Monday 13 October 2014

လယ်ယာမြေပြန်ရရေး လှုပ်ရှားမှုကြောင့် တရားစွဲခံထားရသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိ

 Photo: လယ်ယာမြေပြန်ရရေး လှုပ်ရှားမှုကြောင့် တရားစွဲခံထားရသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိ
Monday, October13, 2014

သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးလှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ကျခံနေရသူ နှင့် တရားရင်ဆိုင်နေ ရသူ ၃၀၀ ကျော် ရှိပြီဟု လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က အောက်တိုဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားမရှိအောင် လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ်တွင် ကတိပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၇၆ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် လယ်ယာမြေအရေး ဆောင်ရွက်သူများ ပြစ်ဒဏ်ကျခံနေရဆဲဟု ၎င်းကဆိုသည်။

“ ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုပေမယ့် အကန့်အသတ်နဲ့ လုပ်နေတာ တွေ့ ရတယ်” ဟု ဦးရဲအောင်က ပြောသည်။ သမ္မတသက်တမ်း လေးနှစ်နီးပါးအတွင်း သမ္မတ၏ ၁၅ ကြိမ်မြောက် အမိန့် ဖြင့် အောက်တိုဘာ ၇ ရက် လွတ်ငြိမ်း ချမ်းသာခွင့်အရ ၃,၀၇၃ ဦးလွတ်မြောက်ရာတွင် လွတ်ရက်နီးကပ်နေ သည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးသာပါဝင်သည်ဟု ကော်မတီက ပြောသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားဦးရေ ၂၈,၆၁၈ ဦးလွတ်ငြိမ်းချမ်းသာခွင့် ပြုထားသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက် ထုတ် နိုင်ငံပိုင် သတင်းစာတွင်ပါရှိသည်။

၂၀၁၂ ခုနှစ်၊ မတိုင်မီက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ရှိခဲ့သည်။

Mizzima - News in Burmese 

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း လယ်ယာမြေပြန်ရရေး ထွန်တုံး တိုက်ပွဲဝင်နေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း လယ်ယာမြေပြန်ရရေး ထွန်တုံး တိုက်ပွဲဝင်နေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးလှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ကျခံနေရသူ နှင့် တရားရင်ဆိုင်နေ ရသူ ၃၀၀ ကျော် ရှိပြီဟု လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင် က အောက်တိုဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
နိုင်ငံရေးအကျဉ်းသားမရှိအောင် လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ်တွင် ကတိပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၇၆ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများနှင့် လယ်ယာမြေအရေး ဆောင်ရွက်သူများ ပြစ်ဒဏ်ကျခံနေရဆဲဟု ၎င်းကဆိုသည်။

“ ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုပေမယ့် အကန့်အသတ်နဲ့ လုပ်နေတာ တွေ့ ရတယ်” ဟု ဦးရဲအောင် က ပြောသည်။ သမ္မတသက်တမ်း လေးနှစ်နီးပါးအတွင်း သမ္မတ၏ ၁၅ ကြိမ်မြောက် အမိန့် ဖြင့် အောက် တိုဘာ ၇ ရက် လွတ်ငြိမ်း ချမ်းသာခွင့်အရ ၃,၀၇၃ ဦးလွတ်မြောက်ရာတွင် လွတ်ရက်နီးကပ်နေ သည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးသာပါဝင်သည်ဟု ကော်မတီက ပြောသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားဦးရေ ၂၈,၆၁၈ ဦးလွတ်ငြိမ်းချမ်းသာခွင့် ပြုထားသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက် ထုတ် နိုင်ငံပိုင် သတင်းစာတွင်ပါရှိသည်။

၂၀၁၂ ခုနှစ်၊ မတိုင်မီက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment