Friday 19 December 2014

ထိုင်ဝမ် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု အတွက် လူ ၁၂ ဦးကို တရားစွဲ

Photo: ထိုင်ဝမ် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု အတွက် လူ ၁၂ ဦးကို တရားစွဲ 
Friday, December 19, 2014 

ထိုင်ဝမ်တွင် လူ၏ အမှားများကြောင့် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ဓာတုဗေဒ ကုမ္ပဏီ အကြီးအကဲနှင့် အစိုးရ အရှိများ အပါအ၀င် လူ ၁၂ ဦးကို တရားစွဲဆို ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။

ကောင်းရှန်မြို့ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲ မှုကြောင့် လူ ၃၂ ဦး သေဆုံးခဲ့သည်။ မြေအောက်ရှိ ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲ မှုကြောင့် မီးလောင်မှုများ ဖြစ်ပေါ် ခဲ့သည့် အပြင် လမ်းမအချို့၏ အလယ်တွင် ကျင်းချိုင့်များ ဖြစ်ပေါ်ခဲ့ပြီး ယာဉ်များသည်လည်း အဆောက်အုံခေါင်း မိုးပေါ် ထိအောင် လွင့်စင်ထွက် သွားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်မှစ၍ ပထမဆုံး အကြိမ် တရားစွဲ ဆိုမှုတွင် အစိုးရ ရှေ့နေများက  ပြည်သူ့ လုံခြုံရေးအပေါ် လျစ်လျူ ရှုခဲ့သည့် အတွက် ထိခိုက် ဒဏ်ရာရာ သေဆုံးမှုများကြောင့် ပိုက်လိုင်းကို လည်ပတ်လုပ်ကိုင်သော LCY ဓာတုကော်ပိုရေးရှင်း ဥက္ကဌနှင့် အခြား ၁၁ ဦးကို တရားစွဲဆို ခဲ့သည်။

"လူသားတွေရဲ့ အမှားတွေကြောင့် လူ ၃၂၁ ဦး ဒဏ်ရာ ရရှိမှုနဲ့ လူ ၃၂ ဦးအသက် ဆုံးရှုံး ခဲ့တဲ့ ၀မ်းနည်ဖွယ် ဖြစ်ရပ်ကို ဖြစ်ပေါ် ခဲ့ပါတယ်"ဟု အစီရင်ခံ စာတွင် အစိုးရ ရှေ့နေများက ပြောကြားထားသည်။

ကောင်းရှန်မြို့ အခြေစိုက် LCY ဓာတုဗေဒကုမ္ပဏီသည် ပရိုပိန်း ဓာတ်ငွေ့များ ပေးပို့ သည့်မြေအောက် ပိုက်လိုင်း များကို ပုံမှန် ထိန်းသိမ်း ပြုပြင် မှုများ မရှိ ခဲ့ခြင်းကြောင့် ပိုက်လိုင်းများ သံချေး တက်ခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့ခြင်းက အင်းအား ပြင်းသော ပေါက်ကွဲ မှုများကို ဖြစ်ပေါ် စေကြောင်း ခရိုင်အစိုး ရရှေ့နေရုံးက ပြောကြားသည်။

ကုမ္ပဏီသည် မှားယွင်းသော လုပ်ထုံး လုပ်နည်း များနှင့် အတူ ဓာတ်ငွေ့ယိုစိမ့် နိုင်ဖွယ် ရှိမှုကို သတိပြုမိခဲ့သော်လည်း ဓာတ်ငွေ့ ပို့်ဆောင် မှုများကို ဆက်လက် လုပ် ဆောင်ခဲ့ကြောင်း အစီရင်ခံ စာတွင်ပြော ကြားထားသည်။

LCY ဓာတု ကုမ္ပဏီနှင့် စာချုပ်ချုပ်ထားသော ကုမ္ပဏီ တစ်ခုမှ အလုပ်သမား သုံးဦးက ပရိုပိန်း ဓာတ်ငွေ့များကိုပို့ဆောင်ခဲ့ ကြောင်းနှင့် ယခင် အရာရှိ သုံးဦး သည် ၁၉၉၀ ပြည့်လွန်နှစ်က တည်ဆောက် ခဲ့သော ဓာတ်ငွေ့ ပိုက်လိုင်းများ ကို စစ်ဆေးခြင်းများ လုပ်ဆောင် ခဲ့ခြင်းမရှိပေ။

LCY ကုမ္ပဏီသည် ပထမဆုံး အကြိမ် ပေါက်ကွဲမှု မဖြစ်ပေါ်မီ နာရီပေါင်း များစွာ အလိုက မြေအောက် ဓာတ်ငွေ့ ပိုက်လိုင်းမှ ပရိုပိန်း ဓာတ်ငွေ့ ၁၀ တန်ခန့် ယိုစိမ့် ခဲ့ကြောင်း မြို့ အရာရှိများက ပြောကြားသည်။

ယင်းကုမ္ပဏီသည် ဓာတုလောင်စာစက်ရုံ ဒါဇင်ပေါင်းများစွာ ရှိသော နေရာတွင် ကပ်လျက် တည်ရှိပြီး ကောင်းရှန်မြို့တွင် ဓာတ်ငွေ့ ပိုက်လိုင်း အများအပြား လည်ပတ် လုပ်ကိုင်လျက် ရှိသည်။ ယင်းဖြစ်ရပ်ကို တာဝန်ယူသည့် အနေဖြင့် ကောင်းရှန်မြို့ ဒုတိယ မြို့တော်ဝန်နှင့် အခြားအရာရှိ သုံးဦးလည်း ရာထူးမှ နှုတ် ထွက်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ထိုင်ဝမ်တွင် လူ၏ အမှားများကြောင့် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ဓာတုဗေဒ ကုမ္ပဏီ အကြီးအကဲနှင့် အစိုးရ အရှိများ အပါအ၀င် လူ ၁၂ ဦးကို တရားစွဲဆို ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။

ကောင်းရှန်မြို့ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲ မှုကြောင့် လူ ၃၂ ဦး သေဆုံးခဲ့သည်။ မြေအောက်ရှိ ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲ မှုကြောင့် မီးလောင်မှုများ ဖြစ်ပေါ် ခဲ့သည့် အပြင် လမ်းမအချို့၏ အလယ်တွင် ကျင်းချိုင့်များ ဖြစ်ပေါ်ခဲ့ပြီး ယာဉ်များသည်လည်း အဆောက်အုံခေါင်း မိုးပေါ် ထိအောင် လွင့်စင်ထွက် သွားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်မှစ၍ ပထမဆုံး အကြိမ် တရားစွဲ ဆိုမှုတွင် အစိုးရ ရှေ့နေများက  ပြည်သူ့ လုံခြုံရေးအပေါ် လျစ်လျူ ရှုခဲ့သည့် အတွက် ထိခိုက် ဒဏ်ရာရာ သေဆုံးမှုများကြောင့် ပိုက်လိုင်းကို လည်ပတ်လုပ်ကိုင်သော LCY ဓာတုကော်ပိုရေးရှင်း ဥက္ကဌနှင့် အခြား ၁၁ ဦးကို တရားစွဲဆို ခဲ့သည်။

"လူသားတွေရဲ့ အမှားတွေကြောင့် လူ ၃၂၁ ဦး ဒဏ်ရာ ရရှိမှုနဲ့ လူ ၃၂ ဦးအသက် ဆုံးရှုံး ခဲ့တဲ့ ၀မ်းနည် ဖွယ် ဖြစ်ရပ်ကို ဖြစ်ပေါ် ခဲ့ပါတယ်"ဟု အစီရင်ခံ စာတွင် အစိုးရ ရှေ့နေများက ပြောကြားထားသည်။

ကောင်းရှန်မြို့ အခြေစိုက် LCY ဓာတုဗေဒကုမ္ပဏီသည် ပရိုပိန်း ဓာတ်ငွေ့များ ပေးပို့ သည့်မြေအောက် ပိုက်လိုင်း များကို ပုံမှန် ထိန်းသိမ်း ပြုပြင် မှုများ မရှိ ခဲ့ခြင်းကြောင့် ပိုက်လိုင်းများ သံချေး တက်ခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့ခြင်းက အင်းအား ပြင်းသော ပေါက်ကွဲ မှုများကို ဖြစ်ပေါ် စေကြောင်း ခရိုင်အစိုး ရရှေ့နေရုံးက ပြောကြားသည်။

ကုမ္ပဏီသည် မှားယွင်းသော လုပ်ထုံး လုပ်နည်း များနှင့် အတူ ဓာတ်ငွေ့ယိုစိမ့် နိုင်ဖွယ် ရှိမှုကို သတိပြုမိခဲ့သော်လည်း ဓာတ်ငွေ့ ပို့်ဆောင် မှုများကို ဆက်လက် လုပ် ဆောင်ခဲ့ကြောင်း အစီရင်ခံ စာတွင်ပြော ကြားထားသည်။

LCY ဓာတု ကုမ္ပဏီနှင့် စာချုပ်ချုပ်ထားသော ကုမ္ပဏီ တစ်ခုမှ အလုပ်သမား သုံးဦးက ပရိုပိန်း ဓာတ်ငွေ့ များကိုပို့ဆောင်ခဲ့ ကြောင်းနှင့် ယခင် အရာရှိ သုံးဦး သည် ၁၉၉၀ ပြည့်လွန်နှစ်က တည်ဆောက် ခဲ့သော ဓာတ်ငွေ့ ပိုက်လိုင်းများ ကို စစ်ဆေးခြင်းများ လုပ်ဆောင် ခဲ့ခြင်းမရှိပေ။

LCY ကုမ္ပဏီသည် ပထမဆုံး အကြိမ် ပေါက်ကွဲမှု မဖြစ်ပေါ်မီ နာရီပေါင်း များစွာ အလိုက မြေအောက် ဓာတ်ငွေ့ ပိုက်လိုင်းမှ ပရိုပိန်း ဓာတ်ငွေ့ ၁၀ တန်ခန့် ယိုစိမ့် ခဲ့ကြောင်း မြို့ အရာရှိများက ပြောကြား သည်။

ယင်းကုမ္ပဏီသည် ဓာတုလောင်စာစက်ရုံ ဒါဇင်ပေါင်းများစွာ ရှိသော နေရာတွင် ကပ်လျက် တည်ရှိပြီး ကောင်းရှန်မြို့တွင် ဓာတ်ငွေ့ ပိုက်လိုင်း အများအပြား လည်ပတ် လုပ်ကိုင်လျက် ရှိသည်။ ယင်းဖြစ်ရပ်ကို တာဝန်ယူသည့် အနေဖြင့် ကောင်းရှန်မြို့ ဒုတိယ မြို့တော်ဝန်နှင့် အခြားအရာရှိ သုံးဦးလည်း ရာထူးမှ နှုတ် ထွက်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment