Saturday 6 December 2014

နော်ဝေးဘုရင် ခရီးစဉ်တွင် ကျူးကျော်တဲများ ရှင်းလင်းခဲ့ခြင်းမှာ မြို့နှင့် နိုင်ငံ့ဂုဏ်သိက္ခာအတွက်ဟု တာဝန်ရှိသူတစ်ဦး ပြော



နော်ဝေးဘုရင် ခရီးစဉ်ရှိသောကြောင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကျူးကျော်တဲများ ဖယ်ရှားရာနေ ရေး အခက်တွေ့ခဲ့ပြီး ကြုံသလိုနေရေးဖြေရှင်းနေသော ကျူးကျော်မိသားစုတစ်စုကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − မောင်တာ)

မန္တလေးမြို့သို့ နော်ဝေးဘုရင်မလာရောက်မီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီတို့က ကမ်းနားတစ်လျှောက်ရှိ ရာချီသောကျူးကျော်တဲများကိုဖယ်ရှားခဲ့သည်။


မန္တလေးမြို့ ကမ်းနားလမ်းရှိ ကျူးကျော်တဲများကို နော်ဝေးဘုရင်မလာရောက်မီ ရှင်းလင်းခဲ့ခြင်းနှင့် ပတ် သက်၍ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော် မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ‘‘တို့ရဲ့ ပုံမှန်လုပ်သင့်လုပ်ထိုက်တာ လုပ်တာပါပဲ။ ဘာမှတော့ပြောစရာမရှိပါဘူး။ တို့လုပ်သင့်လုပ်ထိုက် တာတို့ လုပ်တယ်။ မန္တလေးဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံဂုဏ်သိက္ခာ အတွက်လုပ်တာ။ ဒါပဲပြောစရာရှိတယ်။ ကျန်တာ တော့  ပြောစရာမရှိပါဘူး’’ဟု ပြန်လည်ဖြေကြားခဲ့သည်။

မန္တလေးမြို့တော်စည်ပင်သည် ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ဂေါဝိန်ဆိပ်ကမ်းတွင်နေထိုင်သည့်ရာ ချီသော ကျူးကျော်တဲများကို ဘူဒိုဇာဖြင့်ထိုးကာ ဖျက်ဆီးခဲ့ပြီး ဆိပ်ကမ်းကုန်တင်ကုန် ချလုပ်သား များကိုလည်း ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် အလုပ် မဆင်းရန် တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ‘‘ကျွန်တော်တို့ သတင်းတွေတော့ တက်လာတာတွေ့ပါတယ်။ သံတမန်ဌာနကို အခုထိတော့ နော်ဝေးဘက်က Complain တက်လာတာမရှိသေးပါဘူး။ နောက်ပြီးတော့ ဒီလူတွေဖယ်ရှားခံရတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အစိုးရ ဘက်ကလည်း စိစစ်အတည်ပြုစရာ ဥပဒေနဲ့ ညီ၊ မညီ အတည်ပြုစရာတွေရှိနေပါတယ်။ အခုလည်း ဘုရင်ရဲ့ ခရီးစဉ်က မပြီးဆုံးသေးတော့ ဘုရင်ခရီးစဉ်နဲ့ အတူလိုက်ပါသွားတဲ့ ကျွန်တော်တို့ဌာနက ပုဂ္ဂိုလ် တွေလည်း ဘာမှတော့ ဆက်သွယ် ပြောကြားလာတာမရှိသေးပါဘူး’’ဟု ပြောကြားသည်။

ဧရာဝတီမြစ်ဆိပ် ဂေါဝိန် ဆိပ်ကမ်းတွင် ကျူးကျော်တဲထိုး နေထိုင်သူ အများစုမှာ ကုန်တင် ကုန်ချလုပ်သား ဖြစ်ကြပြီး နော်ဝေး ဘုရင်လာရောက်ချိန်တွင် နေအိမ် များဖျက်ဆီးခံရမှုနှင့် ကုန်တင် ကုန်ချလုပ်ငန်းများ နှစ်ရက်ခန့်ရပ် နားထားရမှုကြောင့် စားဝတ်နေ ရေးနှင့် နေထိုင်ရေးများ အခက် တွေ့နေရသည်ဟု ဆိုသည်။

‘‘ကုန်တင်ကုန်ချအလုပ်က တော့ မနက်ဖြန်လုပ်ရမယ်ပြော တာပဲ။ အခုတော့ ဒီသစ်ပင်ရိပ် လေးအောက် အိပ်ရတော့ ကလေးတွေရော၊ လူကြီးတွေရော ကျန်း မာရေးမကောင်းဘူး။ ရာသီဥတု ကအေးတော့ နေထိုင်မကောင်းဘူး။ ပုံမှန်အလုပ်လေးပြန်လုပ်ရမှ အဆင်ပြေမှာ’’ဟု ကျူးကျော်တဲ ဖျက်ဆီးခံရပြီး ကမ်းနားရှိ ကားလမ်းဘေးတွင် မိသားစုနှင့်အတူ နေထိုင်နေရသည့် အသက်(၄၀)အရွယ် ကုန်တင်ကုန်ချ လုပ်သား တစ်ဦးကပြောသည်

ဖျက်ဆီးခံရသည့် ကျူးကျော်တဲများတွင် နေထိုင်သူများမှာ တစ်ရပ်တစ်ကျေးမှာ လာရောက်ကြသူ များဖြစ် သည်။ ၎င်း တို့က ဆိပ်ကမ်းတွင် ကျူးကျော် တဲထိုးနေထိုင်သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်နေပြီဖြစ်ပြီး သား သမီးများကိုလည်း အနီးအနား တွင် ကျောင်းအပ်နှံထားကြသည် ဟုဆိုသည်။

‘‘အဘွားတို့က ဒီမှာနေလာတာ နှစ်တွေကြာပြီ။ အခုဖျက်ဆိုတော့ ဖျက်လိုက်ရတယ်။ သူတို့ ပြန်သွားရင် တော့ ပြန်နေခွင့်ပြု မယ်ပြောတာပဲ။ အခုတော့ဖြစ် သလိုပဲ လမ်းဘေးကပ်ရက်နေရ တာပေါ့’’ဟု ဆိပ်ကမ်း တွင် နှစ် ပေါင်းလေးဆယ်ခန့်နေထိုင်လာ သည့် အသက် (၆၀) အရွယ် ဒေါ် ကောင်းကြည်ကပြောသည်။

ဒေါ်ကောင်းကြည်မှာ သား သမီး ကိုးဦးရှိသည့် သမီးမိသားစု နှင့် အတူနေထိုင်နေခြင်း ဖြစ် သည်။ ကျူးကျော်တဲများဖျက်ဆီးမှုကြောင့် အိမ်ဈေးလေးအဖြစ် ဖွင့်လှစ်ထားသူများလည်း အခက်တွေ့ခဲ့ရပြီး မန္တလေးစည်ပင်မှ ကျူးကျော်တဲများ ဖျက်ဆီးမှုအတွက် ဖျက်စရိတ်ပေးခြင်းမျိုး မရှိခဲ့ဟုဆိုသည်။ ကျူးကျော် တဲ ဖျက်ဆီးခံလိုက်ရသည့် မိသားစု ၂၀၀ ကျော်ရှိသည်ဟု ဆိပ်ကမ်း တွင် နေထိုင်သူများကပြောကြား သည်။

နော်ဝေးဘုရင်နှင့် မိဖုရားတို့သည်  ပုဂံမြို့မှတစ်ဆင့်ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောဖြင့် လာရောက် ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး မန္တလေးတောင်၊ ရွှေနန်းတော်ကျောင်း၊ အတုမရှိကျောင်းတော်ကြီး၊ ကုသိုလ်တော်ဘုရားနှင့် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်တို့သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ပြီး ညနေတွင် တံတားဦး အပြည် ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

7Day DAILY

No comments:

Post a Comment