂီအဇယ်လီယာက ‘‘ရှင် အီဘိုလာရောဂါဖြစ် ပြီ သေပါစေ’’ဟု ကျိန်ဆဲခဲ့သည်။

၎င်းတို့စကားများရန်ဖြစ်နေ သည်ကို ဗီဒီယိုရိုက်ကူး၍ ယူကျု့ဘ်စာမျက်နှာ ၌ ဖော်ပြခြင်းနှင့် ပတ်သက်၍ အစ်ဂီ အဇယ်လီက အောက်တိုဘာ ၁၁ရက်တွင် ၎င်း၏ Instagram စာမျက်နှာမှ တစ်ဆင့် ပရိသတ်များအား ရှင်းပြခဲ့သည်။ ဓာတ်ပုံ သတင်းထောက်သည် တစ်ချိန်လုံးနောက်မှ လိုက်နေပြီး အဆက် မပြတ်အနှောင့်အယှက်ပေးနေခဲ့ ကြောင်းနှင့် ဓာတ်ပုံရိုက်သူများကို မမုန်းသော်လည်း ၎င်းအပေါ်ရန် လိုသူများကိုမူ ပြန်၍ ရန်မူတတ် သည်ဟု အစ်ဂီအဇယ်လီယာက ပြောကြားခဲ့သည်။

Ref:RapRadar
သြစတြေးလျ အဆိုတော် အစ်ဂီအဇယ်လီယာ သည် ပြီးခဲ့သည့် သီတင်းပတ်တွင် လော့စ်အန်ဂျလိစ်မြို့ရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ထွက် စဉ် ဓာတ်ပုံသတင်းထောက်တစ် ဦးနှင့် စကားများရန်ဖြစ်ခဲ့ပြီး ၎င်း က သတင်းထောက်အား အီဘိုလာရောဂါဖြစ်ပြီး သေပါစေဟု ကျိန် ဆဲခဲ့သည်။
အစ်ဂီအဇယ်လီယာနှင့် သူငယ်ချင်းတစ်ဦးသည် ဆိုင်ထဲ၌ ဈေးဝယ်နေစဉ် ၎င်းတို့နောက်သို့ တကောက်ေ ကာက်လိုက်၍ ဓာတ်ပုံရိုက်နေသော သတင်း ထောက်နှင့် စကားများရန်ဖြစ်ခဲ့ပြီး အစ်ဂီ၏ သူငယ်ချင်းဖြစ်သူ က သတင်းထောက်အား တံ တွေးဖြင့် ထွေးခဲ့သည်။ သူငယ် ချင်းဖြစ်သူထွေးသော   တံတွေး ကြောင့် AIDS ကူးပြီ၊ အီဘိုလာ ကူးပြီဟု ဓာတ်ပုံသတင်းထောက် က ပြန်ပြောခဲ့ရာ အစ်ဂီအဇယ်လီယာက ‘‘ရှင် အီဘိုလာရောဂါဖြစ် ပြီ သေပါစေ’’ဟု ကျိန်ဆဲခဲ့သည်။

၎င်းတို့စကားများရန်ဖြစ်နေသည်ကို ဗီဒီယိုရိုက်ကူး၍ ယူကျု့ဘ်စာမျက်နှာ၌ ဖော်ပြခြင်းနှင့် ပတ်သက်၍ အစ်ဂီအဇယ်လီက အောက်တိုဘာ ၁၁ရက်တွင် ၎င်း၏ Instagram စာမျက်နှာမှ တစ်ဆင့် ပရိသတ် များအား ရှင်းပြခဲ့သည်။ ဓာတ်ပုံ သတင်းထောက်သည် တစ်ချိန်လုံးနောက်မှ လိုက်နေပြီး အဆက်မပြတ် အနှောင့်အယှက်ပေးနေခဲ့ ကြောင်းနှင့် ဓာတ်ပုံရိုက်သူများကို မမုန်းသော်လည်း ၎င်းအပေါ်ရန် လိုသူများ ကိုမူ ပြန်၍ ရန်မူတတ် သည်ဟု အစ်ဂီအဇယ်လီယာက ပြောကြားခဲ့သည်။

Ref:RapRadar

No comments:

Post a Comment