Friday 19 December 2014

အင်ဂျင်နီယာ၊ ဆရာဝန်၊ ဥပဒေ၊ စိုက်ပျိုးရေး ဘွဲ့ရသူများထဲမှ မြို့တော်ဝန် အကြံပြုထောက်ခံသူလေးဦး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဖြစ်မည်

မန္တလေး မြို့တော်စည်ပင်သာ ယာရေးကော်မတီကို ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ မြို့တော်စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းခဲ့ရာ ကော်မတီတွင် မြို့တော်ဝန်၏ ထောက်ခံအကြံပြုချက်ဖြင့် အင်ဂျင်နီယာဘွဲ့ရပညာရှင်တစ်ဦး၊ ဆရာဝန်ဘွဲ့ရ ပညာရှင် တစ်ဦး၊ ဥပဒေဘွဲ့ရ ပညာရှင်တစ်ဦး၊ စိုက်ပျိုးရေး(သို့မဟုတ်) သစ်တော(သို့မဟုတ်) ပတ်ဝန်းကျင် ထိန်း သိမ်း ရေး ပညာရှင်တစ်ဦးတို့ ဖြင့် ရွေးချယ်ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီကို နိုင်ငံသား ၁၃ဦး (သို့မဟုတ်) ၁၅ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး ၁၃ ဦးဖြင့် ဖွဲ့စည်းရာတွင် တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်)က ဥက္ကဋ္ဌ၊ ရွေးချယ်ခံ ကိုယ်စားလှယ်ခြောက်ဦး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ခန့်အပ်တာဝန်ပေး မည့် ကော်မတီဝင် လေးဦး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှခန့်အပ်သည့် အတွင်း ရေးမှူးတစ်ဦး၊ ကော်မတီရုံးအကြီးအ မှူးတစ်ဦး (တွဲဖက်အတွင်းရေးမှူး)တို့ ပါရှိရမည်ဖြစ်သည်။

၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဆိုပါက ရွေးချယ်ခံ ကိုယ်စားလှယ်တစ်ဦးနှင့် အင်ဂျင်နီယာ တစ်ဦးတို့ ထပ်မံထည့် သွင်းဖွဲ့စည်းရမည်ဖြစ်ကြောင်း စည် ပင်သာယာဥပဒေ၌ ဖော်ပြပါရှိသည်။

ရွေးချယ်ခံကိုယ်စားလှယ်များ အဖြစ် မြို့တော်စည်ပင်နယ်နိမိတ်အ တွင်းရှိမြို့နယ်များမှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျ ရွေးချယ် မည်ဖြစ်ပြီး ရွေးချယ်ခံကိုယ်စားလှယ်များထဲမှ ဒုတိယဥက္ကဋ္ဌ(ဒုတိယ မြို့တော်ဝန်)ကို ထပ်မံရွေးချယ်တာဝန်ပေးရ မည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ရာတွင် အသက် ၃ဝ နှစ်ပြည့်ပြီးသူ၊ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူ၊ ဘွဲ့တစ်ခုခုရရှိပြီးသူ၊ သက်ဆိုင်ရာမြို့နယ်အတွင်း အနည်း ဆုံး ၁ဝ နှစ်အထက်နေထိုင်သူနှင့် အခြားအချက်အလက်များ ပါရှိ သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို မြို့တော်စည်ပင်သာယာ ရေးလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နိုင်ရန်အတွက် ပညာရှင်များ ပါဝင်စေရန် တိုင်းဒေသကြီးအစိုးရမှ ခန့်အပ်မည့် ကော်မတီဝင် များကို ပညာရှင်များဖြင့် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် ရခြင်းဖြစ်ကြောင်းသိရသည်။

TheYangonTimes‬

No comments:

Post a Comment