Saturday 6 December 2014

ကယားစာပေ(ကျယ်ဖိုးကြီး) အဘိဓာန်ထုတ်တော့မယ်

ကယားလူမျိုးတွေ ကယားစာပေကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ဖို့ ကယားစာပေ(ကျယ်ဖိုးကြီးစာပေ)ကို အဘိဓာန်အဖြစ် ဒီဇင်ဘာလအတွင်း ထုတ်ဝေတော့မယ်လို့ ကယားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေး မှူး ဦးမိုးဇက်အောင်လင်းက ဆိုပါတယ်။

ကယားစာပေဖြစ်တဲ့ ကျယ်ဖိုးကြီးစာပေကို ကယားစော်ဘွားတွေ လက်ထက်တုန်းကတည်းက ပင်မစာ အဖြစ် သုံးခဲ့ပြီး အစိုးရမင်း အဆက်ဆက်က ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ကယားစာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ တချို့ထံမှ သိရပါတယ်။

ပြည်ပမှာနေတဲ့ ကယားတိုင်းရင်းသားတွေကတော့ ကယားစာပေကို ကျယ်ကျယ်ပြန့် ပြန့် သုံးနေကြတာ ကြောင့် ပြည်တွင်းမှာနေတဲ့ တိုင်းရင်းသားတွေ သင်ကြားခွင့် ရနိုင်ရန် ၂၀၁၂ ခုနှစ်ကပဲ လက်ရှိအစိုးရဆီမှာ တင်ပြခဲ့ကြတာဖြစ်ပါတယ်။

ကယားတိုင်းရင်းသား ၉၀ ရာခိုင်နှုန်းရဲ့ ထောက်ခံချက်နဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလက စပြီး ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။

ကျယ်ဖိုးကြီးစာပေသင်ကြားခွင့် မရတဲ့ကာလတွေမှာ ကယားစာပေ မပျောက်စေဖို့ မြန်မာ ဗျည်းကို အစား ထိုး သုံးစွဲခဲ့ရပြီး ဘာသာရေးပိုင်းမှာလည်း လက်တင်ဘာသာနဲ့ အသုံးပြုရလို့ ကယားစာပေနှစ်မျိုး ထွက်ပေါ်ခဲ့ရတယ်လို့ ကယားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဆီကနေ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment