Monday 13 October 2014

မိအေးနှစ်ခါနာ မဖြစ်အောင် SSA(၀မ်ဟိုင်း)အဖွဲ့ ဆင်ခြင်ဖို့ လိုသည်

Photo: မိအေးနှစ်ခါနာ မဖြစ်အောင် SSA(၀မ်ဟိုင်း)အဖွဲ့ ဆင်ခြင်ဖို့ လိုသည်
Monday, October13, 2014  

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင်တံတားအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အဆုံးသတ်၌ SSA(၀မ်ဟိုင်း)အဖွဲ့ တာဖာဆောင်ဒေသမှ ဆုတ်ခွာပေးလိုက်ရသည်။ အစိုးရတပ်များကို ရင်ဆိုင် နိုင်စွမ်းရှိသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တိုက်ပွဲဖြစ်ချိန်တွင် မှန်းချက်နှင့် နှမ်းထွက် တစ်လွဲစီ ဖြစ်ခဲ့ရသည်။ တာဖာဆောင်ကို လက်လွှတ်ဆုံးရှုံးပြီးဖြစ်သလို ၀မ်ဟိုင်းဌာနချုပ်ကိုပါ လက်လွှတ်ရမလို ဖြစ်ခဲ့သည်။

သို့သော် ရှမ်းပါတီများ၊ RCSS/SSA ၊ UWSA`၀´၊ NDAA (မိုင်းလား)အဖွဲ့များ၏ ကောင်းမှုကြောင့် SSA (၀မ်ဟိုင်း)ဌာနချုပ်ကို အစိုးရတပ်များက မသိမ်းခဲ့ခြင်းဖြစ်သည်။ ဦးအောင်မင်းကိုလည်း အပူသွားကပ်လေတော့ ၀မ်ဟိုင်းဌာနချုပ်ကို မသိမ်းပါဟု ပြောပေးခဲ့ခြင်းဖြစ်ပါသည်။ SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် သိက္ခာပိုင်းအရ ရစရာ မရှိအောင် ကျဆင်းသွားသလို တိုင်းရင်းသားလက်နက်ကိုင်များအလယ် မျက်နှာငယ်ခဲ့ရတာလည်း အမှန်ပင် ဖြစ်ပါသည်။ ခဲမှန်ဖူးသော စာသူငယ်လို နောင်တရနေမှာ သေချာပါသည်။
ယခုအခါ UWSA`၀´နယ်မြေနှင့်ကပ်လျက် နေရာယူထားသည့် SSA(၀မ်ဟိုင်း) အဖွဲ့၏ တပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို ဆုတ်ခွာပေးဖို့ ပြည်နယ် နယ်/လုံဝန်ကြီးက သတိပေးလိုက်ပြီ ဖြစ်ပါသည်။ နမ့်ပန်ချောင်း အရှေ့ဘက် တစ်နည်းအားဖြင့် သံလွင်အနောက်ခြမ်းသည် SSA(၀မ်ဟိုင်း)အဖွဲ့အား နေထိုင် လှုပ်ရှားခွင့်ပြုထားသော နယ်မြေမဟုတ်သောကြောင့် ဆုတ်ခွာခိုင်းခြင်းဟု သိရပါသည်။

SSA(၀မ်ဟိုင်း)အဖွဲ့အတွက် ဒုတိယအကြိမ်မြောက် ဖိအားဖြစ်ပါသည်။ တာဖာဆောင်ကို သင်ခန်းစာယူသင့် ပါသည်။ ကိုယ့်နယ်မြေမဟုတ်ရင် အလိုက်တသိ ဖယ်ပေးလိုက်တာ ကောင်းပါသည်။ UWSA နဲ့ SSA(၀မ်ဟိုင်း) တို့ ဘိန်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ရောင်းဝယ်သယ်ဆောင်နေသော လမ်းကြောင်းအဖြစ် တာဖာဆောင်တုန်းက သတင်းထွက်ခဲ့ဖူးပြီဖြစ်၍ ယခုတစ်ကြိမ် ထိုသို့ မဖြစ်ရန် လိုပါသည်။ သို့သော် ထွက်လာ သော အသံဗလံများအရ SSA(၀မ်ဟိုင်း)အဖွဲ့က မွေးရပ်မြေဖြစ်တဲ့အတွက် ဖယ်မပေးဘူး၊ သူတို့ နယ်မြေထဲ ၀င်လာရင် အမိန့်ကို စောင့်မှာ မဟုတ်ဘူးဆိုပြီး လေသံပစ်လာပြန်ပါသည်။
ပထမတစ်ကြိမ် ခံခဲ့ရတာကို မမှတ်သေးဘဲ နောက်တစ်ကြိမ် အနာခံချင်တာကတော့ မိုက်ရူးရဲဆန်တယ်လို့ပဲ ပြောချင်ပါသည်။ အစိုးရတပ်များကို အဘက်ဘက်မှ မယှဉ်နိုင်ဘဲနဲ့ စိန်ခေါ်၍ မရပါ။ တစ်ဖက်က `၀´ ကို အားကိုးရင်လည်း `၀´က အစိုးရနဲ့ အဆင်ပြေနေတာကြောင့် ကူညီမည်ဟု အာမခံမည်မဟုတ်ပေ။ SSA (၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ကိုယ့်နယ်မြေမဟုတ်ရင် စောစောစီးစီး ဖယ်ပေးလိုက်တာ ကောင်းပါသည်။ မျက်စိစုံမှိတ် ခေါင်းခါငြင်းနေမယ်ဆိုရင် နောက်တစ်ကြိမ် တိုက်ပွဲများကို မြင်ရမည်သာ ဖြစ်ပါသည်။

အချုပ်ပြောရရင် SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကတိက၀တ်များကို လေးလေးစားစား လိုက်နာရန် အရေးကြီးပါသည်။ တာဖာဆောင်တံတားကို ကိုယ့်နယ်မြေမဟုတ်ဘဲ တပ်စခန်းချပြီးနေထိုင်သည့်အတွက် အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားရခြင်း ဖြစ်သည်။ အခု နမ့်ပန်ချောင်း အရှေ့ဘက်ခြမ်း `၀´ နယ်မြေနဲ့ ဆက်စပ်နယ်မြေထဲကနေ ဆုတ်ခွာပေးဖို့ သတိပေးခံရပြီ ဖြစ်ပါသည်။ ကိုယ့်နယ်မြေမဟုတ်ဘူး၊ ဟုတ်တယ် ဆိုတာ ငြိမ်းချမ်းရေး ကတိက၀တ်အတိုင်း သတ်မှတ်ပြီးဖြစ်၍ SSA(၀မ်ဟိုင်း)အဖွဲ့ အသိဆုံးဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် မိအေးနှစ်ခါနာ မဖြစ်စေဖို့ SSA(၀မ်ဟိုင်း)အဖွဲ့အနေဲ့ ဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းရေးသား အပ်ပါသည်။

နေ၀န်းသစ်
Credit to နေ့စဉ်သတင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင်တံတားအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အဆုံးသတ်၌ SSA(၀မ်ဟိုင်း)အဖွဲ့ တာဖာဆောင်ဒေသမှ ဆုတ်ခွာပေးလိုက်ရသည်။ အစိုးရတပ်များကို ရင်ဆိုင် နိုင်စွမ်းရှိသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တိုက်ပွဲဖြစ်ချိန်တွင် မှန်းချက်နှင့် နှမ်းထွက် တစ်လွဲစီ ဖြစ်ခဲ့ရသည်။ တာဖာဆောင်ကို လက်လွှတ်ဆုံးရှုံးပြီးဖြစ်သလို ၀မ်ဟိုင်းဌာနချုပ်ကိုပါ လက်လွှတ် ရမလို ဖြစ်ခဲ့သည်။
သို့သော် ရှမ်းပါတီများ၊ RCSS/SSA ၊ UWSA`၀´၊ NDAA (မိုင်းလား)အဖွဲ့များ၏ ကောင်းမှုကြောင့် SSA (၀မ်ဟိုင်း) ဌာနချုပ်ကို အစိုးရတပ်များက မသိမ်းခဲ့ခြင်းဖြစ်သည်။ ဦးအောင်မင်းကိုလည်း အပူသွား ကပ်လေေ တာ့ ၀မ်ဟိုင်းဌာနချုပ်ကို မသိမ်းပါဟု ပြောပေးခဲ့ခြင်းဖြစ်ပါသည်။ SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် သိက္ခာပိုင်းအရ ရစရာ မရှိအောင် ကျဆင်းသွားသလို တိုင်းရင်းသားလက်နက်ကိုင်များအလယ် မျက်နှာ ငယ်ခဲ့ရတာလည်း အမှန်ပင် ဖြစ်ပါသည်။ ခဲမှန်ဖူးသော စာသူငယ်လို နောင်တရနေမှာ သေချာပါသည်။

ယခုအခါ UWSA`၀´နယ်မြေနှင့်ကပ်လျက် နေရာယူထားသည့် SSA(၀မ်ဟိုင်း) အဖွဲ့၏ တပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို ဆုတ်ခွာပေးဖို့ ပြည်နယ် နယ်/လုံဝန်ကြီးက သတိပေးလိုက်ပြီ ဖြစ်ပါသည်။ နမ့်ပန်ချောင်း အရှေ့ဘက် တစ်နည်းအားဖြင့် သံလွင်အနောက်ခြမ်းသည် SSA(၀မ်ဟိုင်း)အဖွဲ့အား နေထိုင် လှုပ်ရှားခွင့်ပြုထားသော နယ်မြေမဟုတ်သောကြောင့် ဆုတ်ခွာခိုင်းခြင်းဟု သိရပါသည်။

SSA(၀မ်ဟိုင်း)အဖွဲ့အတွက် ဒုတိယအကြိမ်မြောက် ဖိအားဖြစ်ပါသည်။ တာဖာဆောင်ကို သင်ခန်းစာယူ သင့်ပါသည်။ ကိုယ့်နယ်မြေမဟုတ်ရင် အလိုက်တသိ ဖယ်ပေးလိုက်တာ ကောင်းပါသည်။ UWSA နဲ့ SSA(၀မ်ဟိုင်း) တို့ ဘိန်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ရောင်းဝယ်သယ်ဆောင်နေသော လမ်းကြောင်းအဖြစ် တာဖာဆောင်တုန်းက သတင်းထွက်ခဲ့ဖူးပြီဖြစ်၍ ယခုတစ်ကြိမ် ထိုသို့ မဖြစ်ရန် လိုပါသည်။ သို့သော် ထွက်လာ သော အသံဗလံများအရ SSA(၀မ်ဟိုင်း)အဖွဲ့က မွေးရပ်မြေဖြစ်တဲ့အတွက် ဖယ်မပေးဘူး၊ သူတို့ နယ်မြေထဲ ၀င်လာရင် အမိန့်ကို စောင့်မှာ မဟုတ်ဘူးဆိုပြီး လေသံပစ်လာပြန် ပါသည်။

ပထမတစ်ကြိမ် ခံခဲ့ရတာကို မမှတ်သေးဘဲ နောက်တစ်ကြိမ် အနာခံချင်တာကတော့ မိုက်ရူးရဲ ဆန်တယ် လို့ပဲ ပြောချင်ပါသည်။ အစိုးရတပ်များကို အဘက်ဘက်မှ မယှဉ်နိုင်ဘဲနဲ့ စိန်ခေါ်၍ မရပါ။ တစ်ဖက်က `၀´ ကို အားကိုးရင်လည်း `၀´က အစိုးရနဲ့ အဆင်ပြေနေတာကြောင့် ကူညီမည်ဟု အာမခံမည်မဟုတ်ပေ။ SSA (၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ကိုယ့်နယ်မြေမဟုတ်ရင် စောစောစီးစီး ဖယ်ပေးလိုက်တာ ကောင်းပါသည်။ မျက်စိစုံမှိတ် ခေါင်းခါငြင်းနေမယ်ဆိုရင် နောက်တစ်ကြိမ် တိုက်ပွဲများကို မြင်ရမည်သာ ဖြစ်ပါသည်။

အချုပ်ပြောရရင် SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကတိက၀တ်များကို လေးလေးစားစား လိုက်နာ ရန် အရေးကြီးပါသည်။ တာဖာဆောင်တံတားကို ကိုယ့်နယ်မြေမဟုတ်ဘဲ တပ်စခန်းချပြီးနေထိုင်သည့် အတွက် အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားရခြင်း ဖြစ်သည်။ အခု နမ့်ပန်ချောင်း အရှေ့ဘက်ခြမ်း `၀´ နယ်မြေနဲ့ ဆက်စပ်နယ်မြေထဲကနေ ဆုတ်ခွာပေးဖို့ သတိပေးခံရပြီ ဖြစ်ပါသည်။ ကိုယ့်နယ်မြေမဟုတ်ဘူး၊ ဟုတ်တယ် ဆိုတာ ငြိမ်းချမ်းရေး ကတိက၀တ်အတိုင်း သတ်မှတ်ပြီးဖြစ်၍ SSA(၀မ်ဟိုင်း)အဖွဲ့ အသိဆုံးဖြစ် ပါလိမ့်မယ်။ ထို့ကြောင့် မိအေးနှစ်ခါနာ မဖြစ်စေဖို့ SSA(၀မ်ဟိုင်း)အဖွဲ့အနေဲ့ ဆင်ခြင်သင့်ပါကြောင်း တိုက် တွန်းရေးသား အပ်ပါသည်။

နေ၀န်းသစ်
Credit to နေ့စဉ်သတင်း

No comments:

Post a Comment