Saturday 6 December 2014

အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့်များ မဆုံးရှုံးစေရန် ကာကွယ်ပေးမည်ဟု သမ္မတပြောကြား

မြန်မာ့လူဦးရေ၏ ၅၁ ရာခိုင်နှုန်းသော မြန်မာအမျိုးသမီးများအနေဖြင့် မည်သည့်အကြောင်းရင်းများ၏ လွှမ်းမိုးချုပ်ကိုင်မှုများကြောင့်မျှ မိမိတို့၏ ဆုံးဖြတ်ပိုင်ခွင့်များ မဆုံးရှုံးစေရန် အစိုးရအနေဖြင့် ကာကွယ် စောင့်ရှောက်ပေး သွား မည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်က နေပြည်တော်တွင်ပြုလုပ်သော ကမ္ဘာလုံး ဆိုင်ရာအမျိုးသမီးများဖိုရမ်ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်း၌ သမ္မတဦးသိန်းစိန်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ထို့အပြင်သမ္မတဦးသိန်းစိန်က ‘‘မိမိတို့အစိုးရအနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်း ထားသည့် အတိုင်း နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေးရရှိစေ ရေးဟူသည့် ခေါင်းစဉ်အောက်၌ အမျိုးသမီးများ ၏ ရပိုင်ခွင့်အခွင့် အရေးများကို ကာကွယ်စောင့် ရှောက်သွားမည်ကို ကတိပြုပြောကြားလိုပါကြောင်း’’ဟု ပြောကြားခဲ့သည်။

‘‘သမ္မတပြောတာ ယေဘုယျအားဖြင့် အရမ်းကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာလည်း အကောင် အထည်ဖော်နိုင်ရင် ကောင်းတယ်’’ဟု ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူ က ပြောသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ၌ အမျိုးသမီးများမောင်းနှင်နိုင်သည့် အင်အားစုများကိုရယူပြီး ခွန်အားအဖြစ်  အသုံးပြုရန်လို အပ်ကြောင်း ပြောကြားခဲ့သည်။

‘‘၅၁ ရာခိုင်နှုန်းပါဝင်တဲ့ အမျိုးသမီးတွေရဲ့ ကျွန်မတို့ဟာ အောင်မြင်တဲ့ အကူးအပြောင်း တစ်ခုဖြစ်ချင်ရင် ကျွန်မတို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အ ကောင်းဆုံးပြင်ဆင်ထားဖို့လိုပါ တယ်’’ဟု  ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ အမျိုးသမီးများမှာ တိုင်းပြည်အတွက် ခွန်အားဖြစ်လာရန် လူ့အဖွဲ့အစည်းမှ အောက်ခြေလိုအပ်ချက်များကို လေ့လာသိရှိရန်လိုကြောင်းလည်း ပြောသည်။

 လက်ရှိအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီးနှင့် အကြံပေးများတွင် အမျိုးသမီးများအား စတင် ခန့်အပ်လာပြီး လွှတ်တော်တွင်လည်း အမျိုးသမီးလွှတ်တော်အမတ်များ ရှိလာခဲ့ပြီဖြစ်သည်။ ထို့အပြင် မြန်မာ့တပ်မတော်တွင်လည်း အမျိုးသမီးများ ခန့်အပ်မှုများရှိလာခဲ့သည်။

7Day DAILY

No comments:

Post a Comment