Friday 19 December 2014

အိန္ဒိယနိုင်ငံက အကြီးဆုံးဒုံးပျံနှင့် လူထိန်းချုပ်စရာ မလိုသည့် အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်

Photo: အိန္ဒိယနိုင်ငံက အကြီးဆုံးဒုံးပျံနှင့် လူထိန်းချုပ်စရာ မလိုသည့် အာကာသ ယာဉ်ကို အောင်မြင်စွာ လွှတ်တင်
Thursday, December 18, 2014

အိန္ဒိယနိုင်ငံသည် အာကာသ ယာဉ်မှူးများ လိုက်ပါနိုင်သည့် လူထိန်းချုပ်စရာ မလိုသော အာကာသယာဉ် တစ်စင်းနှင့် ယင်း၏ အကြီးဆုံးသော ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ သောကြောင့် အာကာသ လေ့လာမှု နယ်ပယ်တွင် ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

၆၃၀ တန်ရှိ အဆိုပါ GSLV MK III ဂြိုဟ်တုလွှတ်တင်ယာဉ်ကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက တောင်ပိုင်းပြည်နယ် အန်ဒရာ ပရာဒက်ရှ် ပြည်နယ် ဆရီဟာရီကိုတာ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခု ဒုံးပျံသစ်သည် ပိုမိုလေးလံသော ဂြိုလ်တုများကို အာကာသ ထဲသို့ သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။

အိန္ဒိယသည် ပြီးခဲ့သည့်နှစ်များက ပေါ့ပါးသော ဂြိုလ်တုများကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော်လည်း ဂြိုလ်တု တွင် ပါရှိသော ပိုမိုလေးလံ သည့် ပစ္စည်းကိရိယာများကို သယ်ယူရာတွင် အခက်အခဲများရှိခဲ့သည်။ယခု ဒုံးပျံသစ်သည် ကီလိုဂရမ် ၄,၀၀၀ ရှိ ဆက်သွယ်ရေး ဂြိုလ်တုများ ကို သယ်ဆောင်နိုင်မည်ဖြစ်သည်ဟု သတင်းများကဖော်ပြသည်။

“GSLV MK III ဒုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်မှုဟာ ကျွန်တော်တို့ သိပံ္မ ပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်” ဟု ဒုံးပျံ လွှတ်တင်ပြီးနောက် အိန္ဒိယ ၀န်ကြီးချုပ်နာရင်ဒရာမိုဒီက တွစ်တာမှတဆင့် ချီးကျူးပြောကြားသွားသည်။ အိန္ဒိယ အာကာသ နှင့် သုသေတန အဖွဲ့အစည်း Isro ၏ ဥက္ကဌ ကေ ရက်ဟာခရစ်နန်ကလည်း ယခု ဒုံးပျံသစ် လွှတ်တင်နိုင်မှုသည် နိုင်ငံ၏ အာကာသ သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်သည်ဟု ပြောကြားသွားသည်။

ယခု ဒုံးပျံတွင် အာကာသယာဉ်မှူး နှစ်ဦး သို့မဟုတ် သုံးဦး ကို အာကာသတွင်းသို့ သယ်ဆောင်သွားနိုင်မည့် အိန္ဒိယနိုင်ငံလုပ် အာကာသ ယာဉ် တစ်ခု လည်း ပါဝင်သည်။ အဆိုပါ အာကာသာယာဉ် သည် အက်ဒမန် ပင်လယ်ပြင် အပြင်ဘက်ရှိ ဘင်္ဂလား ပင်လယ်အော် တွင်းသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး စမ်းသပ်မှုအောင်မြင်ခဲ့သည်ဟု Isro က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိသော အာကာသ ဈေးကွက်တွင် အဓိက ပါဝင်နေပြီး ဒုံးပျံ လွှတ်တင်မှုများစွာ ပြုလုပ်ထား သည်။ ပြီးခဲ့သည့် စက်တင်ဘာလက မားစ်ဂြိုလ် ပတ်လမ်းကြောင်းတွင်းသို့ ဂြိုဟ်တုတစ်ခုကို အောင်မြင်စွာ လွှတ်တင်ထားနိုင်ခဲ့သည်။

Ref: BBC
အိန္ဒိယနိုင်ငံသည် အာကာသယာဉ်မှူးများ လိုက်ပါနိုင်သည့် လူထိန်းချုပ်စရာမလိုသော အာကာသယာဉ် တစ်စင်းနှင့် ယင်း၏ အကြီးဆုံးသော ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ သောကြောင့် အာကာသ လေ့လာမှု နယ်ပယ်တွင် ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

၆၃၀ တန်ရှိ အဆိုပါ GSLV MK III ဂြိုဟ်တုလွှတ်တင်ယာဉ်ကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက တောင်ပိုင်းပြည်နယ် အန်ဒရာ ပရာဒက်ရှ် ပြည်နယ် ဆရီဟာရီကိုတာ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခု ဒုံးပျံသစ်သည် ပိုမိုလေးလံသော ဂြိုလ်တုများကို အာကာသ ထဲသို့ သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။

အိန္ဒိယသည် ပြီးခဲ့သည့်နှစ်များက ပေါ့ပါးသော ဂြိုလ်တုများကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော်လည်း ဂြိုလ်တု တွင် ပါရှိသော ပိုမိုလေးလံ သည့် ပစ္စည်းကိရိယာများကို သယ်ယူရာတွင် အခက်အခဲများ ရှိခဲ့သည်။ယခု ဒုံးပျံသစ်သည် ကီလိုဂရမ် ၄,၀၀၀ ရှိ ဆက်သွယ်ရေး ဂြိုလ်တုများ ကို သယ်ဆောင်နိုင်မည် ဖြစ်သည်ဟု သတင်းများကဖော်ပြသည်။

“GSLV MK III ဒုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်မှုဟာ ကျွန်တော်တို့ သိပံ္မ ပညာရှင်တွေရဲ့ ပြောင် မြောက်တဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်” ဟု ဒုံးပျံ လွှတ်တင်ပြီးနောက် အိန္ဒိယ ၀န်ကြီးချုပ်နာရင်ဒရာ မိုဒီက တွစ်တာမှတဆင့် ချီးကျူးပြောကြားသွားသည်။ အိန္ဒိယ အာကာသ နှင့် သုသေတန အဖွဲ့အစည်း Isro ၏ ဥက္ကဌ ကေ ရက်ဟာခရစ်နန်ကလည်း ယခု ဒုံးပျံသစ် လွှတ်တင်နိုင်မှုသည် နိုင်ငံ၏ အာကာသ သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်သည်ဟု ပြောကြားသွားသည်။

ယခု ဒုံးပျံတွင် အာကာသယာဉ်မှူး နှစ်ဦး သို့မဟုတ် သုံးဦး ကို အာကာသတွင်းသို့ သယ်ဆောင်သွား နိုင်မည့် အိန္ဒိယနိုင်ငံလုပ် အာကာသ ယာဉ် တစ်ခု လည်း ပါဝင်သည်။ အဆိုပါ အာကာသာယာဉ် သည် အက်ဒမန် ပင်လယ်ပြင် အပြင်ဘက်ရှိ ဘင်္ဂလား ပင်လယ်အော် တွင်းသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး စမ်းသပ်မှုအောင်မြင်ခဲ့သည်ဟု Isro က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိသော အာကာသ ဈေးကွက်တွင် အဓိက ပါဝင်နေပြီး ဒုံးပျံ လွှတ်တင်မှုများစွာ ပြုလုပ်ထား သည်။ ပြီးခဲ့သည့် စက်တင်ဘာလက မားစ်ဂြိုလ် ပတ်လမ်းကြောင်း တွင်းသို့ ဂြိုဟ်တုတစ်ခုကို အောင်မြင်စွာ လွှတ်တင်ထားနိုင်ခဲ့သည်။

Ref: BBC

No comments:

Post a Comment