Friday 19 December 2014

ပထမတန်း ကျောင်းသူ၊ ကျောင်းသားများ သက်သေအဖြစ် စစ်ဆေးမှုကို ကန့်ကွက်

Photo: ပထမတန်း ကျောင်းသူ၊ ကျောင်းသားများ သက်သေအဖြစ် စစ်ဆေးမှုကို ကန့်ကွက်
Friday, December 19, 2014 

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း၊ ပထမတန်း ကျောင်းသူ၊ ကျောင်းသား လေးဦးကို မိဘ အုပ်ထိန်းသူ များကို အသိပေးအကြောင်း ကြားခြင်းမရှိဘဲ စစ်ကိုင်း မြို့မရဲစခန်းက ဒီဇင်ဘာ ၁၁ ရက်တွင် သက်သေအဖြစ် ခေါ်ယူစစ်ဆေးမှုကို စစ်ကိုင်းခရိုင် ကျောင်းသား များသမဂ္ဂက ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန် ကန့်ကွက်ထားသည်ဟု စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းထက်စိုးက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စခန်းကို ခေါ်စစ်ဖို့ ဆရာမတွေက လိုက်ပို့တယ်။ ဒီလုပ်ရပ် ဟာ ကျောင်းသား ထုကိုရော မိဘတွေကိုရော စော်ကားလိုက်တာပဲ။ ကလေး သူ ငယ်အခွင့် အရေးကို ချိုးဖောက်တာပဲ” ဟု၎င်းက ပြောသည်။

အဆိုပါကျောင်းသားငယ်များကို ခေါ်ယူစစ်ဆေးခြင်းသည် အမှတ် (၇) အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ထိုက်စံက အလယ်တန်းပြဆရာမ ဒေါ်ဌေးဌေးဝေကို တိုင်ကြားထားမှုနှင့် ပတ်သက်၍ ခေါ် ယူစစ်ဆေးသည်ဟု ခေါ်ယူစစ်ဆေးခံရသည့် ကလေး၏ မိခင်ဒေါ်ခင် မြတ်သူက ပြောသည်။

စစ်ကိုင်း မြို့မရဲစခန်းမှူး၊ ဒု-ရဲမှူး သိင်္ခဝင်း က “ကလေးတွေ ခေါ်စစ် တယ်ဆိုတာ ကျောင်းအုပ်ကို ခွင့်တောင်း ပြီး မေးတာပါ။ ဆရာမတွေ လိုက်ပို့တာပါ။ အရွယ်မရောက် သေးတဲ့သူတွေဆိုပေမယ့် ပြောနိုင်ဆိုနိုင်တဲ့ အရွယ်သက်သေအနေနဲ့ စစ်မေးခွင့်ရှိပါတယ်” ဟု ပြောသည်။

စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်ထားသော ကြေညာချက်တွင် ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း၌ ပထမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူလေးဦးကို ပြစ်မှုတစ်စုံတစ်ရာ မရှိဘဲစစ်ကိုင်းမြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းကြောင့် ကလေးသူငယ်ဥပဒေနှင့် တည်ဆဲဥပဒေများကို တိုက်ရိုက်ကျူး လွန်ဖောက်ဖျက်သည်ဟု ပါရှိသည်။

ဤကဲ့သို့ ပြုလုပ်ခြင်းသည် ကျောင်းသားထုတစ်ရပ်လုံးနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ၊ ကျောင်းသားမိဘများကို လျစ်လျူရှု စော်ကားသည့် အတွက် စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု ဆက်လက်ဖော်ပြပါရှိသည်။

Mizzima - News in Burmese  

ကျောင်းအုပ်ဆရာမကြီး တိုင်တန်းထားသည့်အပေါ် ကာယကံရှင်ဆရာမက သတင်းစာရှင်း လင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ကျောင်းအုပ်ဆရာမကြီး တိုင်တန်းထားသည့်အပေါ် ကာယကံရှင်ဆရာမက သတင်းစာရှင်း လင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း၊ ပထမတန်း ကျောင်းသူ၊ ကျောင်းသား လေးဦးကို မိဘ အုပ်ထိန်းသူ များကို အသိပေးအကြောင်း ကြားခြင်းမရှိဘဲ စစ်ကိုင်း မြို့မ ရဲစခန်းက ဒီဇင်ဘာ ၁၁ ရက်တွင် သက်သေအဖြစ် ခေါ်ယူစစ်ဆေးမှုကို စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂက ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန် ကန့်ကွက်ထားသည်ဟု စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းထက်စိုးက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စခန်းကို ခေါ်စစ်ဖို့ ဆရာမတွေက လိုက်ပို့တယ်။ ဒီလုပ်ရပ် ဟာ ကျောင်းသား ထုကိုရော မိဘတွေကိုရော စော်ကားလိုက်တာပဲ။ ကလေး သူ ငယ်အခွင့် အရေးကို ချိုးဖောက်တာပဲ” ဟု၎င်းက ပြောသည်။

အဆိုပါကျောင်းသားငယ်များကို ခေါ်ယူစစ်ဆေးခြင်းသည် အမှတ် (၇) အခြေခံပညာ မူလတန်း ကျောင်း အုပ် ဆရာမကြီး ဒေါ်ထိုက်စံက အလယ်တန်းပြဆရာမ ဒေါ်ဌေးဌေးဝေကို တိုင်ကြားထားမှုနှင့် ပတ်သက်၍ ခေါ် ယူစစ်ဆေးသည်ဟု ခေါ်ယူစစ်ဆေးခံရသည့် ကလေး၏ မိခင်ဒေါ်ခင် မြတ်သူက ပြောသည်။

စစ်ကိုင်း မြို့မရဲစခန်းမှူး၊ ဒု-ရဲမှူး သိင်္ခဝင်း က “ကလေးတွေ ခေါ်စစ် တယ်ဆိုတာ ကျောင်းအုပ်ကို ခွင့် တောင်း ပြီး မေးတာပါ။ ဆရာမတွေ လိုက်ပို့တာပါ။ အရွယ်မရောက် သေးတဲ့သူတွေဆိုပေမယ့် ပြောနိုင် ဆိုနိုင်တဲ့ အရွယ်သက်သေအနေနဲ့ စစ်မေးခွင့်ရှိပါတယ်” ဟု ပြောသည်။

စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်ထားသော ကြေညာချက်တွင် ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း၌ ပထမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူလေးဦးကို ပြစ်မှုတစ်စုံတစ်ရာ မရှိဘဲစစ်ကိုင်းမြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းကြောင့် ကလေးသူငယ်ဥပဒေနှင့် တည်ဆဲဥပဒေများကို တိုက်ရိုက်ကျူး လွန်ဖောက်ဖျက်သည်ဟု ပါရှိသည်။

ဤကဲ့သို့ ပြုလုပ်ခြင်းသည် ကျောင်းသားထုတစ်ရပ်လုံးနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ၊ ကျောင်းသား မိဘများကို လျစ်လျူရှု စော်ကားသည့် အတွက် စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်ဟု ဆက်လက်ဖော်ပြပါရှိသည်။

Mizzima - News in Burmese  

No comments:

Post a Comment