Friday 19 December 2014

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး

Photo: Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး
Friday, December 19, 2014

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်းသိရသည်။

“ကျွန်တော်တို့လည်း ဦးကျော်မြင့်ကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ ဦးကျော်မြင့်ကို အာမခံပေးတဲ့ လူနှစ်ယောက်ကိုတော့ တရားရုံးကပဲ ကိုင်တွယ်ဖြေရှင်းမှာပါ” ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇၊ မြေအကျယ် ၁ဝဝ×၆ဝ ပေ ပေါ်၌ မြေပိုင်ရှင်ဖြစ်သူ ဦး......နှင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်ခွဲ တိုက်အား နှစ်နှစ်အတွင်းဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ကြောင်း သိရသည်။ သို့သော် မြေရှင်သဘောတူညီသည့် ပုံစံအတိုင်းမဟုတ်ဘဲ ဦးကျော်မြင့်က ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုများဖြင့် စည်ပင်မှခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ်တိုက်မှာ ၂ဝ၁၂ ခုနှစ်တွင် လူနေထိုင်ခွင့်ရမည်ဖြစ်သော်လည်း လေးနှစ်ကျော်ကြာမြင့်သည့်တိုင်အောင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိသဖြင့် အရေးယူပေးရန်အတွက် စက်တင်ဘာ ၉ ရက်တွင် မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၃၆၂/၂ဝ၁၄၊ ပုဒ်မ ၄၂ဝ/၄၆၈ အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အမှုဖွင့်ခံရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ကို နိုဝင်ဘာ ၁ဝ ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ဝရမ်းထုတ်ပြီး ၁၄ ရက်အကြာတွင် ကျောက်တံတားရဲစခန်းသို့ လာရောက်အဖမ်းခံခြင်းဖြစ်ကာ ယခုအကြိမ် ဖမ်းဝရမ်းထုတ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

“အာမခံပေးထားတဲ့သူက တရားရုံးက ချိန်းဆိုတဲ့ ရုံးချိန်းကို လာကိုလာရမှာပါ။ ခုမလာလို့ ဖမ်းဝရမ်းထုတ်တယ်။ ပြီးတော့ ဦးကျော်မြင့်က ထွက်ပြေးတိမ်းရှောင်နေတာ မှန်ကန်ရင် တရားရုံးအနေနဲ့ သူ့ကို ကျပ်သိန်း တစ်ထောင်နဲ့ အာမခံပေးတဲ့လူနှစ်ဦးကို တရားရုံးက ဆင့်ခေါ်လိမ့်မယ်။ ပြီးရင် အာမခံပေးတဲ့လူနှစ်ဦးကို တရားရုံးက လျော်ကြေးတောင်းပိုင်ခွင့် ရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ဆိုသည်။

ယင်းအပြင် အမှုရင်ဆိုင်နေရသော ၎င်းမြေပေါ်ရှိ အဆောက်အအုံတွင် ရခိုင်ပြည်နယ်နေ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦး----က ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းနှစ်ခန်းကို ကျပ် သိန်း ၃၄ဝဝ ဖြင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီထံမှ ဝယ်ယူထားပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဝယ်ယူထားသူထံ အခန်းအပ်ရန် သတ်မှတ်ထားခဲ့သော်လည်း ဦးကျော်မြင့်ဘက်မှ ယင်းတိုက်ခန်းကို အခြားသူတစ်ဦးထံသို့ ရောင်းလိုက်ကြောင်း ပြောကြားခဲ့သောကြောင့် တိုက်ခန်းဝယ်ယူထားသူ ဦး---က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် လာရောက်အမှုဖွင့်ထားကြောင်း သိရသည်။

ဗိုလ်တထောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း “ဒီဘက်မှာလည်း ဦးကျော်မြင့်ကို အာမခံပေးလို့မရတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာကြောင့် သူ့ကိုကျွန်တော်တို့လည်း အလိုရှိနေပါတယ်။ သူ့ကိုဖမ်းဆီးရမိဖို့ ဆောင်ရွက်နေဆဲပါပဲ။ ကျောက်တံတားရဲစခန်းဘက်ကလည်း ဖမ်းမိရင် ကျွန်တော်တို့ဘက်ကို ဆက်သွယ်မှာပါ” ဟု ဆိုသည်။

လက်ရှိတွင် Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Eleven Media Group 

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် အာမခံရပြီးနောက် တရားရုံးမှ ပြန်လည်ထွက်ခွာလာသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်
Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် အာမခံရပြီးနောက် တရားရုံးမှ ပြန်လည်ထွက်ခွာလာသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်
Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်း ဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်း သိရသည်။
“ကျွန်တော်တို့လည်း ဦးကျော်မြင့်ကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ ဦးကျော်မြင့်ကို အာမခံပေးတဲ့ လူနှစ်ယောက်ကိုတော့ တရားရုံးကပဲ ကိုင်တွယ်ဖြေရှင်းမှာပါ” ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇၊ မြေ အကျယ် ၁ဝဝ×၆ဝ ပေ ပေါ်၌ မြေပိုင်ရှင်ဖြစ်သူ ဦး......နှင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်ခွဲ တိုက်အား နှစ်နှစ်အတွင်းဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ ကြောင်း သိရသည်။ သို့သော် မြေရှင်သဘောတူညီသည့် ပုံစံအတိုင်းမဟုတ်ဘဲ ဦးကျော်မြင့်က ၎င်း စိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုများဖြင့် စည်ပင်မှခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ်တိုက်မှာ ၂ဝ၁၂ ခုနှစ်တွင် လူနေထိုင်ခွင့်ရမည်ဖြစ်သော်လည်း လေးနှစ်ကျော် ကြာမြင့်သည့်တိုင်အောင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိသဖြင့် အရေးယူပေးရန်အတွက် စက်တင်ဘာ ၉ ရက်တွင် မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၃၆၂/၂ဝ၁၄၊ ပုဒ်မ ၄၂ဝ/၄၆၈ အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အမှုဖွင့်ခံရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ကို နိုဝင်ဘာ ၁ဝ ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ဝရမ်းထုတ်ပြီး ၁၄ ရက် အကြာတွင် ကျောက်တံတားရဲစခန်းသို့ လာရောက်အဖမ်းခံခြင်းဖြစ်ကာ ယခုအကြိမ် ဖမ်းဝရမ်း ထုတ်ခြင်း မှာ ဒုတိယအကြိမ်ဖြစ်သည်။

“အာမခံပေးထားတဲ့သူက တရားရုံးက ချိန်းဆိုတဲ့ ရုံးချိန်းကို လာကိုလာရမှာပါ။ ခုမလာလို့ ဖမ်းဝရမ်း ထုတ်တယ်။ ပြီးတော့ ဦးကျော်မြင့်က ထွက်ပြေးတိမ်းရှောင်နေတာ မှန်ကန်ရင် တရားရုံးအနေနဲ့ သူ့ကို ကျပ် သိန်း တစ်ထောင်နဲ့ အာမခံပေးတဲ့လူနှစ်ဦးကို တရားရုံးက ဆင့်ခေါ်လိမ့်မယ်။ ပြီးရင် အာမခံပေးတဲ့ လူနှစ်ဦး ကို တရားရုံးက လျော်ကြေးတောင်းပိုင်ခွင့် ရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ဆိုသည်။

ယင်းအပြင် အမှုရင်ဆိုင်နေရသော ၎င်းမြေပေါ်ရှိ အဆောက်အအုံတွင် ရခိုင်ပြည်နယ်နေ ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦး----က ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းနှစ်ခန်းကို ကျပ် သိန်း ၃၄ဝဝ ဖြင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီထံမှ ဝယ်ယူထားပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဝယ်ယူထားသူထံ အခန်းအပ်ရန် သတ်မှတ်ထားခဲ့သော်လည်း ဦးကျော်မြင့်ဘက်မှ ယင်းတိုက်ခန်းကို အခြားသူတစ်ဦးထံသို့ ရောင်းလိုက်ကြောင်း ပြောကြားခဲ့သောကြောင့် တိုက်ခန်းဝယ်ယူထားသူ ဦး---က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် လာရောက်အမှုဖွင့်ထားကြောင်း သိရသည်။

ဗိုလ်တထောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း “ဒီဘက်မှာလည်း ဦးကျော်မြင့်ကို အာမခံပေးလို့မရတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာကြောင့် သူ့ကိုကျွန်တော်တို့လည်း အလိုရှိနေပါတယ်။ သူ့ကိုဖမ်းဆီးရမိဖို့ ဆောင်ရွက်နေဆဲပါပဲ။ ကျောက်တံတားရဲစခန်းဘက်ကလည်း ဖမ်းမိရင် ကျွန်တော်တို့ဘက်ကို ဆက်သွယ် မှာပါ” ဟု ဆိုသည်။

လက်ရှိတွင် Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်မှာ ထွက်ပြေးတိမ်းရှောင်နေ ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment