Monday 13 October 2014

Twitter ဝန်ထမ်းများကို ISIS အဖွဲ့က အသက်အန္တရာယ် ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့

Photo: Twitter ဝန်ထမ်းများကို ISIS အဖွဲ့က အသက်အန္တရာယ် ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့
Monday, October13, 2014 

Twitter ၏ ဝန်ထမ်းများသည် ISIS အဖွဲ့ထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒစ်ခ်ကိုစတိုလိုက အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

ကိုစတိုလိုသည် Vanity Fair New Establishment အစည်းအဝေးတွင် Aspen အဖွဲ့အစည်းမှ ဝေါလ်တာ အိုင်ဇက်ဆန်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ စစ်သွေးကြွအဖွဲ့ ISIS အပေါ် ကုမ္ပဏီ၏ တုံ့ပြန်မှု လုပ်ရပ်ကို ပြောကြားခဲ့သည်။ ISIS သည် ၎င်းတို့၏ လုပ်ရပ်များကို ပျံ့နှံ့စေရန် Twitter ကို အသုံးပြုနေကြသည်။ ထိုလုပ်ရပ်နှင့် ပတ်သက်၍ ကိုစတိုလိုက Twitter ကဲ့သို့ အချက်အလက် ဝေမျှသည့် tool သည် ကောင်းမွန်သော လုပ်ရပ်အတွက်သာ အသုံးပြုသင့်သော်လည်း လူများကလည်း မကောင်းသော အကြံအစည်များအတွက် အသုံးချနေကြကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် Twitter အနေဖြင့် ISIS account များကို ဖယ်ရှားပစ်ခဲ့ပြီး ၎င်း account များသည် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ချိုးဖောက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ ISIS အဖွဲ့၏ account များစွာကို ဖျက်သိမ်းပြီးနောက် ၎င်းကိုယ်တိုင်နှင့် Twitter ဝန်ထမ်းများစွာကို ISIS အဖွဲ့အစည်းက အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း ကိုစတိုလိုက ပြောကြားသွားခဲ့သည်။

ISIS အဖွဲ့၏ account များကို ဖျက်သိမ်းပြီးနောက် ၎င်းစစ်သွေးကြွအဖွဲ့နှင့် ဆက်နွယ်သူ လူတစ်စုက Twitter ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဝန်ထမ်းနှင့် အခြားဝန်ထမ်းများကို လုပ်ကြံသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ယခုကိစ္စသည် လူတိုင်း ရင်ဆိုင်နေရသည့် အထိတ်တလန့် ဖြစ်ရပ်ဖြစ်ပြီး ကုမ္ပဏီအတွင်း ၎င်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုမှုများ မြင့်တက်နေကြောင်း ကိုစတိုလိုက အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

အခြား လူမှုရေးမီဒီယာများကဲ့သို့ပင် Twitter သည် စည်းမျဉ်းများ ချိုးဖောက်နေသည့် account များကို ထုတ်ပယ်ခြင်း သို့မဟုတ် တားမြစ်ခြင်းတို့ကို ပြုလုပ်လေ့မရှိပေ။ အကြောင်းအရင်းမှာ Twitter အနေဖြင့် account တစ်ခု၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သည့် စွပ်စွဲချက်များကို ထွက်ပေါ်လာနိုင်သောကြောင့် ဖြစ်ကြောင်း သိရသည်။

Ref: CNET
Internet Journal
Twitter ၏ ဝန်ထမ်းများသည် ISIS အဖွဲ့ထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒစ်ခ်ကိုစတိုလိုက အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။
ကိုစတိုလိုသည် Vanity Fair New Establishment အစည်းအဝေးတွင် Aspen အဖွဲ့အစည်းမှ ဝေါလ်တာ အိုင်ဇက်ဆန်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ စစ်သွေးကြွအဖွဲ့ ISIS အပေါ် ကုမ္ပဏီ၏ တုံ့ပြန်မှုလုပ်ရပ် ကို ပြောကြားခဲ့သည်။ ISIS သည် ၎င်းတို့၏ လုပ်ရပ်များကို ပျံ့နှံ့စေရန် Twitter ကို အသုံးပြုနေကြသည်။ ထိုလုပ်ရပ်နှင့်ပတ်သက်၍ ကိုစတိုလိုက Twitter ကဲ့သို့ အချက်အလက် ဝေမျှသည့် tool သည် ကောင်း မွန်သော လုပ်ရပ်အတွက်သာ အသုံးပြုသင့်သော်လည်း လူများကလည်း မကောင်းသော အကြံအစည်များ အတွက် အသုံးချနေကြကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် Twitter အနေဖြင့် ISIS account များကို ဖယ်ရှားပစ်ခဲ့ပြီး ၎င်း account များသည် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ချိုးဖောက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ ISIS အဖွဲ့၏ account များစွာကို ဖျက်သိမ်းပြီးနောက် ၎င်းကိုယ်တိုင်နှင့် Twitter ဝန်ထမ်းများစွာကို ISIS အဖွဲ့အစည်းက အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း ကိုစတိုလိုက ပြောကြား သွားခဲ့သည်။

ISIS အဖွဲ့၏ account များကို ဖျက်သိမ်းပြီးနောက် ၎င်းစစ်သွေးကြွအဖွဲ့နှင့် ဆက်နွယ်သူ လူတစ်စုက Twitter ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ဝန်ထမ်းနှင့် အခြားဝန်ထမ်းများကို လုပ်ကြံသွားမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း၊ ယခုကိစ္စသည် လူတိုင်း ရင်ဆိုင်နေရသည့် အထိတ်တလန့် ဖြစ်ရပ်ဖြစ်ပြီး ကုမ္ပဏီအတွင်း ၎င်း ကိစ္စနှင့် ပတ်သက်၍ ပြောဆိုမှုများ မြင့်တက်နေကြောင်း ကိုစတိုလိုက အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

အခြား လူမှုရေးမီဒီယာများကဲ့သို့ပင် Twitter သည် စည်းမျဉ်းများ ချိုးဖောက်နေသည့် account များကို ထုတ် ပယ်ခြင်း သို့မဟုတ် တားမြစ်ခြင်းတို့ကို ပြုလုပ်လေ့မရှိပေ။ အကြောင်းအရင်းမှာ Twitter အနေဖြင့် account တစ်ခု၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သည့် စွပ်စွဲချက်များကို ထွက်ပေါ်လာနိုင်သောေ ကြာင့် ဖြစ်ကြောင်း သိရသည်။

Ref: CNET
Internet Journal

No comments:

Post a Comment