Friday 19 December 2014

တရားစီရင်ရေးစနစ် အားနည်းနေဆဲပဲလို့ ဦးအောင်ကို ဝေဖန်

Photo: တရားစီရင်ရေးစနစ် အားနည်းနေဆဲပဲလို့ ဦးအောင်ကို ဝေဖန်
Friday, December 19, 2014

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီလို့ ပြောဆိုနေကြပေမယ့် တရားစီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ဒီနေ့ခေတ် မြန်မာ့တရားစီရင်ရေးစနစ်အပေါ် ဘယ်လိုရှုမြင်သလဲဆိုတာကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဂတိလိုက်စားမှုတွေ အတော်များများရှိနေကြောင်း ပြောသွားပါတယ်။

"အဓိကကတော့လေ တရားရေးနယ်ပယ်မှာပေါ့၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေဟာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးအားကောင်းနေဆဲ ဖြစ်ပါတယ်၊ ငွေများတရားနိုင် အင်အားကြီးသူ အနိုင်ယူ"

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောသွားတာပါ။

ဒါ့အပြင် အခုအခါ သတင်းတွေထဲမှာ အဆက်မပြတ် ကြားနေကြရတဲ့ လယ်မြေ ယာမြေသိမ်းခံရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လယ်သမားတွေကိုအပြစ်ပေး ထောင်ချနေတာတွေကလည်း နိုင်ငံအတွက် အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ သူကပြောပါတယ်၊
နို်င်ငံအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့လည်း ၄-ပွင့်၊ ၆-ပွင့်၊ ၁၂-ပွင့် ဆိုပြီး အမျိုးမျိုးပြောဆိုနေကြပေမယ့် ပဏာမအဆင့်အနေနဲ့ လူနည်းနည်းနဲ့ စတင်ပြုလုပ်ပြီး အရှိန်ရလာတဲ့အခါမှ တိုးချဲ့သွားသင့်တယ်လို့ ယုံကြည်ကြောင်းလည်း ပြောသွားပါတယ်။

RFA
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီလို့ ပြောဆိုနေကြပေမယ့် တရားစီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ဒီနေ့ခေတ် မြန်မာ့တရားစီရင်ရေးစနစ်အပေါ် ဘယ်လိုရှုမြင်သလဲဆိုတာကို RFA က ဆက်သွယ်မေးမြန်း ရာမှာ အဂတိလိုက်စားမှုတွေ အတော်များများရှိနေကြောင်း ပြောသွားပါတယ်။

"အဓိကကတော့လေ တရားရေးနယ်ပယ်မှာပေါ့၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေဟာ အတိုင်း အတာတစ်ခုအထိ လွှမ်းမိုးအားကောင်းနေဆဲ ဖြစ်ပါတယ်၊ ငွေများတရားနိုင် အင်အားကြီးသူ အနိုင်ယူ"

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောသွားတာပါ။

ဒါ့အပြင် အခုအခါ သတင်းတွေထဲမှာ အဆက်မပြတ် ကြားနေကြရတဲ့ လယ်မြေယာမြေသိမ်းခံရတဲ့ ကိစ္စ တွေနဲ့ ပတ်သက်ပြီး လယ်သမားတွေကိုအပြစ်ပေး ထောင်ချနေတာတွေကလည်း နိုင်ငံအတွက် အရုပ် ဆိုး အကျည်းတန်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ သူကပြောပါတယ်၊ နို်င်ငံအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်လို့လည်း ၄-ပွင့်၊ ၆-ပွင့်၊ ၁၂-ပွင့် ဆိုပြီး အမျိုးမျိုးပြောဆိုနေကြပေမယ့် ပဏာမ အဆင့်အနေနဲ့ လူနည်းနည်းနဲ့ စတင်ပြုလုပ်ပြီး အရှိန်ရလာတဲ့အခါမှ တိုးချဲ့သွားသင့်တယ်လို့ ယုံကြည် ကြောင်းလည်း ပြောသွားပါတယ်။

RFA

No comments:

Post a Comment