Saturday 6 December 2014

ကျူးကျော်နေထိုင်ရန် ကြိုးပမ်းသူများနှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်ရာ ငါးဦးဒဏ်ရာရ

Photo: ကျူးကျော်နေထိုင်ရန် ကြိုးပမ်းသူများနှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်ရာ ငါးဦးဒဏ်ရာရ
Saturday, December 6, 2014

လှိုင်သာယာဒဂုံဧရာအ ဝေးပြေးကားဝင်း မြေကွက်လပ် တွင် လာရောက်နေရာ ယူသည့် အနေဖြင့် တိုင်စိုက်သော ကျုးများ နှင့်ဒေသခံများရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ် ဦးအပါအ၀င် လူငါးဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၅ရက် မွန်းလွဲ ၁နာရီက လှိုင်သာယာအဝေးပြေး ၀င်းရှေ့အတွင်း ပဒံရပ်ကွက်ရှိ မြ စိမ်းရောင်စေတီအနီး မြေကွက်လပ်သို့ အင်အား ငါးဆယ်ခန့်ရှိသည့် ကျူးကျော်နေထိုင်မည့်သူများ တိုင်စိုက်ရာမှ ဒေသခံများနှင့်ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

‘‘ရပ်ကွက်က ဘုရားပိုင်မြေ ကို ၀ါးငုတ်တွေလာရိုက်တာ။ ဒေ သခံတွေက တားကြတာ။ ကျူး တွေထဲမှာ  မိန်းမတွေလည်းပါ တယ်။ တုတ်တွေ၊ ဓားတွေနဲ့ ရောက်လာတာ။ ကျွန်တော်တို့ ရပ်ကွက်က လူသုံးယောက်နဲ့ နယ် ထိန်းတစ်ယောက်  ဒဏ်ရာရ တယ်’’ဟု   အတွင်းပဒံရပ်ကွက် အုပ်ချုပ်ရေးမှူးက  ပြောသည်။ ယင်းဖြစ်စဉ်တွင် ကျူးကျော်သူ များဘက်က လူနှစ်ဦးဒဏ်ရာရခဲ့ ကြောင်း လှိုင်သာယာမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အင်အားသုံးထောင်ခန့်ရှိ သော ကျူးကျော်နေထိုင်သူများ သည် လှိုင်သာယာအဝေးပြေးဝင်း ရှေ့ရှိ မြစိမ်းရောင်အိမ်ရာစီမံကိန်း မြေနှင့် အနော်ရထာစက်မှုဇုန်မြေ နေရာတို့တွင် ပြီးခဲ့သောအောက် တိုဘာမှစတင်ကာ လာရောက် တဲထိုးနေကြခြင်းဖြစ်ပြီး ယခုအခါ ရပ်ကွက်ပိုင်မြေ၌   စတင်ကျူး ကျော်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 လှိုင်သာယာမြို့နယ်အုပ် ချုပ်ရေးမှူးဦးကျော်ငြိမ်းက ‘‘ကျူး ကျော်တဲ့သူတွေက အတွင်းပဒံရွာ နားကိုလာပြီး ခြံစည်းရိုးငုတ်တိုင် တွေလာစိုက်တာ။ ရွာသားတွေက တားတော့ တုတ်တွေ၊ ဓားတွေနဲ့ ရွာသားတွေကို ပြန်လိုက်တယ် ပြောတယ်ဗျ။ ကျွန်တော်တို့ဆီ သတင်းရောက်တော့ သွားဖြေရှင်း ပေးခဲ့ရတယ်။ တစ်ဖက်နဲ့တစ်ဖက် အမှုဖွင့်တာမျိုးတော့မကြားမိ သေးဘူးဗျ’’ဟုပြောသည်။

  ‘‘ဟိုဘက် ဒီဘက်တော့ ပြဿနာနည်းနည်းဖြစ်သွားတယ် ပေါ့။ ရပ်ကွက်နားလာစိုက်ထား တဲ့ တိုင်တွေလည်း ပြန်ဖြုတ်လိုက် တာပေါ့။ အခုထိကတော့ နှစ်ဖက် အမှုဖွင့်တာမရှိသေးဘူး’’ဟု လှိုင်  သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသန်းမြင့်ဦးကပြောသည်။

အဆိုပါမြေနေရာနှစ်ခုစလုံး မှာ ၀ါဝါ၀င်းကုမ္ပဏီပိုင်မြေနေရာ ဖြစ်ပြီး ကုမ္ပဏီပိုင်မြေတွင် ကျူး ကျော်တဲများ ၀င်ရောက်နေရာယူ ထားခြင်းအတွက် မည်ကဲ့သို့ ဖြေ ရှင်းမည်ကို ယခုအချိန်၌ ပြော ပြနိုင်ခြင်းမရှိသေးကြောင်းဝါ၀ါ ၀င်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘အခုထိတော့ ကျွန်တော်တို့ တားနိုင်သလောက်တော့ တားနေ တာပဲ။ ရှင်းနိုင်သလောက်ရှင်းနေ တာပေါ့။ အဓိကကတော့ ထပ်ပြီး တိုးမလာဖို့ပဲ’’ဟု အတွင်းပဒံရပ်  ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ကပြောသည်။

လာရောက်ကျူးကျော်သူများမှာ  လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်၊ ပီမိုးနင်းလမ်းတွင် ကျူးကျော်နေ သူများဖြစ်ပြီး ယခုအခါ  အတွင်းပဒံရပ်ကွက်သို့ ရောက်လာကာ ၀ါးငုတ်များစိုက်ခြင်းဖြစ်ကြောင်း ဒေသခံဦးဝင်းကျော်ကပြောသည်။

7Day DAILY

ကျူးကျော်သူများနှင့် ဒေသခံများရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက်တွေ့ရစဉ်(ဓာတ်ပုံ - အောင်သစ်လွင်)

ကျူးကျော်သူများနှင့် ဒေသခံများရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက်တွေ့ရစဉ်(ဓာတ်ပုံ - အောင်သစ်လွင်)

လှိုင်သာယာဒဂုံဧရာအ ဝေးပြေးကားဝင်း မြေကွက်လပ်တွင် လာရောက်နေရာယူသည့်အနေဖြင့် တိုင်စိုက် သောကျုးများ နှင့်ဒေသခံများရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ် ဦးအပါအ၀င် လူငါးဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၅ရက် မွန်းလွဲ ၁နာရီက လှိုင်သာယာအဝေးပြေး ၀င်းရှေ့အတွင်း ပဒံရပ်ကွက်ရှိ မြ စိမ်းရောင် စေတီအနီး မြေကွက်လပ်သို့ အင်အား ငါးဆယ်ခန့်ရှိသည့် ကျူးကျော်နေထိုင်မည့်သူများ တိုင်စိုက်ရာမှ ဒေသခံများနှင့်ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

‘‘ရပ်ကွက်က ဘုရားပိုင်မြေ ကို ၀ါးငုတ်တွေလာရိုက်တာ။ ဒေ သခံတွေက တားကြတာ။ ကျူး တွေထဲမှာ  မိန်းမတွေလည်းပါ တယ်။ တုတ်တွေ၊ ဓားတွေနဲ့ ရောက်လာတာ။ ကျွန်တော်တို့ ရပ်ကွက်က လူသုံးယောက်နဲ့ နယ် ထိန်းတစ်ယောက်  ဒဏ်ရာရ တယ်’’ဟု   အတွင်းပဒံရပ်ကွက် အုပ်ချုပ်ရေးမှူးက  ပြောသည်။ ယင်းဖြစ်စဉ်တွင် ကျူးကျော်သူ များဘက်က လူနှစ်ဦးဒဏ်ရာရခဲ့ ကြောင်း လှိုင်သာယာမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အင်အားသုံးထောင်ခန့်ရှိ သော ကျူးကျော်နေထိုင်သူများ သည် လှိုင်သာယာအဝေးပြေးဝင်း ရှေ့ရှိ မြစိမ်းရောင်အိမ်ရာစီမံကိန်း မြေနှင့် အနော်ရထာစက်မှုဇုန်မြေ နေရာတို့တွင် ပြီးခဲ့သောအောက် တိုဘာမှစတင်ကာ လာရောက် တဲထိုးနေကြခြင်းဖြစ်ပြီး ယခုအခါ ရပ်ကွက်ပိုင်မြေ၌   စတင်ကျူး ကျော်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 လှိုင်သာယာမြို့နယ်အုပ် ချုပ်ရေးမှူးဦးကျော်ငြိမ်းက ‘‘ကျူး ကျော်တဲ့သူတွေက အတွင်းပဒံရွာ နားကိုလာပြီး ခြံစည်းရိုးငုတ်တိုင် တွေလာစိုက်တာ။ ရွာသားတွေက တားတော့ တုတ်တွေ၊ ဓားတွေနဲ့ ရွာသားတွေကို ပြန်လိုက်တယ် ပြောတယ်ဗျ။ ကျွန်တော်တို့ဆီ သတင်းရောက်တော့ သွားဖြေရှင်း ပေးခဲ့ရတယ်။ တစ်ဖက်နဲ့တစ်ဖက် အမှုဖွင့်တာမျိုးတော့မကြားမိ သေးဘူးဗျ’’ဟုပြောသည်။

‘‘ဟိုဘက် ဒီဘက်တော့ ပြဿနာနည်းနည်းဖြစ်သွားတယ်ပေါ့။ ရပ်ကွက်နားလာစိုက်ထားတဲ့တိုင်တွေလည်း ပြန်ဖြုတ်လိုက်တာပေါ့။ အခုထိကတော့ နှစ်ဖက်အမှုဖွင့်တာမရှိသေးဘူး’’ဟု လှိုင် သာယာမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးသန်းမြင့်ဦးကပြောသည်။

အဆိုပါမြေနေရာနှစ်ခုစလုံး မှာ ၀ါဝါ၀င်းကုမ္ပဏီပိုင်မြေနေရာ ဖြစ်ပြီး ကုမ္ပဏီပိုင်မြေတွင် ကျူး ကျော်တဲများ ၀င်ရောက်နေရာယူထားခြင်းအတွက် မည်ကဲ့သို့ ဖြေရှင်းမည်ကို ယခုအချိန်၌ ပြောပြနိုင်ခြင်း မရှိသေး ကြောင်း ၀ါဝါ ၀င်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘အခုထိတော့ ကျွန်တော်တို့ တားနိုင်သလောက်တော့ တားနေ တာပဲ။ ရှင်းနိုင်သလောက်ရှင်းနေ တာပေါ့။ အဓိကကတော့ ထပ်ပြီး တိုးမလာဖို့ပဲ’’ဟု အတွင်းပဒံရပ်  ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ကပြောသည်။

လာရောက်ကျူးကျော်သူများမှာ  လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်၊ ပီမိုးနင်းလမ်းတွင် ကျူးကျော်နေသူ များဖြစ်ပြီး ယခုအခါ  အတွင်းပဒံရပ်ကွက်သို့ ရောက်လာကာ ၀ါးငုတ်များစိုက်ခြင်းဖြစ်ကြောင်း ဒေသခံ ဦးဝင်းကျော်ကပြောသည်။

7Day DAILY

No comments:

Post a Comment