Friday 19 December 2014

တပ်မတော်က ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း ကာချုပ်ပြော

Photo: တပ်မတော်က ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း ကာချုပ်ပြော
Friday, December 19, 2014

ရန်ကုန်-မြန်မာနိုင်ငံတွင် ဒီမိုက ရေစီ သက်တမ်းအရ နိုင်ငံရေး လို အပ်ချက်များ၊ ခိုင်မာသည့် ဒီမို ကရေစီလမ်းကြောင်းသို့ ရောက် ရှိရန် စိန်ခေါ်မှုများရှိနေပြီး တပ်မ တော်အနေဖြင့် အပစ်အခတ်ရပ် စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးရ ရန် မှန်မှန်ကန်ကန် လုပ်ဆောင် နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက်က ကမ္ဘာ့ ရပ်မိရပ်ဖများအဖွဲ့ (The Elders) နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ် မတော်က တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး တိုင်းရင်းသားအား လုံး စုစုစည်းစည်းဖြင့် ဖွံ့ဖြိုးတိုး တက်အောင် ရည်ရွယ်ကြိုးစားနေ ပြီး ဒီမိုကရေစီသက်တမ်းအရ နိုင်ငံရေးလိုအပ်ချက်များကို လွှတ် တော်တွင် ဥပဒေနှင့်အညီ တင်ပြ ဆောင်ရွက်နိုင်ကြောင်း ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။

ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က လည်း မြန်မာနိုင်ငံ၏ ခက်ခဲရှုပ် ထွေးသော စိန်ခေါ်မှုများကို နား လည်ပြီး တိုင်းရင်းသားလက်နက် ကိုင်များနှင့် တွေ့ဆုံရာတွင် ဖက် ဒရယ်ပြည်ထောင်စု တပ်မတော် နှင့်ပတ်သက်၍ ရှင်းပြခဲ့ကြောင်း ယင်းအဖွဲ့မှ နော်ဝေး၀န်ကြီးချုပ် ဟောင်း ဒေါက်တာ ဟာလမ်ဘ ရန်ထ်လန်က ပြောကြားခဲ့သည် ဟု ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖော်ပြ ထားသည်။

မစ္စတာဟာလမ်ဘရန်ထ် လန်က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်မှာ နိုင်ငံတကာတွင် လည်း မရှိဘဲ သူတစ်လူ ငါတစ် မင်းလုပ်၍ မရဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ရှင်းပြခဲ့သည်ဟု အဆိုပါ ထုတ်ပြန် ချက်က ဆိုသည်။ ထို့ပြင် အပစ် အခတ်ရပ်စဲရေးအတွက် တပ်မ တော်၏ ကြိုးပမ်းမှုများကို သိနား လည်ကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

The Elders အဖွဲ့သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဒီဇင်ဘာ ၁၅ ရက်က ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

UNFC နှင့် နီးစပ်သည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ က ဖက်ဒရယ်ပြည်ထောင်စုတပ် မတော်(FUA) ဖွဲ့စည်းရေးကို အစဉ်တစိုက် တောင်းဆိုထား သည်။

‘‘ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မှတော့ ဖက်ဒရယ်တပ်မတော် ဆိုတာလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က တောင်းဆိုနေရ ခြင်းဖြစ်ပါတယ်’’ဟု UNFC ဒုတိ ယဥက္ကဋ္ဌ (၁) နိုင်ဟံသာကဆို သည်။

တပ်မတော်ဘက်က မူလ လက်ရှိမြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင် သည့် ပြည်ထောင်စုတပ်မတော် ဖြစ်ကြောင်း အတိအလင်းပြော ကြားထားသည်။ ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ၀ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSA) အပါအ၀င် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့ကလည်း ဖက်ဒရယ်ပြည်ထောင်စုတပ်မ တော်(FUA)သည် လက်တွေ့ မကျသောကြောင့် လက်မခံနိုင် ကြောင်း ပြောကြားထားခဲ့ပြီး သဘောထားကွဲလွဲမှုများ ရှိနေ ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် FUA ကို UNFC၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဖွဲ့စည်းထားပြီး ဦးစီးချုပ်မှာ ဗိုလ်ချုပ်ဘီထူးဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင်လည်း FUA ကိစ္စမှာ အဓိက အခက်အခဲဖြစ်နေခဲ့သည်။

‘‘နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်ဆွေးနွေးပါ့မယ်လို့ပြော ထားတာကို အတင်းလုပ်နေတော့ အဟန့်အတားဖြစ်နေတာ’’ဟု တပ်မတော်အပြင် တိုင်းရင်းသား အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထို့အပြင် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ် နှင့် မတွေ့ မီ ဒီဇင်ဘာ ၁၃ ရက်ကထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီး များအဖွဲ့ချုပ်နှင့် တွေ့ဆုံစဉ်က မြန်မာ့နိုင်ငံရေး ရှေ့မတိုးခြင်းမှာ တပ်မတော်က နိုင်ငံရေးတွင် ကြီးစိုးနေဆဲဖြစ်ခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တပ်မတော်ကတိုင်းရင်းသား အမျိုးသမီးများအ ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ ကျူးလွန်နေခြင်းရှိနေ ကြောင်း ကိုလည်း မြန်မာအမျိုးသ မီးများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ထုတ်ဖော် ဆွေးနွေးခဲ့သည်။

သို့သော် တပ်မတော်သည် လက်ရှိ မြန်မာနိုင်ငံတွင် အားအ ကောင်းဆုံး အဖွဲ့အစည်းဖြစ်ပြီး တပ်မတော်၏ ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြုရန် လိုပြီး တပ်မတော်၏ လိုအပ်ချက်များကို အပြုသဘောဆောင်ကာ ထောက် ပြပေးရန်လည်း လိုကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က WLB ၏ တင်ပြချက်များအပေါ် ပြန် လည်တိုက်တွန်းခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့တို့ တွေ့ဆုံ မှုတွင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအပါအ၀င် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တပ်မ တော်၏ အခန်းကဏ္ဍနှင့် တိုင်း ရင်းသားရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သတင်းရရှိ သည်။ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် လာ ရောက်ခြင်းမှာ သုံးကြိမ်မြောက် ရှိပြီဖြစ်ပြီး ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၌ သ တင်းစာရှင်းလင်းပွဲတစ်ရပ် ပြု လုပ်ခဲ့သည်။

7Day  DAILY 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ−မြ၀တီ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ−မြ၀တီ)
ရန်ကုန်-မြန်မာနိုင်ငံတွင် ဒီမိုကရေစီ သက်တမ်းအရ နိုင်ငံရေး လိုအပ်ချက်များ၊ ခိုင်မာသည့် ဒီမိုကရေစီ လမ်းကြောင်းသို့ ရောက်ရှိရန် စိန်ခေါ်မှုများရှိနေပြီး တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန်လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက်က ကမ္ဘာ့ ရပ်မိရပ်ဖများအဖွဲ့ (The Elders) နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်က တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး တိုင်းရင်းသားအားလုံး စုစုစည်းစည်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ကြိုးစားနေပြီး ဒီမိုကရေစီ သက်တမ်းအရ နိုင်ငံရေးလိုအပ်ချက်များကို လွှတ်တော်တွင် ဥပဒေနှင့်အညီ တင်ပြ ဆောင်ရွက်နိုင်ကြောင်း ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။

ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က လည်း မြန်မာနိုင်ငံ၏ ခက်ခဲရှုပ်ထွေးသော စိန်ခေါ်မှုများကို နားလည်ပြီး တိုင်း ရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံရာတွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နှင့်ပတ်သက်၍ ရှင်းပြခဲ့ကြောင်း ယင်းအဖွဲ့မှ နော်ဝေး၀န်ကြီးချုပ် ဟောင်း ဒေါက်တာ ဟာလမ်ဘ ရန်ထ်လန်က ပြောကြား ခဲ့သည် ဟု ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖော်ပြထားသည်။

မစ္စတာဟာလမ်ဘရန်ထ် လန်က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်မှာ နိုင်ငံတကာတွင် လည်း မရှိဘဲ သူတစ်လူ ငါတစ် မင်းလုပ်၍ မရဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ရှင်းပြခဲ့သည်ဟု အဆိုပါ ထုတ်ပြန် ချက်က ဆိုသည်။ ထို့ပြင် အပစ် အခတ်ရပ်စဲရေးအတွက် တပ်မ တော်၏ ကြိုးပမ်းမှုများကို သိနား လည်ကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

The Elders အဖွဲ့သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဒီဇင်ဘာ ၁၅ ရက်က ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

UNFC နှင့် နီးစပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်(FUA) ဖွဲ့စည်းရေးကို အစဉ်တစိုက် တောင်းဆိုထား သည်။

‘‘ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မှတော့ ဖက်ဒရယ်တပ်မတော် ဆိုတာလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့က တောင်းဆိုနေရ ခြင်းဖြစ်ပါတယ်’’ဟု UNFC ဒုတိ ယဥက္ကဋ္ဌ (၁) နိုင်ဟံသာကဆို သည်။

တပ်မတော်ဘက်က မူလလက်ရှိမြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စုတပ်မတော်ဖြစ်ကြောင်း အတိအလင်းပြောကြားထားသည်။ ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ၀ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSA) အပါအ၀င် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့ကလည်း ဖက်ဒရယ်ပြည်ထောင်စုတပ်မ တော်(FUA)သည် လက်တွေ့ မကျသော ကြောင့် လက်မခံနိုင် ကြောင်း ပြောကြားထားခဲ့ပြီး သဘောထားကွဲလွဲမှုများ ရှိနေ ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် FUA ကို UNFC၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဖွဲ့စည်း ထားပြီး ဦးစီးချုပ်မှာ ဗိုလ်ချုပ်ဘီထူးဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံ လုံး အပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင်လည်း FUA ကိစ္စမှာ အဓိက အခက်အခဲဖြစ်နေခဲ့သည်။

‘‘နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်ဆွေးနွေးပါ့မယ်လို့ပြော ထားတာကို အတင်းလုပ်နေတော့ အဟန့် အတားဖြစ်နေတာ’’ဟု တပ်မတော်အပြင် တိုင်းရင်းသား အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထို့အပြင် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ်နှင့် မတွေ့မီ ဒီဇင်ဘာ ၁၃ ရက်က ထိုင်းနိုင်ငံ တွင် မြန်မာအမျိုးသမီးများအဖွဲ့ချုပ်နှင့် တွေ့ဆုံစဉ်က မြန်မာ့နိုင်ငံရေး ရှေ့မတိုးခြင်းမှာ တပ်မတော်က နိုင်ငံရေးတွင် ကြီးစိုးနေဆဲဖြစ်ခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တပ်မတော်ကတိုင်းရင်းသား အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေခြင်းရှိနေကြောင်းကိုလည်း မြန်မာ အမျိုးသမီးများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ထုတ်ဖော် ဆွေးနွေးခဲ့သည်။

သို့သော် တပ်မတော်သည် လက်ရှိ မြန်မာနိုင်ငံတွင် အားအ ကောင်းဆုံး အဖွဲ့အစည်းဖြစ်ပြီး တပ်မတော်၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုရန်လိုပြီး တပ်မတော်၏ လိုအပ်ချက်များကို အပြုသဘော ဆောင် ကာ ထောက်ပြပေးရန်လည်းလိုကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က WLB ၏ တင်ပြချက်များအပေါ် ပြန်လည် တိုက်တွန်းခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့တို့ တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အပါအ၀င် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တပ်မ တော်၏ အခန်းကဏ္ဍနှင့် တိုင်း ရင်းသားရေးရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့သည်ဟု သတင်းရရှိ သည်။ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် လာ ရောက်ခြင်းမှာ သုံးကြိမ်မြောက် ရှိပြီဖြစ်ပြီး ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၌ သ တင်းစာရှင်းလင်းပွဲတစ်ရပ် ပြု လုပ်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment