Friday 19 December 2014

ဟားမတ်အုပ်စုကို အကြမ်းဖက် အုပ်စုစာရင်းမှ EU တရားရုံး ပယ်ဖျက်

Photo: ဟားမတ်အုပ်စုကို အကြမ်းဖက် အုပ်စုစာရင်းမှ EU တရားရုံး ပယ်ဖျက်
Friday, December 19, 2014 

ဟားမတ် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ကို အကြမ်းဖက်အုပ်စု စာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ အထွေထွေတရားရုံးက ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဟားမတ်ကို အကြမ်းဖက်အဖွဲ့ စာရင်းမှ ဖယ်ရှားလိုက်ခြင်းသည် နည်းပညာဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်ပြီး ဟားမတ်အဖွဲ့အပေါ် အမျိုးအစား သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်မှု မဟုတ် တရားရုံးက ပြောကြားသည်။

ထို့အပြင် ဟားမတ်အဖွဲ့အပေါ် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းထားရန် ဥရောပသမဂ္ဂတရားရုံးက ဆုံးဖြတ်ထားသည်။

ဟားမတ်အုပ်စု၏ စစ်ရေးအဖွဲ့ ဖြစ်သော အတ်အယ်ဒင်ကွက်ဆန် တပ်မဟာများကို အကြမ်းဖက်အဖွဲ့ အဖြစ် ဥရောပသမဂ္ဂအဖွဲ့က ၂၀၀၁ ဒီဇင်ဘာလတွင် သတ်မှတ်လိုက်ပြီး ဟားမတ်အုပ်စုကိုလည်း အကြမ်းဖက်စာရင်းတွင် နောက်နှစ်နှစ် အကြာတွင် ထည့်သွင်းလိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ဟားမတ်အုပ်စုက ကန့်ကွက်ထားသည်။

ဆုံးဖြတ်ချက်များသည် စွမ်းရည်ပြည့်ဝသော အာဏာပိုင်များ၏ ဆုံးဖြတ်ချက်များ၊ စစ်ဆေးတွေ့ရှိမှုများအပေါ် အခြေပြုထားခြင်း မဟုတ်ဘဲ သတင်းမီဒီယာများနှင့် အင်တာနက်တွင် တွေ့ရှိရသည့် အချက်အလက်များ အပေါ်တွင်သာ အတည်ပြုထားခြင်း ဖြစ်သည်ဟု ဥရောပသမဂ္ဂ အထွေထွေတရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ တွေ့ရှိပြီးနောက်တွင် ဟားမတ်အဖွဲ့ကို အကြမ်းဖက်အုပ်စု စာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ တရားရုံးက ဆုံးဖြတ်လိုက်ပြီး အနာဂတ် ရန်ပုံငွေ ထောက်ပံ့မှုများကို ကာကွယ်နိုင်ရန် လက်ရှိ အရေးယူမှုများကို ယာယီ ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားသည်။

ဟားမတ်အုပ်စုနှင့် ပတ်သက်သည့် အရေးယူမှုများကို သုံးလကြာ ဆက်လက်ထားရှိမည် ဖြစ်ပြီး ဥရောပသမဂ္ဂ တရားမျှတမှု တရားရုံးတွင် အယူခံဝင်နိုင်ကြောင်း တရားရုံးက ဖော်ပြထားသည်။

ဥရောပတရားရုံး၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်အမှားကို ပြန်လည်ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း ဟားမတ်အဖွဲ့၏ ဒုတိယ နိုင်ငံရေးခေါင်းဆောင် အဘူမာဆွက်က မှတ်ချက်ပြုလိုက်သည်။

“ဟားမတ်က ခုခံတွန်းလှန်ရေး လှုပ်ရှားမှုအဖွဲ့ပါ။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ သတ်မှတ်ချက်တွေ အရလည်း သိမ်းပိုက်အုပ်စိုးမှုကို ခုခံပိုင်ခွင့် ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဟားမတ်အုပ်စုကို ၁၉၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၆ ခုနှစ် ပါလက်စတိုင်း ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ ယင်းနောက် တစ်နှစ်အကြာတွင်လည်း ဂါဇာဒေသရှိ ပြိုင်ဘက် ဖာတာအဖွဲ့ကို ဖယ်ရှားနိုင်ခဲ့သည်။

အစ္စရေးနိုင်ငံ ဖျက်သိမ်းနိုင်ရေး လုပ်ဆောင်မည်ဟု ဟားမတ်အဖွဲ့၏ ကြေညာစာတမ်းတွင် ဖော်ပြထားသလို တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုကို မလိုလားကြောင်း ထုတ်ပြန်ရန် ငြင်းဆိုခြင်း စသည့် အချက်များကြောင့် အစ္စရေး၊ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများက ဟားမတ်ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

The Voice Weekly
ဟားမတ် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ကို အကြမ်းဖက်အုပ်စု စာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ အထွေထွေ တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဟားမတ်ကို အကြမ်းဖက်အဖွဲ့ စာရင်းမှ ဖယ်ရှားလိုက်ခြင်းသည် နည်းပညာဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်ပြီး ဟားမတ်အဖွဲ့အပေါ် အမျိုးအစား သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်မှု မဟုတ် တရားရုံးက ပြောကြား သည်။

ထို့အပြင် ဟားမတ်အဖွဲ့အပေါ် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းထားရန် ဥရောပသမဂ္ဂတရားရုံးက ဆုံးဖြတ် ထားသည်။

ဟားမတ်အုပ်စု၏ စစ်ရေးအဖွဲ့ ဖြစ်သော အတ်အယ်ဒင်ကွက်ဆန် တပ်မဟာများကို အကြမ်းဖက်အဖွဲ့ အဖြစ် ဥရောပသမဂ္ဂအဖွဲ့က ၂၀၀၁ ဒီဇင်ဘာလတွင် သတ်မှတ်လိုက်ပြီး ဟားမတ်အုပ်စုကိုလည်း အကြမ်းဖက် စာရင်း တွင် နောက်နှစ်နှစ် အကြာတွင် ထည့်သွင်းလိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ဟားမတ်အုပ်စုက ကန့်ကွက်ထားသည်။

ဆုံးဖြတ်ချက်များသည် စွမ်းရည်ပြည့်ဝသော အာဏာပိုင်များ၏ ဆုံးဖြတ်ချက်များ၊ စစ်ဆေးတွေ့ရှိမှုများ အပေါ် အခြေပြုထားခြင်း မဟုတ်ဘဲ သတင်းမီဒီယာများနှင့် အင်တာနက်တွင် တွေ့ရှိရသည့် အချက် အလက်များ အပေါ်တွင်သာ အတည်ပြုထားခြင်း ဖြစ်သည်ဟု ဥရောပသမဂ္ဂ အထွေထွေတရားရုံးက စစ်ဆေး တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ တွေ့ရှိပြီးနောက်တွင် ဟားမတ်အဖွဲ့ကို အကြမ်းဖက်အုပ်စု စာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ တရားရုံးက ဆုံးဖြတ်လိုက်ပြီး အနာဂတ် ရန်ပုံငွေ ထောက်ပံ့မှုများကို ကာကွယ်နိုင်ရန် လက်ရှိ အရေးယူမှု များကို ယာယီ ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားသည်။

ဟားမတ်အုပ်စုနှင့် ပတ်သက်သည့် အရေးယူမှုများကို သုံးလကြာ ဆက်လက်ထားရှိမည် ဖြစ်ပြီး ဥရောပ သမဂ္ဂ တရားမျှတမှု တရားရုံးတွင် အယူခံဝင်နိုင်ကြောင်း တရားရုံးက ဖော်ပြထားသည်။

ဥရောပတရားရုံး၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်အမှားကို ပြန်လည်ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း ဟားမတ် အဖွဲ့၏ ဒုတိယ နိုင်ငံရေးခေါင်းဆောင် အဘူမာဆွက်က မှတ်ချက်ပြုလိုက်သည်။

“ဟားမတ်က ခုခံတွန်းလှန်ရေး လှုပ်ရှားမှုအဖွဲ့ပါ။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ သတ်မှတ်ချက်တွေ အရလည်း သိမ်းပိုက်အုပ်စိုးမှုကို ခုခံပိုင်ခွင့် ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဟားမတ်အုပ်စုကို ၁၉၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၆ ခုနှစ် ပါလက်စတိုင်း ပါလီမန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ ယင်းနောက် တစ်နှစ်အကြာတွင်လည်း ဂါဇာဒေသရှိ ပြိုင်ဘက် ဖာတာ အဖွဲ့ ကို ဖယ်ရှားနိုင်ခဲ့သည်။

အစ္စရေးနိုင်ငံ ဖျက်သိမ်းနိုင်ရေး လုပ်ဆောင်မည်ဟု ဟားမတ်အဖွဲ့၏ ကြေညာစာတမ်းတွင် ဖော်ပြ ထားသလို တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုကို မလိုလားကြောင်း ထုတ်ပြန်ရန် ငြင်းဆိုခြင်း စသည့် အချက်များကြောင့် အစ္စရေး၊ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများက ဟားမတ်ကို အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ထားသည်။

The Voice Weekly 

No comments:

Post a Comment