Friday 19 December 2014

တရားမ၀င် ပြည်ပ ငါးဖမ်းသင်္ဘော ၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဆိုမာလီလန်း တာဝန်ရှိသူများ ကြေငြာ

Photo: တရားမ၀င် ပြည်ပ ငါးဖမ်းသင်္ဘော ၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဆိုမာလီလန်း တာဝန်ရှိသူများ ကြေငြာ
Friday, December 19, 2014

ဆိုမာလီယာ နိုင်ငံထံမှ တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်း ဒေသ အာဏာပိုင်များက ၎င်းတို့ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ယီမင် ငါးဖမ်းလှေ ၅၁ စီးနှင့် အီဂျစ် ငါးဖမ်းသင်္ဘော တစ်စီးကို ဖမ်းဆီးထား သည်ဟု ပြောကြားသည်။

ဒေသမှ ကမ်းခြေစောင့် တပ်ဖွဲ့များသည် အဆိုပါ ရေယာဉ်များပေါ်ရှိ အမှုထမ်း ၂၅၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု  အဆိုပါဒေသ မှ ရေတပ်ဗိုလ်ချုပ်ကြီး အာရှ်မက် အော်စမန် ကပြောကြားသည်။ ယခုကိစ္စသည် ဆိုမာလီလန် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ အကြီးမားဆုံး ဖမ်းဆီးမှုပင်ဖြစ်သည်။ ယင်း၏ ကမ်းရိုးတန်းပြင်ပတွင် တရားမ၀င်ငါးဖမ်းမှုများနှင့် ပင်လယ်ဓားပြတိုက်မှုများမှ ကာကွယ်ရန် အနောက်နိုင်ငံ များက အဆိုပါ ဒေသ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကို လေ့ကျင့်မှုများပြုလုပ်ပေးထားသည်။

တရားမ၀င် ငါးဖမ်းမှုများသည်  ဆိုမာလီကမ်းရိုးတန်းတစ်လျောက်ရှိ ရေထွက် သယံဇာတများကို လျော့နည်းစေပြီး ပြည်ပမှ လှေ၊ သင်္ဘောများ၏ တရားမ၀င် ၀င်ရောက်ငါးဖမ်းမှုများကြောင့် ဒေသတွင်နေထိုင်သူ လူပေါင်းများစွာ၏ စားဝတ်နေရေးကို ထိခိုက်စေခဲ့သည်။ ယင်းတို့ထဲမှ အချို့သည် နောက်ပိုင်းတွင် ပင်လယ်ဓားပြများဖြစ်လာကြပြီးနောက် သင်္ဘောများကို တိုက်ခိုက်လုယက်ခဲ့ကြသည်။

အဆိုပါ ဒေသတွင် နိုင်ငံပေါင်းစုံပါဝင်သော ရေတပ်တစ်ခု တပ်ချထားခဲ့ပြီးနောက်ပိုင်း ပင်လယ်ဓားပြတိုက်မှုများမှာ လည်း လျော့နည်းလာ ခဲ့သည်။ ပြီးခဲ့သည့်လက အီးယူ ရေတပ် သည် ဆိုမာလီလန်း ကမ်းခြေစောင့်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးမှုများနှင့် လေ့ကျင့်မှုများ ပြု လုပ်ခဲ့သည်။

ဆိုမာလီလန်းဒေသသည် ၁၉၉၁ ခုနှစ်က ဆိုမာလီယာ နိုင်ငံထံမှ လွတ်လပ်ရေးကို တစ်ဘက်သက် ကြေညာခဲ့သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ယင်းကို နိုင်ငံအဖြစ် အသိအမှတ်မပြုခဲ့ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားသည်။

Ref: BBC

ဆိုမာလီလန်း ကမ်းခြေစောင့် တပ်ဖွဲ့မှ တပ်သားများ
ဆိုမာလီလန်း ကမ်းခြေစောင့် တပ်ဖွဲ့မှ တပ်သားများ
ဆိုမာလီယာ နိုင်ငံထံမှ တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်း ဒေသ အာဏာပိုင်များက ၎င်းတို့ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ယီမင် ငါးဖမ်းလှေ ၅၁ စီးနှင့် အီဂျစ် ငါးဖမ်းသင်္ဘော တစ်စီးကို ဖမ်းဆီးထား သည်ဟု ပြောကြားသည်။

ဒေသမှ ကမ်းခြေစောင့် တပ်ဖွဲ့များသည် အဆိုပါ ရေယာဉ်များပေါ်ရှိ အမှုထမ်း ၂၅၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု  အဆိုပါဒေသ မှ ရေတပ်ဗိုလ်ချုပ်ကြီး အာရှ်မက် အော်စမန် ကပြောကြားသည်။ ယခုကိစ္စသည် ဆိုမာလီလန် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ အကြီးမားဆုံး ဖမ်းဆီးမှုပင်ဖြစ်သည်။ ယင်း၏ ကမ်းရိုးတန်းပြင်ပတွင် တရားမ၀င်ငါးဖမ်းမှုများနှင့် ပင်လယ်ဓားပြတိုက်မှုများမှ ကာကွယ်ရန် အနောက်နိုင်ငံ များက အဆိုပါ ဒေသ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကို လေ့ကျင့်မှုများပြုလုပ်ပေးထားသည်။

တရားမ၀င် ငါးဖမ်းမှုများသည်  ဆိုမာလီကမ်းရိုးတန်းတစ်လျောက်ရှိ ရေထွက် သယံဇာတများကို လျော့ နည်း စေပြီး ပြည်ပမှ လှေ၊ သင်္ဘောများ၏ တရားမ၀င် ၀င်ရောက်ငါးဖမ်းမှုများကြောင့် ဒေသတွင်နေထိုင်သူ လူပေါင်းများစွာ၏ စားဝတ်နေရေးကို ထိခိုက်စေခဲ့သည်။ ယင်းတို့ထဲမှ အချို့သည် နောက်ပိုင်းတွင် ပင်လယ်ဓားပြများဖြစ်လာကြပြီးနောက် သင်္ဘောများကို တိုက်ခိုက်လုယက်ခဲ့ကြသည်။

အဆိုပါ ဒေသတွင် နိုင်ငံပေါင်းစုံပါဝင်သော ရေတပ်တစ်ခု တပ်ချထားခဲ့ပြီးနောက်ပိုင်း ပင်လယ်ဓားပြ တိုက်မှုများမှာ လည်း လျော့နည်းလာ ခဲ့သည်။ ပြီးခဲ့သည့်လက အီးယူ ရေတပ် သည် ဆိုမာလီလန်း ကမ်းခြေစောင့်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးမှုများနှင့် လေ့ကျင့်မှုများ ပြု လုပ်ခဲ့သည်။

ဆိုမာလီလန်းဒေသသည် ၁၉၉၁ ခုနှစ်က ဆိုမာလီယာ နိုင်ငံထံမှ လွတ်လပ်ရေးကို တစ်ဘက်သက် ကြေ ညာခဲ့သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ယင်းကို နိုင်ငံအဖြစ် အသိအမှတ် မပြုခဲ့ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားသည်။

Ref: BBC

No comments:

Post a Comment