Friday 19 December 2014

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

Photo: နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း
Friday, December 19, 2014

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ် သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေလိုကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာန များသို့တိုက်တွန်းလိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိရနေသည့် အနိမ့်ဆုံး လစာ ကျပ်ခြောက်သောင်းခန့်မှ နှစ်ဆကျော် တိုးမြှင့်ပေးရန် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ဝန်ကြီး ဌာနများအား ပြောကြားခဲ့ခြင်းဖြစ် သည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ် တစ် သိန်းနှစ်သောင်းမှ နှစ်သိန်း အတွင်းဖြစ်သင့်သည်ဟု သူရဦး ရွှေမန်းက ပြောကြားခဲ့ပြီး လူနေ မှုကုန်ကျစရိတ်၏ သုံးဆကို လစာအဖြစ်ပေးရမည့်တွက်ချက်မှုအရ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏ လစာ သည် ယင်းပမာဏဖြစ်သင့် ကြောင်း ၂၀၁၅-၁၆ ဘတ်ဂျက် စီမံကိန်းအစည်းအဝေးတွင် သူရ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အနိမ့်ဆုံးအဆင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး ရရှိသည့် လစာသည် ကျပ်ခြောက်သောင်းခန့်သာဖြစ်ပြီး အမြင့်ဆုံးညွှန်ကြား ရေးမှူးချုပ်အဆင့်သည် ကျပ်သုံးသိန်းခန့်သာ ရှိသည်။

‘‘လွှတ်တော်အမတ်တွေတိုး ဖို့ ဆုံးဖြတ်တာမြန်တယ်။ ကျွန်မ တို့ကျတော့ ဟိုထိုး၊ ဒီထိုးနဲ့ မပြီး တော့ဘူး’’ဟု တက္ကသိုလ်နည်းပြ ဆရာမ တစ်ဦးကပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ပူးပေါင်းကော်မတီ သုံးခုနှင့် အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ ဗဟို ဘဏ်၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ ဒီဇင်ဘာ ၁၈ ရက်က တွေ့ ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အနိမ့်ဆုံးအနေအထားက ဘယ်လောက်ရှိမယ်၊ အမြင့်ဆုံး ဘယ်လောက်ပေးမယ်ဆိုတာကို ဆွေးနွေးတာ၊ သေချာတာက ပေး ဖို့တော့ လွှတ်တော်ဘက်က အတင်း တွန်းတွန်းတိုက်တိုက် ပြောနေတာပေါ့။ အနိမ့်ဆုံးလစာ က တစ်သိန်းနှစ်သောင်းကနေ နှစ်သိန်းထိ၊ သူ့အဆင့်နဲ့ သူပေါ့။ နိုင်ငံ့ဝန်ထမ်းက စုစုပေါင်း ၁၂ ဆင့်ရှိတယ်’’ဟု ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဒေါက်တာ စိုးမိုး အောင်ကပြောသည်။

လစာ တိုးမြှင့်ပေးနိုင်မည့် ပမာဏကိုမူ ယနေ့အစည်းအဝေး ၌ အစိုးရအဖွဲ့က မပြောကြားနိုင် သေးဘဲ လာမည့်ဇန်န၀ါရီတွင် ကျင်းပမည့် လွှတ်တော်အစည်း အဝေးမှ တင်ပြမည်ဟုဆိုသော် လည်း ဘတ်ဂျက်တွင် မထည့် သွင်းမီ လွှတ်တော်နှင့် ညှိနှိုင်းမှု ပြီးပြတ်မှသာ အဆင်ပြေနိုင်မည် ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။

နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးရန်အတွက် ပြီးခဲ့သည့် (၁၁)ကြိမ်မြောက်လွှတ်တော်တွင် အရေးကြီးအဆိုတင်၍ အစိုးရ အဖွဲ့သို့ တိုက်တွန်းခဲ့သော်လည်း အစိုးရအဖွဲ့က ညှိနှိုင်းဆဲဖြစ်ပြီး မည်မျှ ပမာဏ တိုးမြှင့်မည်ကို မပြောကြားနိုင်သေးကြောင်း ပြန် ကြားခဲ့သည်။

7Day DAILY
နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ် သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေ လို ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာနများသို့ တိုက်တွန်းလိုက် ကြောင်း သတင်းရရှိသည်။

လက်ရှိရနေသည့် အနိမ့်ဆုံးလစာ ကျပ်ခြောက်သောင်းခန့်မှ နှစ်ဆကျော် တိုးမြှင့်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ဝန်ကြီး ဌာနများအား ပြောကြားခဲ့ခြင်းဖြစ် သည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ်တစ်သိန်းနှစ်သောင်းမှ နှစ်သိန်း အတွင်းဖြစ်သင့်သည်ဟု သူရဦး ရွှေမန်းက ပြောကြားခဲ့ပြီး လူနေ မှုကုန်ကျစရိတ်၏ သုံးဆကို လစာအဖြစ်ပေးရမည့်တွက်ချက်မှုအရ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏ လစာသည် ယင်းပမာဏဖြစ်သင့် ကြောင်း ၂၀၁၅-၁၆ ဘတ်ဂျက် စီမံကိန်း အစည်းအဝေးတွင် သူရ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အနိမ့်ဆုံးအဆင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး ရရှိသည့် လစာသည် ကျပ်ခြောက်သောင်းခန့်သာဖြစ်ပြီး အမြင့်ဆုံးညွှန်ကြား ရေးမှူးချုပ်အဆင့်သည် ကျပ်သုံးသိန်းခန့်သာ ရှိသည်။

‘‘လွှတ်တော်အမတ်တွေတိုး ဖို့ ဆုံးဖြတ်တာမြန်တယ်။ ကျွန်မ တို့ကျတော့ ဟိုထိုး၊ ဒီထိုးနဲ့ မပြီး တော့ဘူး’’ဟု တက္ကသိုလ်နည်းပြ ဆရာမ တစ်ဦးကပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ပူးပေါင်းကော်မတီ သုံးခုနှင့် အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ ဗဟိုဘဏ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ ဒီဇင်ဘာ ၁၈ ရက်က တွေ့ ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အနိမ့်ဆုံးအနေအထားက ဘယ်လောက်ရှိမယ်၊ အမြင့်ဆုံး ဘယ်လောက်ပေးမယ်ဆိုတာကို ဆွေးနွေးတာ၊ သေချာတာကပေးဖို့တော့ လွှတ်တော်ဘက်ကအတင်း တွန်းတွန်းတိုက်တိုက် ပြောနေတာပေါ့။ အနိမ့်ဆုံး လစာ က တစ်သိန်းနှစ်သောင်းကနေ နှစ်သိန်းထိ၊ သူ့အဆင့်နဲ့ သူပေါ့။ နိုင်ငံ့ဝန်ထမ်းက စုစုပေါင်း ၁၂ ဆင့် ရှိတယ်’’ဟု ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဒေါက်တာ စိုးမိုး အောင်ကပြော သည်။

လစာ တိုးမြှင့်ပေးနိုင်မည့် ပမာဏကိုမူ ယနေ့အစည်းအဝေး၌ အစိုးရအဖွဲ့က မပြောကြားနိုင် သေးဘဲ လာမည့်ဇန်န၀ါရီတွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးမှ တင်ပြမည်ဟုဆိုသော်လည်း ဘတ်ဂျက် တွင် မထည့် သွင်းမီ လွှတ်တော်နှင့် ညှိနှိုင်းမှု ပြီးပြတ်မှသာ အဆင်ပြေနိုင်မည် ဟု သူရဦးရွှေမန်းက ပြော ကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးရန်အတွက် ပြီးခဲ့သည့် (၁၁)ကြိမ်မြောက်လွှတ်တော်တွင် အရေးကြီး အဆိုတင်၍ အစိုးရ အဖွဲ့သို့ တိုက်တွန်းခဲ့သော်လည်း အစိုးရအဖွဲ့က ညှိနှိုင်းဆဲဖြစ်ပြီး မည်မျှ ပမာဏ တိုးမြှင့် မည်ကို မပြောကြားနိုင်သေးကြောင်း ပြန် ကြားခဲ့သည်။

7Day DAILY 

No comments:

Post a Comment