Saturday 6 December 2014

မြစ်ဝကျွန်းပေါ်နှင့် တောင်ပိုင်းဒေသများ နေရာကွက်မိုးရွာနိုင်၍ ကြိုတင်ကာကွယ်ရန် သတိပေး

Photo: မြစ်ဝကျွန်းပေါ်နှင့် တောင်ပိုင်းဒေသများ နေရာကွက်မိုးရွာနိုင်၍ ကြိုတင်ကာကွယ်ရန် သတိပေး
Saturday, December 6, 2014

 ဆောင်းဦးကာလဖြစ် သော်လည်း ဒီဇင်ဘာပထမပတ်အတွင်း မြစ်ဝကျွန်းပေါ်နှင့်  တောင်ပိုင်းဒေသများတွင် နေရာ ကွက်၍ မိုးရွာနိုင်သောကြောင့် ရိတ်သိမ်းဆဲသီးနှံများအတွက် ကြိုတင်ကာကွယ်မှုများပြုလုပ်ထား သင့်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။

နိုဝင်ဘာ ၅ ရက်မှ ၈ ရက် ခန့်အတွင်း အရှေ့ဘက်မှ ၀င် ရောက်လာသော တိမ်တိုက်များ မြစ်ဝကျွန်းပေါ်နှင့် တောင်ပိုင်း ဒေသအပေါ်ဘက်သို့ ရောက်နေ သောကြောင့် ဒေသအချို့၌အချိန် အခါမဟုတ် မိုးရွာနိုင်ခြင်းဖြစ် ကြောင်း မိုး/ဇလဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။ ၎င်းက ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ ပါဝင်သော မြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့ရှိ တောင်သူများအား ရိတ်သိမ်းဆဲစပါးခင်းများအတွက် ကြိုတင်ကာကွယ် ထားသင့်ကြောင်း အကြံပြုပြောကြားသည်။

‘‘အခုက တောင်သူတွေ စပါးရိတ်နေတဲ့ အချိန်၊ မိုးမိရင် အထွက်လျော့တာတွေ၊ ဈေးမ ကောင်းတာတွေ ဖြစ်လာမှာ။ ဒါ ကြောင့်ရိတ်နေဆဲဖြစ်တဲ့ စပါး တွေကို အမိုးအကာအောက် အမြန်ဆုံးပို့ထားတာမျိုးတွေလုပ် ထားသင့်တယ်’’ဟု ဦးကျော်မိုး ဦးကပြောသည်။

လက်ရှိအချိန်တွင် ပစိဖိတ် သမုဒ္ဒရာအတွင်း စူပါဆိုင်ကလုန်း မုန်တိုင်းဟာဂူပစ်(Hagupit) တိုက်ခတ်နေပြီး ထိုမုန်တိုင်း ကြောင့် လွင့်လာသည့် တိမ်တိုက် များလည်း ရခိုင်ပြည်နယ်အပေါ် ဘက်တွင် ရောက်နေသော ကြောင့် ရခိုင်ပြည်နယ်တွင် မိုး အနည်းငယ်ရွာနိုင်ပြီး ထိုမုန်တိုင်း သည် ယနေ့တွင် ဖိလစ်ပိုင်နိုင်ငံ သို့ ၀င်ရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံဒေသအသီးသီး တွင် အထက်သို့ ရောက်နေသော တိမ်တိုက်များ ကြောင့် ယခုတစ် ပတ်အတွင်း ဒေသအနှံ့ညအပူ ချိန်များမြင့်တက်လာကာ အအေး လျော့လာနိုင်ကြောင်း ဦးကျော် မိုးဦးကအသိပေးသည်။

7Day DAILY 

မြန်မာနိုင်ငံနှင့် ပင်လယ်ပြင်ပေါ်ရှိ တိမ်တိုက်များကို ထိုင်းဂြိုဟ်တုမှ ဒီဇင်ဘာ ၅ ရက်က ရိုက်ကူးထားစဉ်

မြန်မာနိုင်ငံနှင့် ပင်လယ်ပြင်ပေါ်ရှိ တိမ်တိုက်များကို ထိုင်းဂြိုဟ်တုမှ ဒီဇင်ဘာ ၅ ရက်က ရိုက်ကူးထားစဉ်

ဆောင်းဦးကာလဖြစ်သော်လည်း ဒီဇင်ဘာပထမပတ်အတွင်း မြစ်ဝကျွန်းပေါ်နှင့်  တောင်ပိုင်းဒေသများတွင် နေရာ ကွက်၍ မိုးရွာနိုင်သောကြောင့် ရိတ်သိမ်းဆဲသီးနှံများအတွက် ကြိုတင်ကာကွယ်မှုများပြုလုပ်ထား သင့်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။

နိုဝင်ဘာ ၅ ရက်မှ ၈ ရက် ခန့်အတွင်း အရှေ့ဘက်မှ ၀င်ရောက်လာသော တိမ်တိုက်များ မြစ်ဝကျွန်းပေါ် နှင့် တောင်ပိုင်း ဒေသအပေါ်ဘက်သို့ ရောက်နေ သောကြောင့် ဒေသအချို့၌အချိန် အခါမဟုတ် မိုးရွာနိုင်ခြင်းဖြစ် ကြောင်း မိုး/ဇလဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။ ၎င်းက ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ ပါဝင်သော မြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့ရှိ တောင်သူများအား ရိတ်သိမ်းဆဲစပါးခင်းများအတွက် ကြိုတင်ကာကွယ် ထားသင့်ကြောင်း အကြံပြုပြောကြားသည်။

‘‘အခုက တောင်သူတွေ စပါးရိတ်နေတဲ့ အချိန်၊ မိုးမိရင် အထွက်လျော့တာတွေ၊ ဈေးမ ကောင်းတာတွေ ဖြစ်လာမှာ။ ဒါ ကြောင့်ရိတ်နေဆဲဖြစ်တဲ့ စပါး တွေကို အမိုးအကာအောက် အမြန်ဆုံးပို့ထားတာမျိုးတွေလုပ် ထားသင့်တယ်’’ဟု ဦးကျော်မိုး ဦးကပြောသည်။

လက်ရှိအချိန်တွင် ပစိဖိတ် သမုဒ္ဒရာအတွင်း စူပါဆိုင်ကလုန်း မုန်တိုင်းဟာဂူပစ်(Hagupit) တိုက်ခတ်နေပြီး ထိုမုန်တိုင်း ကြောင့် လွင့်လာသည့် တိမ်တိုက် များလည်း ရခိုင်ပြည်နယ်အပေါ် ဘက်တွင် ရောက်နေသော ကြောင့် ရခိုင်ပြည်နယ်တွင် မိုး အနည်းငယ်ရွာနိုင်ပြီး ထိုမုန်တိုင်း သည် ယနေ့တွင် ဖိလစ်ပိုင်နိုင်ငံ သို့ ၀င်ရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံဒေသအသီးသီး တွင် အထက်သို့ ရောက်နေသော တိမ်တိုက်များ ကြောင့် ယခုတစ် ပတ်အတွင်း ဒေသအနှံ့ညအပူ ချိန်များမြင့်တက်လာကာ အအေး လျော့လာနိုင်ကြောင်း ဦးကျော် မိုးဦးကအသိပေးသည်။

7Day DAILY

No comments:

Post a Comment