Friday 19 December 2014

ထိုင်းနိုင်ငံသည် အာဆီယံ မူးယစ်ကုန်သွယ်မှု၏ အချက်အခြာဒေသ ဖြစ်လာဟု တရားရေး ၀န်ကြီးပြော

Photo: ထိုင်းနိုင်ငံသည် အာဆီယံ မူးယစ်ကုန်သွယ်မှု၏ အချက်အခြာဒေသ ဖြစ်လာဟု တရားရေး ၀န်ကြီးပြော
Friday, December 19, 2014

ထိုင်းနိုင်ငံသည် အာဆီယံဒေသ မူးယစ်ကုန်သွယ်မှုတွင် အဓိကအချက်အချာ ဒေသဖြစ်လာပြီး နိုင်ငံတွင် တရားမ၀င် မူးယစ်ကုန်သွယ်မှု တိုးပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန် ခွန်ချာယာက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။

နိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ ရုံး ONSB နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရို NSB တို့၏ ထုတ်ပြန်ချက်များ အရ နိုင်ငံသား ၁ ဒသမ ၃ သန်း သို့မဟုတ် လူဦးရေ၏ ၂ ရာခိုင်နှုန်းသည် မူးယစ်ဆေးစွဲနေသူများဖြစ်ကြသည်ဟု ၎င်းကပြောသည်။ ၎င်းတို့ထဲမှ ၂၅၀,၀၀၀ ကို စွဲချက်တင်ပြီး ထောင်ဒဏ်ချမှတ်ထား ခဲ့သော်လည်း အခြားဆေးစွဲသူ တစ်သန်းခန့်သည် ဆေးကုသမှု ခံယူမှု သို့မဟုတ် ပြန်လည်ထူထောင်မှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိဟု သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သူ အချို့သည်လည်း နောက်ပိုင်းတွင် ပြန်လည်၍ ဆေးဝါး သုံးစွဲနေမြဲပင်ဖြစ်သည်။

ထိုင်း၊ စင်ကာပူနှင့် မလေးရှား နိုင်ငံများတွင် မူးယစ်ဆေးစွဲမှုများကို ငယ်ရွယ်သည့် လူငယ်ပိုင်းတွင်သာ အများဆုံး တွေ့နေရသည်ဟု ၎င်းကပြောသည်။ တရုတ် နိုင်ငံတွင်လည်း အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်များသည်ပင် မူးယစ်ဆေးစွဲ နေသည်ကို တွေ့ရှိနေရသည်။

မူးယစ်ဆေးစွဲမှုများမှ ပြုပြင်မရသူ ဦးရေ များပြားလာခြင်းကြောင့် ဆေးစွဲသူများအတွက် ကုသမှု နည်းလမ်းများကို ပြန်လည် ပြောင်းလဲရန် ပိုင်ဘွန်က ONBC နှင့် တရားရေးဝန်ကြီးဌာနကို ညွှန်ကြားထားသည်။ ထို့ပြင် လက်ရှိ အသုံးပြုနေသည့် မူးယစ်နှင့် သက်ဆိုင်သည့် စည်းမျဉ်းဥပဒေများကိုလည်း ပြန်လည် စစ်ဆေးရန် ၎င်းက ညွှန်ကြားထားသည်။

“ခုချိန်ကစပြီးတော့ မူးယစ်မှုတွေနဲ့ တစ်နေ့ တစ်နေ့ လူတွေ ဘယ်လောက် အဖမ်းခံနေရလဲဆိုတဲ့ ထုတ်ပြန်ချက်တွေကို ကျွန်တော် အလေးထား စောင့်ကြည့်သွားပါတော့မယ်၊ အဓိကကျတဲ့ မူးယစ် ကုန်သည်တွေ တစ်နှစ်ကို ဘယ်နှစ်ဦးတောင် အဖမ်းခံနေရတယ်ဆိုတာနဲ့ အဲဒီလို ဖမ်းဆီးမှုတွေက မူးယစ်ကုန်သွယ်မှုတွေကို ဘယ်အတိုင်းအတာထိ ကျဆင်းစေမလဲဆိုတာကို ကျွန်တော် အလေးထား စောင့်ကြည့် သွားမှာပါ” ဟု ပိုင်ဘွန်ကပြောကြားသည်။

Mizzima - News in Burmese 

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စောင့်ကျပ်နေသည့် ထိုင်းရဲတစ်ဦး
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စောင့်ကျပ်နေသည့် ထိုင်းရဲတစ်ဦး
ထိုင်းနိုင်ငံသည် အာဆီယံဒေသ မူးယစ်ကုန်သွယ်မှုတွင် အဓိကအချက်အချာ ဒေသဖြစ်လာပြီး နိုင်ငံတွင် တရားမ၀င် မူးယစ်ကုန်သွယ်မှု တိုးပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန် ခွန်ချာယာက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။

နိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ ရုံး ONSB နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရို NSB တို့၏ ထုတ်ပြန်ချက်များ အရ နိုင်ငံသား ၁ ဒသမ ၃ သန်း သို့မဟုတ် လူဦးရေ၏ ၂ ရာခိုင်နှုန်းသည် မူးယစ်ဆေးစွဲနေသူများဖြစ်ကြသည်ဟု ၎င်းကပြောသည်။ ၎င်းတို့ထဲမှ ၂၅၀,၀၀၀ ကို စွဲချက်တင်ပြီး ထောင်ဒဏ်ချမှတ်ထား ခဲ့သော်လည်း အခြားဆေးစွဲသူ တစ်သန်းခန့်သည် ဆေးကုသမှု ခံယူမှု သို့မဟုတ် ပြန်လည်ထူထောင်မှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိဟု သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သူ အချို့သည်လည်း နောက်ပိုင်းတွင် ပြန်လည်၍ ဆေးဝါး သုံးစွဲနေမြဲပင်ဖြစ်သည်။

ထိုင်း၊ စင်ကာပူနှင့် မလေးရှား နိုင်ငံများတွင် မူးယစ်ဆေးစွဲမှုများကို ငယ်ရွယ်သည့် လူငယ်ပိုင်းတွင်သာ အများဆုံး တွေ့နေရသည်ဟု ၎င်းကပြောသည်။ တရုတ် နိုင်ငံတွင်လည်း အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်များသည်ပင် မူးယစ်ဆေးစွဲ နေသည်ကို တွေ့ရှိနေရသည်။

မူးယစ်ဆေးစွဲမှုများမှ ပြုပြင်မရသူ ဦးရေ များပြားလာခြင်းကြောင့် ဆေးစွဲသူများအတွက် ကုသမှု နည်းလမ်း များကို ပြန်လည် ပြောင်းလဲရန် ပိုင်ဘွန်က ONBC နှင့် တရားရေးဝန်ကြီးဌာနကို ညွှန်ကြားထားသည်။ ထို့ပြင် လက်ရှိ အသုံးပြုနေသည့် မူးယစ်နှင့် သက်ဆိုင်သည့် စည်းမျဉ်းဥပဒေများကိုလည်း ပြန်လည် စစ်ဆေး ရန် ၎င်းက ညွှန်ကြားထားသည်။

“ခုချိန်ကစပြီးတော့ မူးယစ်မှုတွေနဲ့ တစ်နေ့ တစ်နေ့ လူတွေ ဘယ်လောက် အဖမ်းခံနေရလဲဆိုတဲ့ ထုတ်ပြန် ချက်တွေကို ကျွန်တော် အလေးထား စောင့်ကြည့်သွားပါတော့မယ်၊ အဓိကကျတဲ့ မူးယစ် ကုန်သည်တွေ တစ်နှစ်ကို ဘယ်နှစ်ဦးတောင် အဖမ်းခံနေရတယ်ဆိုတာနဲ့ အဲဒီလို ဖမ်းဆီးမှုတွေက မူးယစ်ကုန်သွယ်မှု တွေကို ဘယ်အတိုင်းအတာထိ ကျဆင်းစေမလဲဆိုတာကို ကျွန်တော် အလေးထား စောင့်ကြည့် သွားမှာပါ” ဟု ပိုင်ဘွန်ကပြောကြားသည်။

Mizzima - News in Burmese 

No comments:

Post a Comment