Saturday 6 December 2014

အာဖဂန်နိုင်ငံတည်ငြိမ်တိုးတက်ရေးအကူအညီပေးမယ့် နိုင်ငံတကာအသိုင်း အ၀ိုင်း

Photo: အာဖဂန်နိုင်ငံတည်ငြိမ်တိုးတက်ရေးအကူအညီပေးမယ့် နိုင်ငံတကာအသိုင်း အ၀ိုင်း
Saturday, December 6, 2014

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အာဖဂန်နိုင်ငံတွင်းကနေ ဒီနှစ် ကုန်ပိုင်းမှာ ထွက်ခွာပြီးရင်တောင် နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ အာဖဂန် နိုင်ငံ တည်ငြိမ်တိုးတက်ရေးအတွက် ဆက်လက်အကူအညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အမေရိကန်ဦးဆောင်တဲ့ နိုင်င့တကာတပ်တွေ ဒီနှစ်ကုန်ပိုင်းမှာ အာဖဂန် နိုင်ငံတွင်း ကနေ ထွက်ခွာပြီးရင်တောင် အာဖဂန်နိုင်ငံကို ဆက်လက် အကူအညီပေးသွားမှာဖြစ်တယ်လို့ နိုင်ငံပေါင်း (၆၀) ကျော်က ကိုယ်စားလှယ်တွေက သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ အခုလို သဘောတူညီ ချက်ဟာ လန်ဒန်မြို့မှာ ဒီဇင်ဘာလ (၄) ရက်တုန်းက ကျင်းပခဲ့တဲ့ ၀န်ကြီးအဆင့် ညီလာခံမှာ ရရှိခဲ့တာဖြစ်ပါတယ်။
 
အာဖဂန်နိုင်ငံသားတွေဟာ အတိတ်ကိုကျော်လွှားနိုင်ပြီး ယုံကြည်ချက်ရှိရှိ စည်းစည်းလုံးလုံးနဲ့ အနာဂတ်ကို ဦးတည်နေပြီဖြစ်တယ်လို့ အာဖဂန်သမ္မတအာရှက်ဂန္ဒီက အခမ်းအနားမိန့်ခွန်းမှာ ပြောပါတယ်။ အစိုးရသစ်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ စီးပွားရေး တိုးတက်ရေးနဲ့ လုံခြုံရေးပြန်လည်ရရှိရေးတွေကို လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
 
တိုကျိုမှာ (၂၀၁၂) ခုနှစ် ညီလာခံကျင်းပစဉ်က သဘောတူညီထားခဲ့တဲ့ အာဖဂန်နိုင်ငံကို အမေရိကန် ဒေါ်လာ (၁၆) ဘီလီယံအကူအညီပေးရေးကိုလည်း နောက်နှစ်မတိုင်ခင်အထိ ဆက်လက်ပေးသွားဖို့ ကိုလည်း ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ထပ်လောင်းသဘောတူညီခဲ့ ပါတယ်။ ဒါ့အပြင် အလှူရှင်နိုင်ငံတွေအနေနဲ့ နောက်ထပ် (၂) နှစ်ကျော်ကြာအောင် အာဖဂန်နစ္စတန် နိုင်ငံကို အကူအညီပေးသွားဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။
 
(၁၃)  နှစ်ကြာ တပ်စွဲခဲ့တဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်ျွှာ ရပ်တန့်ပြီး အာဖဂန်နိုင်ငံ တွင်းကနေ ထွက်ခွာမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ တပ်သားပေါင်း (၁) သောင်းခန့်ဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့ အာဖဂန်နိုင်ငံတွင်းမှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အာဖဂန်နိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပွားနေတာကြောင့် လုံခြုံရေး အခြေအနေတိုးတက်မှုမရှိသေးဘူးလို့သိရပါတယ်။ 

MRTV-4
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အာဖဂန်နိုင်ငံတွင်းကနေ ဒီနှစ် ကုန်ပိုင်းမှာ ထွက်ခွာပြီး ရင်တောင် နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ အာဖဂန်နိုင်ငံ တည်ငြိမ်တိုးတက်ရေးအတွက် ဆက်လက် အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နိုင်င့တကာတပ်တွေ ဒီနှစ်ကုန်ပိုင်းမှာ အာဖဂန်နိုင်ငံတွင်းကနေ ထွက်ခွာ ပြီးရင် တောင် အာဖဂန်နိုင်ငံကို ဆက်လက် အကူအညီပေးသွားမှာဖြစ်တယ်လို့ နိုင်ငံပေါင်း (၆၀) ကျော်က ကိုယ်စားလှယ်တွေက သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ အခုလို သဘောတူညီချက်ဟာ လန်ဒန်မြို့မှာ ဒီဇင်ဘာလ (၄) ရက်တုန်းက ကျင်းပခဲ့တဲ့ ၀န်ကြီးအဆင့် ညီလာခံမှာ ရရှိခဲ့တာဖြစ်ပါတယ်။

အာဖဂန်နိုင်ငံသားတွေဟာ အတိတ်ကိုကျော်လွှားနိုင်ပြီး ယုံကြည်ချက်ရှိရှိ စည်းစည်းလုံးလုံးနဲ့ အနာဂတ်ကို ဦးတည်နေပြီဖြစ်တယ်လို့ အာဖဂန်သမ္မတအာရှက်ဂန္ဒီက အခမ်းအနားမိန့်ခွန်းမှာ ပြောပါတယ်။ အစိုးရ သစ်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ စီးပွားရေး တိုးတက်ရေးနဲ့ လုံခြုံရေးပြန်လည်ရရှိရေးတွေကို လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

တိုကျိုမှာ (၂၀၁၂) ခုနှစ် ညီလာခံကျင်းပစဉ်က သဘောတူညီထားခဲ့တဲ့ အာဖဂန်နိုင်ငံကို အမေရိကန် ဒေါ်လာ (၁၆) ဘီလီယံအကူအညီပေးရေးကိုလည်း နောက်နှစ်မတိုင်ခင်အထိ ဆက်လက်ပေးသွားဖို့ ကို လည်း ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ထပ်လောင်းသဘောတူညီခဲ့ ပါတယ်။ ဒါ့အပြင် အလှူရှင်နိုင်ငံတွေအနေနဲ့ နောက်ထပ် (၂) နှစ်ကျော်ကြာအောင် အာဖဂန်နစ္စတန် နိုင်ငံကို အကူအညီပေးသွားဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

(၁၃)  နှစ်ကြာ တပ်စွဲခဲ့တဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်ျွှာ ရပ်တန့်ပြီး အာဖဂန်နိုင်ငံ တွင်းကနေ ထွက်ခွာမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ တပ်သားပေါင်း (၁) သောင်းခန့်ဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့ အာဖဂန်နိုင်ငံတွင်းမှာ ဆက်ရှိနေဦး မှာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အာဖဂန်နိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပွားနေတာကြောင့် လုံခြုံရေး အခြေအနေတိုးတက်မှုမရှိသေးဘူးလို့သိရပါတယ်။

MRTV-4

No comments:

Post a Comment