Monday 13 October 2014

ပဲခူး-စစ်တောင်း တူးမြောင်း ဖော်ထုတ်ပေး၍ သမ္မတကို ကျေးဇူးတင်ကြောင်း ဆန္ဒထုတ်ဖော်

Photo: ပဲခူး-စစ်တောင်း တူးမြောင်း ဖော်ထုတ်ပေး၍ သမ္မတကို ကျေးဇူးတင်ကြောင်း ဆန္ဒထုတ်ဖော်
Monday, October13, 2014

ပဲခူး-စစ်တောင်းတူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြု ပြင်ပေးသည့် သမ္မတ ဦးသိန်းစိန်ကို  ကျေးဇူးတင်သည့်အနေဖြင့် ရွာသားတစ်ထောင်ကျော်က အောက်တိုဘာ ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ပဲခူး-စစ်တောင်း တူးမြောင်းနှင့် ဆက်စပ်နေသည့် ရေနုတ်မြောင်းများ၊ ချောင်းများအား ဆက်လက်တူးဖော်ပေးရန် နှင့် တူးမြောင်းကို ယခုနှစ်ဆန်းတွင် ဖော်ပေးခဲ့သည့်အတွက် သမ္မတကို ကျေးဇူးတင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စုမှ ရွာသားတစ်ထောင်ကျော်က ဆန္ဒဖော်ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

  ‘‘နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ’’၊  ‘‘နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး  အောင်ရေရရှိအောင် ဆောင်ရွက်ပေးသော နိုင်ငံတော်အစိုးရအား ကျေးဇူး တင်ပါသည်’’၊ ‘‘ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်ပြင်ပေးသော လယ် ဆည်ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးတင်ပါသည်’’ဟု ရေးသားထားသော ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်၍  လှည့်လည်ခဲ့ခြင်း ဖြစ်သည်။

‘‘ဆန္ဒထုတ်ဖော်တာက နှစ်ခုပေါ့။ တစ်ခုက ပဲခူး-စစ်တောင်း တူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြုပြင်ပေးတဲ့ သမ္မတကြီးကို  ကျေးဇူးတင်ကြောင်းရယ်၊ နောက်တစ်ခုက ဒီတူးမြောင်းနဲ့ ဆက်စပ်နေတဲ့  ရေနုတ်မြောင်းတွေကို ဆက်ပြီးတူးပေးဖို့ပါ’’ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သူ ဦးမြင့်သိန်းက ပြောသည်။

 သနပ်ပင်မြို့နယ် မင်းရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာနှင့် ဆက်စပ်နေပြီး ပဲခူး-စစ်တောင်း တူးမြောင်းအတွင်းသို့ စီးဝင်သည့် ရေနုတ်မြောင်းများ၊ ချောင်းလက် တက်များကို  ထပ်မံတူးဖော်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ကျေးလက်လမ်းနှင့် တံတားများ ပြုပြင် ပေးရန်လည်း  တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စု ကျွန်းကြီးရွာသား ဦးဟန်မြင့်ကပြောသည်။

‘‘မိုးတွင်းလယ်တွေ မိုးများလို့ရေမြုပ်လည်း ရေနုတ်မြောင်းတွေ ကောင်းသွားရင် ရေဆင်းမြန်တော့ စပါးမသေဘူး။ ရေနုတ်မြောင်းတွေ မကောင်းရင် ရေအိုင်ပြီးတော့ စပါးသေတယ်’’ဟု ၎င်းကပြောသည်။

ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်တူးဖော်ပေးပြီး တာပေါင်လမ်း  ခင်းပေးခဲ့သည့်အတွက်ယင်းတူးမြောင်း  တစ်လျှောက်ရှိ ကျေးရွာသားများ  အဆင်ပြေခဲ့ကြောင်း၊ ရွာအတွင်းရှိလမ်းနှင့် တံတားတို့ကိုလည်း ယင်းကဲ့သို့ ပြုပြင်ပေးစေလို၍ ယခုကဲ့သို့ ဆန္ဒထုတ် ဖော် ရာတွင်ပါဝင်ခဲ့ကြောင်း မင်းရွာကျေးရွာအုပ်စု ကျူချောင်းရွာသားတစ်ဦးက ရှင်းပြသည်။

   ‘‘တူးမြောင်းတူးပေးတဲ့သမ္မတကိုလည်း  ကျေးဇူးတင်တယ်။ ထပ်ပြီးတော့ ကျန်တာလေးတွေလုပ်ပေးဖို့လည်း တောင်းဆိုတာပါ’’ဟု ၎င်းက ပြောသည်။

ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ကို ဆက်သွယ်ထားသော ၃၇ မိုင် ၇ ဖာလုံရှည် သည့် ပဲခူး-စစ် တောင်းတူးမြောင်းကို အင်္ဂလိပ် အစိုးရလက်ထက် ၁၈၇၈ ခုနှစ် တွင် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း၊လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ၂၀၁၄ ဖေဖော်ဝါရီမှစတင်ကာ အဆင့်မြှင့်ပြုပြင်ခဲ့ပြီး ၂၀၁၄ မေလ ၂၅ရက်တွင် တူးမြောင်းပြန်လည်တူးဖော်ခြင်း၊ တာပေါင်ဖို့ခြင်း၊ တာပေါင်ပေါ် တွင် ၂၄ ပေအကျယ်ရှိ ဂ၀ံလမ်းခင်းခြင်းတို့  ပြီးစီးခဲ့ကြောင်း ဆည်မြောင်း ဦးစီးဌာနမှ သတင်းရရှိသည်။

 ဆန္ဒတူညီသည့် တောင်သူများက  သမ္မတကို ကျေးဇူးတင် ကြောင်း  ထုတ်ဖော်လိုခြင်းနှင့် ဒေသဖွံ့ဖြိုးရန် ဆက်လက်တောင်း ဆိုလို၍ ဖြစ်ကြောင်း၊ ဦးဆောင်သူ ဦးမြင့်သိန်းက ဆိုသည်။

‘‘ခွင့်ပြုမိန့်တောင်းတည်းကက ဘယ်ပါတီနဲ့မှ ပတ်သက်ခြင်းမရှိဘူးဆိုပြီး တင်ပြပြီးတောင်းတာ။ ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်သလို NLD နဲ့လည်းမပတ်သက်ဘူး။ ဘယ်အဖွဲ့အစည်းနဲ့မှ  မပတ်သက်ဘူး။ တောင်သူတွေရယ် ဒေသခံပြည်သူအချို့ရယ်ပဲပါတာ’’ဟု ဆန္ဒထုတ်ဖော်ပွဲနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။ 

7Day DAILY 

သနပ်ပင်မြို့နယ် မင်းရွာကျေးရွာသားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ဥသာမင်း)
သနပ်ပင်မြို့နယ် မင်းရွာကျေးရွာသားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ဥသာမင်း)
ပဲခူး-စစ်တောင်းတူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြု ပြင်ပေးသည့် သမ္မတ ဦးသိန်းစိန်ကို  ကျေးဇူး တင်သည့်အနေဖြင့် ရွာသားတစ်ထောင်ကျော်က အောက်တိုဘာ ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ပဲခူး-စစ်တောင်း တူးမြောင်းနှင့် ဆက်စပ်နေသည့် ရေနုတ်မြောင်းများ၊ ချောင်းများအား ဆက်လက်တူးဖော်ပေးရန် နှင့် တူးမြောင်းကို ယခုနှစ်ဆန်းတွင် ဖော်ပေးခဲ့သည့်အတွက် သမ္မတကို ကျေးဇူး တင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စုမှ ရွာသားတစ်ထောင်ကျော်က ဆန္ဒဖော်ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

  ‘‘နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ’’၊  ‘‘နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး  အောင်ရေရရှိအောင် ဆောင် ရွက်ပေးသော နိုင်ငံတော်အစိုးရအား ကျေးဇူး တင်ပါသည်’’၊ ‘‘ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်ပြင် ပေးသော လယ် ဆည်ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးတင်ပါသည်’’ဟု ရေးသားထားသော ဗီနိုင်း ဆိုင်းဘုတ်များကိုင်ဆောင်၍  လှည့်လည်ခဲ့ခြင်း ဖြစ်သည်။

‘‘ဆန္ဒထုတ်ဖော်တာက နှစ်ခုပေါ့။ တစ်ခုက ပဲခူး-စစ်တောင်း တူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည် ပြုပြင် ပေးတဲ့ သမ္မတကြီးကို  ကျေးဇူးတင်ကြောင်းရယ်၊ နောက်တစ်ခုက ဒီတူးမြောင်းနဲ့ ဆက်စပ်နေတဲ့  ရေနုတ်မြောင်းတွေကို ဆက်ပြီးတူးပေးဖို့ပါ’’ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သူ ဦးမြင့်သိန်းက ပြောသည်။

 သနပ်ပင်မြို့နယ် မင်းရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာနှင့် ဆက်စပ်နေပြီး ပဲခူး-စစ်တောင်း တူးမြောင်း အတွင်းသို့ စီးဝင်သည့် ရေနုတ်မြောင်းများ၊ ချောင်းလက် တက်များကို  ထပ်မံတူးဖော်ပေးရန် တောင်းဆို ခဲ့ကြပြီး၊ ကျေးလက်လမ်းနှင့် တံတားများ ပြုပြင် ပေးရန်လည်း  တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စု ကျွန်းကြီးရွာသား ဦးဟန်မြင့်ကပြောသည်။

‘‘မိုးတွင်းလယ်တွေ မိုးများလို့ရေမြုပ်လည်း ရေနုတ်မြောင်းတွေ ကောင်းသွားရင် ရေဆင်းမြန်တော့ စပါးမသေ ဘူး။ ရေနုတ်မြောင်းတွေ မကောင်းရင် ရေအိုင်ပြီးတော့ စပါးသေတယ်’’ဟု ၎င်းကပြောသည်။

ပဲခူး-စစ်တောင်းတူးမြောင်း ပြန်လည်တူးဖော်ပေးပြီး တာပေါင်လမ်း  ခင်းပေးခဲ့သည့်အတွက် ယင်း တူးမြောင်း  တစ်လျှောက်ရှိ ကျေးရွာသားများ  အဆင်ပြေခဲ့ကြောင်း၊ ရွာအတွင်းရှိလမ်းနှင့် တံတား တို့ကို လည်း ယင်းကဲ့သို့ ပြုပြင်ပေးစေလို၍ ယခုကဲ့သို့ ဆန္ဒထုတ် ဖော်ရာတွင်ပါဝင်ခဲ့ကြောင်း မင်းရွာကျေးရွာ အုပ်စု ကျူချောင်းရွာသားတစ်ဦးက ရှင်းပြသည်။

 ‘‘တူးမြောင်းတူးပေးတဲ့သမ္မတကိုလည်း  ကျေးဇူးတင်တယ်။ ထပ်ပြီးတော့ ကျန်တာလေးတွေလုပ်ပေးဖို့ လည်း တောင်းဆိုတာပါ’’ဟု ၎င်းက ပြောသည်။

ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ကို ဆက်သွယ်ထားသော ၃၇ မိုင် ၇ ဖာလုံရှည် သည့် ပဲခူး-စစ်တောင်း တူးမြောင်းကို အင်္ဂလိပ် အစိုးရလက်ထက် ၁၈၇၈ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့ ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ၂၀၁၄ ဖေဖော်ဝါရီမှစတင်ကာ အဆင့်မြှင့်ပြုပြင်ခဲ့ပြီး ၂၀၁၄ မေလ ၂၅ရက်တွင် တူးမြောင်းပြန်လည်တူးဖော်ခြင်း၊ တာပေါင်ဖို့ခြင်း၊ တာပေါင်ပေါ် တွင် ၂၄ ပေအကျယ်ရှိ ဂ၀ံလမ်းခင်းခြင်းတို့  ပြီးစီးခဲ့ကြောင်း ဆည်မြောင်း ဦးစီးဌာနမှ သတင်းရရှိသည်။

 ဆန္ဒတူညီသည့် တောင်သူများက  သမ္မတကို ကျေးဇူးတင် ကြောင်း  ထုတ်ဖော်လိုခြင်းနှင့် ဒေသဖွံ့ဖြိုးရန် ဆက်လက်တောင်း ဆိုလို၍ ဖြစ်ကြောင်း၊ ဦးဆောင်သူ ဦးမြင့်သိန်းက ဆိုသည်။

‘‘ခွင့်ပြုမိန့်တောင်းတည်းကက ဘယ်ပါတီနဲ့မှ ပတ်သက်ခြင်းမရှိဘူးဆိုပြီး တင်ပြပြီးတောင်းတာ။ ပြည်ခိုင်ဖြိုး ပါတီဝင်မဟုတ်သလို NLD နဲ့လည်းမပတ်သက်ဘူး။ ဘယ်အဖွဲ့အစည်းနဲ့မှ  မပတ်သက်ဘူး။ တောင်သူတွေ ရယ် ဒေသခံပြည်သူအချို့ရယ်ပဲပါတာ’’ဟု ဆန္ဒထုတ်ဖော်ပွဲနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။ 

7Day DAILY 

No comments:

Post a Comment