Friday 19 December 2014

လိပ်ကျွန်းလူသတ်မှု ဗြိတိန်နိုင်ငံသား နှစ်ဦးကို စစ်ဆေးရန် မြန်မာတောင်းဆို

Photo: လိပ်ကျွန်းလူသတ်မှု ဗြိတိန်နိုင်ငံသား နှစ်ဦးကို စစ်ဆေးရန် မြန်မာတောင်းဆို
Friday, December 19, 2014

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်စုံတွဲ အသတ်ခံခဲ့ရသည့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်းအမှုတွင် အဓိကသက် သေဖြစ်နိုင် သည်ဟု ယူဆရသူ သေဆုံးသူနှစ်ဦး၏ သူငယ်ချင်း ရှောင်မတ်အန်နာနှင့် ခရစ္စတိုဖာတို့ကို ခေါ်ယူစစ်ဆေးပေးရန် ကော့စမွေ တရားရုံးသို့ လျှောက်ထားပြီးဖြစ်သည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

လျှောက်ထားမှုကို ဒီဇင်ဘာ ၁၂ ရက် တွင်ပြုလုပ်ထားပြီးဖြစ်သည်ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ဒီဇင်ဘာ ၁၈ ရက် က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

ခရစ္စတိုဖာနှင့် ရှောင်မတ်တို့သည် လူသတ်မှု မဖြစ်ပေါ်ခင်နှင့် ဖြစ်ပေါ်ပြီး အချိန်အထိ ဗြိတိန်နိုင်ငံသားသေ ဆုံးသူစုံတွဲနှင့် အတူတကွ ရှိခဲ့သူများဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သည် အမှုနှင့် ပတ်သက်သူများ မဟုတ်ဟု ယူဆကာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာခွင့် ပေးလိုက်ပြီး ဖြစ်သည်။

စကော့တလန် စုံစမ်းရေးအဖွဲ့က လာရောက်စုံစမ်းမှုများ၊ သက်သေရယူမှုများတွင် မြန်မာအဖွဲ့က ပူးပေါင်းခွင့် မရရှိခဲ့သည့်အပြင် တောင်းဆိုထားသည့် နှစ်ဦးကို စကော့တလန်ရဲက မစစ်ဆေးခဲ့ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သေဒဏ်ချမှတ်နိုင်သည့် အမှုအတွက်မျက်မြင် သက်သေအထောက်အထားရရှိရန် လိုအပ်သော်လည်း မျက်မြင်မရှိသဖြင့် ဒီအင်န်အေ၊ စီစီတီဗီမှ အထောက်အထားတို့အပေါ် အခြေပြုကာ သက်သေအဖြစ် တင်ပြထားကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က တင်ပြခဲ့သည့် စီစီတီဗီမှတ်တမ်းများတွင် မူလထက် ၂၄ ကွက်ထိလျော့ နေပြီး ဒီအင်န်အေ စစ်ဆေးမှုတွင်လည်း သက်သေအဖြစ်သတ်မှတ်နိုင်သည့် လုံလောက်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိဟု ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးကို ခေါ်ယူစစ်ဆေးခွင့်ရ မရကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည့် အမှုရုံးချိန်းတွင် ကော့စမွေ ခရိုင် တရားသူကြီးက ဆုံးဖြတ်မည် ဖြစ်သည်။

မြန်မာ၊ ထိုင်းနှင့် အင်္ဂလန်နိုင်ငံတို့ ပတ်သက်နေသည့် လိပ်ကျွန်းလူသတ်မှု အရေးလိုက်ပါဆောင်ရွက်နေ သည့် မြန်မာ သံရုံးအထူးအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က သွယ်ဝိုက်ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဦးထူးချစ်က ဆိုသည်။

မြန်မာနှစ်ဦး အမှုအတွက် မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ခေါင်းဆောင်ကာ ရှေ့နေဦးအောင်မျိုးသန့်၊ ထိုင်းရောက် မြန်မာနိုင်ငံသားများ ကူညီရေးအဖွဲ့အမှုဆောင် ဦးကျော်သောင်း၊ ဦးထူးချစ်နှင့် ဦးမင်းဦးတို့က ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာ နှစ်ဦး၏ အမှုကို မြန်မာသံရုံးအထူးအဖွဲ့နှင့် အတူ ထိုင်းလူ့အခွင့်အ ရေး ကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီတို့က လိုက်လံကူညီနေပြီး ချေပနိုင်မည့် သက်သေများကို အဖွဲ့ အလိုက်ခွဲကာ ပြင်ဆင်ပြီး ဖြစ်သည်ဟု ကိုအောင်မျိုးသန့်က ဆိုသည်။

မြန်မာနှစ်ဦးအမှုအပေါ် လိုက်လံထွက်ဆိုပေးမည့် သက်သေများကလုံခြုံရေးကြောင့် ဆောင်ရွက်ပေးရန် အခက်အခဲရှိနေပြီး လိုအပ်သည့် ကူညီထောက်ပံ့ပေးနိုင်မည့် ဒီအင်အေနှင့် မှုခင်းနားလည်တတ်ကျွမ်း သူ အဖွဲ့များကို မြန်မာအစိုးရကစေလွှတ်ပေးရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၆ ရက် ရုံးချိန်းတွင်အမှု ရင်ဆိုင်နေရသူ မိသားစုဝင်များ တွေ့ဆုံရေးအတွက် ဒုတိယအကြိမ် ခေါ်ဆောင်ရန် စီစဉ်နေသည်။

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သည့် လပြည့်ည ပွဲတော်အတွင်း ဗြိတိန်စုံတွဲ အသတ်ခံရမှုကို မြန်မာနှစ်ဦး ကျူးလွန်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

Mizzima - News in Burmese
ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်စုံတွဲ အသတ်ခံခဲ့ရသည့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်းအမှုတွင် အဓိကသက် သေဖြစ်နိုင် သည်ဟု ယူဆရသူ သေဆုံးသူနှစ်ဦး၏ သူငယ်ချင်း ရှောင်မတ်အန်နာနှင့် ခရစ္စတိုဖာတို့ကို ခေါ်ယူစစ်ဆေးပေးရန် ကော့စမွေ တရားရုံးသို့ လျှောက်ထားပြီးဖြစ်သည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

လျှောက်ထားမှုကို ဒီဇင်ဘာ ၁၂ ရက် တွင်ပြုလုပ်ထားပြီးဖြစ်သည်ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ဒီဇင်ဘာ ၁၈ ရက် က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

ခရစ္စတိုဖာနှင့် ရှောင်မတ်တို့သည် လူသတ်မှု မဖြစ်ပေါ်ခင်နှင့် ဖြစ်ပေါ်ပြီး အချိန်အထိ ဗြိတိန်နိုင်ငံသားသေ ဆုံးသူစုံတွဲနှင့် အတူတကွ ရှိခဲ့သူများဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သည် အမှုနှင့် ပတ်သက်သူများ မဟုတ်ဟု ယူဆကာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာခွင့် ပေးလိုက်ပြီး ဖြစ်သည်။

စကော့တလန် စုံစမ်းရေးအဖွဲ့က လာရောက်စုံစမ်းမှုများ၊ သက်သေရယူမှုများတွင် မြန်မာအဖွဲ့က ပူးပေါင်း ခွင့် မရရှိခဲ့သည့်အပြင် တောင်းဆိုထားသည့် နှစ်ဦးကို စကော့တလန်ရဲက မစစ်ဆေးခဲ့ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သေဒဏ်ချမှတ်နိုင်သည့် အမှုအတွက်မျက်မြင် သက်သေအထောက်အထားရရှိရန် လိုအပ်သော်လည်း မျက်မြင်မရှိသဖြင့် ဒီအင်န်အေ၊ စီစီတီဗီမှ အထောက်အထားတို့အပေါ် အခြေပြုကာ သက်သေအဖြစ် တင်ပြထားကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က တင်ပြခဲ့သည့် စီစီတီဗီမှတ်တမ်းများတွင် မူလထက် ၂၄ ကွက်ထိလျော့ နေပြီး ဒီအင်န်အေ စစ်ဆေးမှုတွင်လည်း သက်သေအဖြစ်သတ်မှတ်နိုင်သည့် လုံလောက် သော စစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိဟု ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးကို ခေါ်ယူစစ်ဆေးခွင့်ရ မရကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည့် အမှုရုံးချိန်းတွင် ကော့စမွေ ခရိုင် တရားသူကြီးက ဆုံးဖြတ်မည် ဖြစ်သည်။

မြန်မာ၊ ထိုင်းနှင့် အင်္ဂလန်နိုင်ငံတို့ ပတ်သက်နေသည့် လိပ်ကျွန်းလူသတ်မှု အရေးလိုက်ပါဆောင်ရွက်နေ သည့် မြန်မာ သံရုံးအထူးအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က သွယ်ဝိုက်ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဦးထူးချစ်က ဆိုသည်။

မြန်မာနှစ်ဦး အမှုအတွက် မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ခေါင်းဆောင်ကာ ရှေ့နေဦးအောင်မျိုးသန့်၊ ထိုင်းရောက် မြန်မာနိုင်ငံသားများ ကူညီရေးအဖွဲ့အမှုဆောင် ဦးကျော်သောင်း၊ ဦးထူးချစ်နှင့် ဦးမင်းဦးတို့က ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာ နှစ်ဦး၏ အမှုကို မြန်မာသံရုံးအထူးအဖွဲ့နှင့် အတူ ထိုင်းလူ့အခွင့်အ ရေး ကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီတို့က လိုက်လံကူညီနေပြီး ချေပနိုင်မည့် သက်သေများကို အဖွဲ့ အလိုက်ခွဲကာ ပြင်ဆင်ပြီး ဖြစ်သည်ဟု ကိုအောင်မျိုးသန့်က ဆိုသည်။

မြန်မာနှစ်ဦးအမှုအပေါ် လိုက်လံထွက်ဆိုပေးမည့် သက်သေများကလုံခြုံရေးကြောင့် ဆောင်ရွက်ပေးရန် အခက်အခဲရှိနေပြီး လိုအပ်သည့် ကူညီထောက်ပံ့ပေးနိုင်မည့် ဒီအင်အေနှင့် မှုခင်းနားလည်တတ်ကျွမ်း သူ အဖွဲ့များကို မြန်မာအစိုးရကစေလွှတ်ပေးရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၆ ရက် ရုံးချိန်းတွင်အမှု ရင်ဆိုင်နေရသူ မိသားစုဝင်များ တွေ့ဆုံရေးအတွက် ဒုတိယအကြိမ် ခေါ်ဆောင်ရန် စီစဉ်နေသည်။

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သည့် လပြည့်ည ပွဲတော်အတွင်း ဗြိတိန်စုံတွဲ အသတ်ခံရမှုကို မြန်မာနှစ်ဦး ကျူးလွန်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

Mizzima - News in Burmese

No comments:

Post a Comment