Friday 19 December 2014

အိုဘားမားက IS အဖွဲ့အတွက်နားခိုစရာ နေရာမရှိစေရဟုကြိမ်းဝါး ပြောဆို

Photo: အိုဘားမားက IS အဖွဲ့အတွက်နားခိုစရာ နေရာမရှိစေရဟုကြိမ်းဝါး ပြောဆို
Friday, December 19, 2014

ဒီဇင်ဘာလ ၁၅ ရက်တွင် အမေရိကန်သမ္မတအိုဘားမားက အမေရိကန်စစ်
ဌာနချုပ်တစ်ခုသို့သွားရောက်လည်ပတ်ရာတွင် အမေရိကန် ဦးဆောင်သော မဟာမိတ်အဖွဲ့က IS အဖွဲ့အတွက် နားခိုစရာနေရာမရှိအောင်ပြုလုပ် သွားမည့်အပြင်
တိုက်ခိုက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း IS အဖွဲ့ကို ပြင်းပြင်းထန်ထန်သတိပေး
ချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ဖို့တ်ဒစ်ရှိလေယာဉ်ရုံ၌ ရာနှင့်ချီသောစစ်သားများကိုမိန့်ခွန်းပြောဆိုခဲ့ရာတွင် အို
ဘားမားက ကမ္ဘာတစ်ဝှမ်း၌ အမေရိကန်စစ်သားများ၏လုပ်ဆောင်မှုအ
တွက် ကျေးဇူးတင်ပါကြောင်း ဆိုခဲ့သည်။ အိုဘားမားနှင့်အတူ ၂၀၁၆ ခုနှစ်တွင် အိုဘားမားနေရာကိုဆက်ခံနိုင်မည့်ကိုယ်စားလှယ်လောင်းအဖြစ် ရေပန်းစားနေ
သည့်နယူးဂျာဆီရီပတ်ဘလီကန်ပြည်နယ်အုပ်ချုပ်ရေးမှူးခရစ္စခရစ္စတီးလည်း ပါဝင်လာခဲ့သည်။ အမေရိကန်ဦးဆောင်သောမဟာမိတ်အဖွဲ့သည် အီရတ်နှင့်ဆီးရီးယားတွင်အောင်မြင်မှုများရရှိနေသည်ဆိုသော်
လည်း အကြမ်းဖက်သမားများအား ထိထိရောက်ရောက်နှိမ်နှင်းရခြင်းမရှိသေးပေ။
အိုဘားမားက “ကျုပ်တို့ မဟာမိတ်အဖွဲ့က ဒီရက်စက်ကြမ်းကြုတ်တဲ့အကြမ်း
ဖက်အဖွဲ့အစည်းကို အင်အားနည်းသွားအောင်ပြုလုပ်ရုံတင်မကဘဲ လုံးဝနှိမ်နင်း
သွားမှာပါ၊ ရာနဲ့ချီတဲ့စစ်ကားတွေ၊ တင့်ကားတွေနဲ့စစ်သား ၁၀၀၀ ကျော်ကို နေ
ရာချထားပြီးပါပြီ။ သူတို့ကိုယ်သူတို့အောင်မြင်မှုတွေလျင်လျင်မြန်မြန်ရရှိနေတယ်
လို့ ထင်နေကြမှာပါ။ ကျုပ်တို့အရှုံးမပေးပါဘူး။ အမေရိကန်ကိုခြိမ်းခြောက်နေရင်
နားခိုစရာနေရာတောင်မရှိစေရပါဘူး။ အကြမ်းဖက်သမားတွေကို မရမကရှာဖွေနှိမ်နှင်းသွားမှာပါ။ ကမ္ဘာကြီးက သူတို့လိုအ
ကြမ်းဖက်သမားတွေမပါဘဲ ရှေ့ဆက်သွားမှာပါ””ဟု ဆိုခဲ့သည်။ အိုဘားမားက အာဖဂန်တွင် ယခုနှစ်ကုန်၌ အမေရိကန်တပ်ဖွဲ့များရုတ်သိမ်းကာ အာဖဂန်လုံခြုံ
ရေးအဖွဲ့ဝင်များကိုလေ့ကျင့်ပေးရန်သာထားရှိမည်ဟုဆိုသော်လည်း မူလစီစဉ်
ထားသည့်အမေရိကန်စစ်သားအရေအအတွက်ကို အနည်းငယ်တိုးမြင့်ခဲ့ပြီး အာဖဂန်သည် အန္တရာယ်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်နေဆဲဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

Pyimyanmar
ဒီဇင်ဘာလ ၁၅ ရက်တွင် အမေရိကန်သမ္မတအိုဘားမားက အမေရိကန်စစ်ဌာနချုပ် တစ်ခုသို့ သွားရောက် လည်ပတ်ရာတွင် အမေရိကန် ဦးဆောင်သော မဟာမိတ်အဖွဲ့က IS အဖွဲ့အတွက် နားခို စရာနေရာ မရှိအောင်ပြုလုပ် သွားမည့်အပြင် တိုက်ခိုက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း IS အဖွဲ့ကို ပြင်းပြင်း ထန်ထန်သတိပေး ချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ဖို့တ်ဒစ်ရှိလေယာဉ်ရုံ၌ ရာနှင့်ချီသောစစ်သားများကိုမိန့်ခွန်းပြောဆိုခဲ့ရာတွင် အိုဘားမားက ကမ္ဘာ တစ်ဝှမ်း၌ အမေရိကန်စစ်သားများ၏လုပ်ဆောင်မှုအတွက် ကျေးဇူးတင်ပါကြောင်း ဆိုခဲ့သည်။ အိုဘားမား နှင့် အတူ ၂၀၁၆ ခုနှစ်တွင် အိုဘားမားနေရာကိုဆက်ခံနိုင်မည့်ကိုယ်စားလှယ်လောင်းအဖြစ် ရေပန်းစားနေ
သည့်နယူးဂျာဆီရီပတ်ဘလီကန်ပြည်နယ်အုပ်ချုပ်ရေးမှူးခရစ္စခရစ္စတီးလည်း ပါဝင်လာခဲ့သည်။ အမေရိကန်ဦးဆောင်သောမဟာမိတ်အဖွဲ့သည် အီရတ်နှင့်ဆီးရီးယားတွင်အောင်မြင်မှုများရရှိနေသည် ဆိုသော်လည်း အကြမ်းဖက်သမားများအား ထိထိရောက်ရောက်နှိမ်နှင်းရခြင်းမရှိသေးပေ။

အိုဘားမားက “ကျုပ်တို့ မဟာမိတ်အဖွဲ့က ဒီရက်စက်ကြမ်းကြုတ်တဲ့အကြမ်းဖက်အဖွဲ့အစည်းကို အင်အား နည်းသွားအောင်ပြုလုပ်ရုံတင်မကဘဲ လုံးဝနှိမ်နင်းသွားမှာပါ၊ ရာနဲ့ချီတဲ့စစ်ကားတွေ၊ တင့်ကားတွေနဲ့ စစ်သား ၁၀၀၀ ကျော်ကို နေရာချထားပြီးပါပြီ။ သူတို့ကိုယ်သူတို့အောင်မြင်မှုတွေ လျင်လျင်မြန်မြန် ရရှိနေတယ်လို့ ထင်နေကြမှာပါ။ ကျုပ်တို့အရှုံးမပေးပါဘူး။ အမေရိကန်ကိုခြိမ်းခြောက်နေရင် နားခို စရာနေရာတောင်မရှိစေရပါဘူး။ အကြမ်းဖက်သမားတွေကို မရမကရှာဖွေနှိမ်နှင်းသွားမှာပါ။ ကမ္ဘာကြီးက သူတို့လိုအကြမ်းဖက်သမားတွေမပါဘဲ ရှေ့ဆက်သွားမှာပါ””ဟု ဆိုခဲ့သည်။ အိုဘားမားက အာဖဂန်တွင် ယခုနှစ်ကုန်၌ အမေရိကန်တပ်ဖွဲ့များရုတ်သိမ်းကာ အာဖဂန်လုံခြုံရေးအဖွဲ့ဝင်များကို လေ့ကျင့် ပေးရန်သာထားရှိမည်ဟုဆိုသော်လည်း မူလစီစဉ်ထားသည့်အမေရိကန်စစ်သားအရေအအတွက်ကို အနည်း ငယ်တိုးမြင့်ခဲ့ပြီး အာဖဂန်သည် အန္တရာယ်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်နေဆဲဖြစ်ကြောင်းလည်း ဆိုခဲ့ သည်။

Pyimyanmar

No comments:

Post a Comment