Friday 19 December 2014

အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာ မသန်စွမ်းသူများက အခွင့်အရေး အဆုံးရှုံးဆုံး

Photo: အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာ မသန်စွမ်းသူများက အခွင့်အရေး အဆုံးရှုံးဆုံး
Friday, December 19, 2014

အာဆီယံ ၁၀ နိုင်ငံရှိ မသန်စွမ်းသူများ အခွင့်အရေးရရှိမှုတွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေး ရရှိမှုသည် အနိမ့်ဆုံးအဆင့်တွင်ရှိသည်ဟု အာဆီယံ မသန်စွမ်းဖိုရမ် ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ဒီဇင်ဘာ ၁၈ ရက်က အာဆီယံ မသန်စွမ်းဖိုရမ်အပြီးတွင် ဆီဒိုးနားဟိုတယ်၌ မီဒီယာများကို ပြောသည်။

"အာဆီယံနိုင်ငံ ၁၀ ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတောင်မတူဘူး၊ ကျွန်တော်တို့နိုင်ငံ အနေနဲ့ တော်တော်လိုက်ရမယ်။ လာအို၊ ကမ္ဘောဒီးယားတို့ ဆိုရင်လည်း မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက ကျွန်တော်တို့ထက်သာတယ်၊ မသန်စွမ်းနဲ့ပတ်သက်ပြီး ပညာရေး၊ ကျန်းမားရေး ဘယ်အပိုင်းပဲ ပြောပြော အဘက်ဘက်က အားနည်းနေသေးတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံရှိ မသန်စွမ်းသူများသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ အာဆီယံနိုင်ငံများနှင့် ယှဉ်လျင် အနိမ့်ဆုံးရောက်နေခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းအတွက်ကြောင့် ဒီဇင်ဘာ ၁၇ရက်နှင့် ၁၈ရက် နှစ်ရက်တာ ရန်ကုန်မြို့၌ ကျင်းပသည့် အာဆီယံ မသန်စွမ်းဖိုရမ်၌ အာဆီယံ မသန်စွမ်းသူများ၏ အလုပ်အကိုင်၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးဖြစ်စဉ်များ၌ ပါဝင်ခွင့်၊ ပြည်သူ့ရေးရာမှုဝါဒများ၊ ပဋိပက္ခဖြစ်စဉ်အတွင်း မသန်စွမ်း ဖြစ်သွားရသူများ၏ အခွင့်အရေး၊ မသန်စွမ်း အမျိုးသမီးများ၏ အခန်းဂဏ္ဍ၊ မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများအပြင် ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများ စသည့် အချက်များကို အာဆီယံ ၁၀နိုင်ငံမှ မသန်စွမ်းခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။
 
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွက် ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို လာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်၌ တင်သွင်းရန် ရှိနေသည်။

အာဆီယံ မသန်စွမ်းသူများဖိုရမ်အတွင်း ဆွေးနွေးခဲ့သည့် အချက်များကို အာဆီယံထိပ်သီးအစည်းအဝေးပွဲ အပါအဝင် မသန်စွမ်းသူများနှင့် ပတ်သက်၍ မူဝါဒများချမှတ်ရာ၌ အသုံးပြုသွားမည်ဟု အာဆီယံ မသန်စွမ်းဖိုရမ်ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ပြောသည်။

အာဆီယံတွင် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီပွားရေး မဏ္ဍိုင်နှင့် လူမှုရေးနှင့် ယဉ်ကျေးမှုမဏ္ဍိုင်ကြီး (၃)ခု၌ မသန်စွမ်းသူများကို ယဉ်ကျေးမှု မဏ္ဍိုင်အောက်တွင် ထားခဲ့သည် မှာမသန်စွမ်းသူတွေကို ခွဲခြားထားခြင်းဖြစ်သည်ဟု၎င်း ကဆိုသည်။

မသန်စွမ်းသူများကို ခွဲခြားမှု ဆိုရာ၌ အာဆီယံတွင်လည်း နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်၊ လူမှုရေးနှင့် ယဉ်ကျေးမှု မဏ္ဍိုင်ဟူသည့် မဏ္ဍိုင်သုံးရပ်တွင် မသန်စွမ်းသူများကို ယဉ်ကျေးမှု မဏ္ဍိုင်အောက်တွင်သာ ထားရှိခြင်းသည် ခွဲခြားရာ ရောက်နေပြီး မသန်စွမ်းသူများအား နိုင်ငံရေး၊ စီးပွားရေးမဏ္ဍိုင်များတွင် ပါဝင်ခွင့် မရှိသည့် သဘော သက်ရောက်နေသည်။ ယင်းအချက်များကို အာဆီယံ မသန်စွမ်းဖိုရမ်၌ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့ကို မဏ္ဍိုင်တိုင်းနဲ့ဆိုင်တယ်။ ထည့်စဉ်းစားဖို့လိုတယ်။ မူဝါဒ ပြဋ္ဌာန်းတိုင်းမှာလည်း ဒါကိုတောင်းဆိုမယ်"ဟု ဦးနေလင်းစိုးက ဆိုသည်။

အာဆီယံ မသန်စွမ်း ဖိုရမ်ကို မြန်မာနိုင်ငံတွင် (၄)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီယား၊ ထိုင်းနိုင်ငံတို့တွင် ကျင်းပခဲ့သည်။ လာမည့် ၂၀၁၅ခုနှစ်တွင်မူ မလေးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese 

အာဆီယံ မသန်စွမ်းသူများ ဖိုရမ် မြန်မာကို ဒီဇင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် စတင်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အာဆီယံ မသန်စွမ်းသူများ ဖိုရမ် မြန်မာကို ဒီဇင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် စတင်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
အာဆီယံ ၁၀ နိုင်ငံရှိ မသန်စွမ်းသူများ အခွင့်အရေးရရှိမှုတွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့် အရေး ရရှိမှုသည် အနိမ့်ဆုံးအဆင့်တွင်ရှိသည်ဟု အာဆီယံ မသန်စွမ်းဖိုရမ် ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ဒီဇင်ဘာ ၁၈ ရက်က အာဆီယံ မသန်စွမ်းဖိုရမ်အပြီးတွင် ဆီဒိုးနားဟိုတယ်၌ မီဒီယာ များကို ပြောသည်။

"အာဆီယံနိုင်ငံ ၁၀ ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတောင်မတူဘူး၊ ကျွန်တော်တို့နိုင်ငံ အနေနဲ့ တော်တော် လိုက် ရမယ်။ လာအို၊ ကမ္ဘောဒီးယားတို့ ဆိုရင်လည်း မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက ကျွန်တော်တို့ထက်သာတယ်၊ မသန်စွမ်းနဲ့ပတ်သက်ပြီး ပညာရေး၊ ကျန်းမားရေး ဘယ်အပိုင်းပဲ ပြောပြော အဘက်ဘက်က အားနည်းနေသေးတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံရှိ မသန်စွမ်းသူများသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ အာဆီယံနိုင်ငံများနှင့် ယှဉ်လျင် အနိမ့်ဆုံးရောက်နေခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းအတွက်ကြောင့် ဒီဇင်ဘာ ၁၇ရက်နှင့် ၁၈ရက် နှစ်ရက်တာ ရန်ကုန်မြို့၌ ကျင်းပသည့် အာဆီယံ မသန်စွမ်းဖိုရမ်၌ အာဆီယံ မသန်စွမ်းသူများ၏ အလုပ်အကိုင်၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးဖြစ်စဉ်များ၌ ပါဝင်ခွင့်၊ ပြည်သူ့ရေးရာမှုဝါဒများ၊ ပဋိပက္ခဖြစ်စဉ်အတွင်း မသန်စွမ်း ဖြစ်သွားရသူများ၏ အခွင့်အရေး၊ မသန်စွမ်း အမျိုးသမီးများ၏ အခန်းဂဏ္ဍ၊ မသန်စွမ်း ကလေးသူငယ်များ၏ အခွင့်အရေးများအပြင် ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများ စသည့် အချက် များ ကို အာဆီယံ ၁၀နိုင်ငံမှ မသန်စွမ်းခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွက် ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို လာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်၌ တင်သွင်းရန် ရှိနေသည်။

အာဆီယံ မသန်စွမ်းသူများဖိုရမ်အတွင်း ဆွေးနွေးခဲ့သည့် အချက်များကို အာဆီယံထိပ်သီးအစည်းအဝေးပွဲ အပါအဝင် မသန်စွမ်းသူများနှင့် ပတ်သက်၍ မူဝါဒများချမှတ်ရာ၌ အသုံးပြုသွားမည်ဟု အာဆီယံ မသန်စွမ်းဖိုရမ်ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ပြောသည်။

အာဆီယံတွင် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီပွားရေး မဏ္ဍိုင်နှင့် လူမှုရေးနှင့် ယဉ်ကျေးမှုမဏ္ဍိုင်ကြီး (၃)ခု၌ မသန်စွမ်းသူများကို ယဉ်ကျေးမှု မဏ္ဍိုင်အောက်တွင် ထားခဲ့သည် မှာမသန်စွမ်းသူတွေကို ခွဲခြား ထားခြင်းဖြစ်သည်ဟု၎င်း ကဆိုသည်။

မသန်စွမ်းသူများကို ခွဲခြားမှု ဆိုရာ၌ အာဆီယံတွင်လည်း နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်၊ လူမှုရေးနှင့် ယဉ်ကျေးမှု မဏ္ဍိုင်ဟူသည့် မဏ္ဍိုင်သုံးရပ်တွင် မသန်စွမ်းသူများကို ယဉ်ကျေးမှု မဏ္ဍိုင် အောက်တွင်သာ ထားရှိခြင်းသည်ခွဲခြားရာရောက်နေပြီး မသန်စွမ်းသူများအား နိုင်ငံရေး၊ စီးပွားရေး မဏ္ဍိုင် များတွင် ပါဝင်ခွင့်မရှိသည့် သဘောသက်ရောက်နေသည်။ ယင်းအချက်များကို အာဆီယံ မသန်စွမ်းဖိုရမ်၌ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့ကို မဏ္ဍိုင်တိုင်းနဲ့ဆိုင်တယ်။ ထည့်စဉ်းစားဖို့လိုတယ်။ မူဝါဒ ပြဋ္ဌာန်းတိုင်းမှာလည်း ဒါကို တောင်းဆိုမယ်"ဟု ဦးနေလင်းစိုးက ဆိုသည်။

အာဆီယံ မသန်စွမ်း ဖိုရမ်ကို မြန်မာနိုင်ငံတွင် (၄)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီယား၊ ထိုင်းနိုင်ငံတို့တွင် ကျင်းပခဲ့သည်။ လာမည့် ၂၀၁၅ခုနှစ်တွင်မူ မလေးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment