Monday 13 October 2014

လိပ်ကျွန်းလူသတ်မှု ကိစ္စ ဘန်ကောက်ရှိ မြန်မာသံရုံး၊ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့တို့သုံးပွင့်ဆိုင်တွေ့ဆုံမည်

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မကြာခင်ရက်ပိုင်းအတွင်းတွင် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန် သံရုံး၊ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ တို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီး တန်း အရာရှိတစ်ဦးကပြောသည်။

"သေဆုံးတဲ့ ဗြိတိန်နိုင်ငံသား(၂)ဦး၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယ ဖြစ်ခြင်းခံရထားသူ မြန်မာနိုင်ငံသား ဖက်၊ အိမ်ရှင်ထိုင်းနိုင်ငံကတာ ၀န်ရှိသူတွေ ယခုလို တွေ့ဆုံခြင်းဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက် ချက်တွေ ဖြစ်ပေါ်စေ မယ်လို့အပြည့်အ၀ ယုံကြည် ပါတယ်"ဟု ယင်းအကြီးတန်းအရာရှိကပြောသည်။

ထိုင်းနိုင်ငံ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ(၃)နိုင်ငံ ဆက်နွယ်ပတ်သက်နေသော ယခုကိစ္စကို ပြစ်မှု ကျူးလွန်သူ များအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး၊ ပြစ်မှုကျူးလွန်ခြင်း မရှိသူများကို မှားယွင်း အရေးယူမှု မရှိစေရေးအတွက် တရားမျှတမှု ရှိရှိ၊ မှန်မှန်ကန်ကန် တိတိကျကျ ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်မည် ဟု မျှော်လင့်ထားကြောင်း၊ သုံးပွင့်ဆိုင် တွေ့ဆုံမှုမှ ထိုင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တစ်စုံ တစ်ရာ ထိခိုက်စေခြင်း မရှိဘဲ ပါဝင်ပတ်သက်သည့် နိုင်ငံများအကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများ ရှာဖွေတွေ့ရှိမည် ဟု မျှော် လင့်ကြောင်း အဆိုပါ အကြီးတန်းအရာရှိကြီးက ပြောကြားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို သံသယဖြစ်ကာ အဖမ်းခံထားရသော မြန်မာနိုင်ငံသားလူငယ်နှစ် ယောက်၏ မိဘများမှာ ရခိုင်ပြည်နယ်မှ ရန်ကုန်ကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံရှိ အလုပ်သမားများဆိုင်ရာ အကူ အညီပေးရေးနေသောအဖွဲ့(ထိုင်းနိုင်ငံ ပညာရေးနှ င့် ဖွံ့ဖြိုးတိုးတက်ရေး FED)၊ ရခိုင်အမျိုးသား ကွန်ရက်တို့ ၏အကူအညီဖြင့် ထိုင်းနိုင်ငံကို သွားရောက်ရန် ပြင်ဆင်နေကြကြောင်း ၊ထိုင်းနိုင်ငံ ကို မသွားမီကာယကံရှင်များ၏ မိဘများက မီဒီယာ များရှေ့တွင် အောက်တို ဘာ ၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

No comments:

Post a Comment