Saturday 6 December 2014

နေပြည်တော် သပြေကုန်းဈေးတွင် တားမြစ် ဓာတုဆေးဝါး ပါဝင်သည့် အစားအသောက်နှင့် အလှကုန်အချို့ တွေ့ရှိ

နေပြည်တော် ကောင်စီနယ်မြေရှိအဓိက အချက်အချာကျသော သပြေကုန်းဈေး၌ တားမြစ် ဓာတုဗေဒဆေး ၀ါးများ ပါဝင်သည့် စားသောက်ကုန်ငါးမျိုးနှင့် အလှကုန်တစ်မျိုး တွေ့ရှိသည်ဟု အစားအသောက်နှင့် ဆေး ၀ါး ကွပ်ကဲရေး ဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က မဇ္ဈိမကိုယနေ့ ပြောသည်။

“ရောင်းတဲ့ဆိုင်တွေကို ဈေးအုပ်ချုပ်ရေးမှူးရုံးကနေပြီး လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမှာပါ။ ပထမ အဆင့်အနေနဲ့ စားသုံးဖို့ မသင့်ဘူးဆိုရင် ဒါသိမ်းရမှာပေါ့။ သိမ်းမယ် ဖျက်ဆီးမယ်၊ နောက်တစ်ခု ကရောင်း ချတဲ့ သူကို အသိပညာပေးမယ်” ဟု ၎င်းက မဇ္ဈိမကို ဖြေကြားသည်။ နေပြည်တော်နယ်မြေ အတွင်း Mobile Lab လှည့်လည် စစ်ဆေးသည့် အစီအစဉ်အရ ယမန်နေ့က သပြေ ကုန်းဈေးတွင် ရှောင်တခင် ၀င်ရောက် စစ်ဆေးအပြီး ယခုကဲ့သို့ တွေ့ ရှိခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

လက်လီရောင်းချနေသော စားသောက်ကုန်များထဲမှ ဓာတုပစ္စည်းသုံးစွဲနိုင်သည့် သံသယဖြစ်ဖွယ် စား သောက်ကုန်များကို ချက်ချင်းစစ်ဆေး ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်သည့် Mobile Lab (ရွေ့လျား ဓာတ်ခွဲခန်း) ကားဖြင့် အမြန်စစ် ဆေး ၍ ချက်ချင်းအဖြေထုတ်သည့် နည်းလမ်းအသုံး ပြုကာ စစ်ဆေးခြင်း ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးက ရှင်းပြသည်။ စားသုံးရန်မသင့်သည့် တားမြစ် အရောင်ဆိုးဆေး သုံးစွဲထားသည့် ငါးပိလေးမျိုးနှင့် ခေါက်ဆွဲခြောက် တစ်မျိုး၊ တားမြစ် ဓာတုဆေးဝါးပါ POLLA အမှတ်တံဆိပ် မှည့်ခြောက်ပျောက် လိမ်းဆေး ခရင်မ်တို့ကို တွေ့ရှိ ခြင်းဖြစ်သည်။

မျှစ်ချဉ်၊ ငရုတ်သီးမှုန့်၊ အရောင်တင် မှုန့်၊ ငါးပိ၊ အသားစိမ်း၊ ငါးစိမ်း၊ နွားနို့၊ ပင်လယ်စာ အစားအသောက် များစသည့် စားသောက်ကုန်များ အပြင် ကုန်အမှတ် တံဆိပ်၊ အညွှန်းမပါသည့် အစားအသောက်များ၊ ရက် လွန်အစားအသောက်များ စသည့် အခြားသံသယရှိဖွယ် စားသောက် ကုန်များနှင့် အလှကုန်ပစ္စည်းတို့တွင် တားမြစ်ဓာတုဆေးဝါးများ၊ တာရှည်ခံ ဓာတုပစ္စည်းများ သုံးစွဲထားခြင်းရှိ မရှိကို စစ်ဆေးခဲ့ကြောင်း သိရ သည်။

သပြေကုန်းဈေးတွင် ဟင်းသီးဟင်း ရွက်ရောင်းချသူ ဒေါ်ဂျမ်းက “အခုလို စစ်ပေးတာ ကောင်းတာပေါ့။ ၀ယ်စားတဲ့သူတွေ ကျန်းမာရေး အတွက်လည်း အန္တရာယ် ကင်းတာပေါ့” ဟု မဇ္ဈိမကိုပြောသည်

ယင်းရွေ့လျား စစ်ဆေးရေးအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ ကူးသန်း ရောင်းဝယ်ရေး နှင့် စားသုံးသူ ကာကွယ်ရေး ဦးစီးဌာန၊ နေပြည်တော်စည်ပင်၊ စည်ပင်သာယာရေး ကော်မ တီ ဈေးများဌာန၊ စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေး ဌာန၊ နေပြည်တော် တိုင်းကျန်းမာရေးဦးစီး ဌာနတို့က ပါဝင်ပူးပေါင်းစစ်ဆေးခြင်းဖြစ်သည်။

Mizzima - News in Burmese

1 comment:

  1. သတင်ပေးလို့ကော ရပါသလားခင်ဗျာ

    ReplyDelete