Saturday 6 December 2014

တရုတ်ထုတ် ရှောင်မီဖုန်းများနှင့် အိုင်ဖုန်းများကြောင့် ဆမ်ဆောင်း စမတ်ဖုန်း များ ဈေးကွက်ဝေစုကျဆင်းလာသဖြင့် အမှုဆောင်အရာရှိ သုံးဦး နုတ်ထွက် ရတော့မည်

ဆမ်ဆောင်းအီလက်ထရွန်နစ် ကုမ္ပဏီလီမိတက်၏ မိုဘိုင်းဌာနမှ အမှုဆောင်အရာရှိသုံးဦးတို့သည် အလုပ် မှ နုတ်ထွက်ကြမည်ဟု ဒီဇင်ဘာ ၄ ရက်၌ဆိုသည်။

ဆမ်ဆောင်းတွင် အမြတ်အစွန်းရရှိမှု ရုတ်ခြည်းကျဆင်းလာသောကြောင့် ယင်းသို့ အလုပ်ထွက်ရန် စီစဉ် ခြင်း ဖြစ်သည်ဟု သိရသည်။

ဆမ်ဆောင်း၏ ၂ဝ၁၄ ခုနှစ် အမြတ်အစွန်းသည် သုံးနှစ်အတွင်း အဆိုးဆုံးဖြစ်ကြောင်း၊ သို့ဖြစ်၍တာ ဝန်ရှိသူ အမှုဆောင်အရာရှိသုံးဦး တို့ ရာထူးမှနုတ်ထွက်ရန် စီစဉ်ကြ ခြင်းဖြစ်ကြောင်း မိုဘိုင်းဖုန်းဌာနအ ကြီးအကဲ J.K. Shin ကဆိုသည်။

ရာထူးမှ နုတ်ထွက်မည့်အမှုဆောင် အရာရှိသုံးဦးတွင် ကမ္ဘာ့ဈေးကွက်အကြီး အကဲ D.J Lee လည်း ပါဝင်သည်ဟု သတင်းတစ်ရပ်ကဆိုသည်။ ထိုသတင်းက အစောပိုင်းပေါ်ထွက်လာခဲ့သည့် မီဒီယာသတင်း ကို အတည်ပြုခြင်းဖြစ် သည်။

ဈေးနှုန်းချိုသော တရုတ်ထုတ် ရှောင်မီဖုန်းများနှင့် ဈေးနှုန်းမြင့် အိုင်ဖုန်းများကြောင့် ဆမ်ဆောင်း စမတ်ဖုန်း များ၏ ဈေးကွက်ဝေစု များ တစ်နှစ်ထက်တစ်နှစ် ကျဆင်း နေရကြောင်း သိရသည်။

ဆမ်ဆောင်း၏ နှစ်ပတ်လည် အမြတ်အစွန်းကျဆင်းသည်ဟု ကြေညာပြီးနောက် အမှုဆောင်အရာရှိ တစ်စုံတစ်ယောက်နုတ်ထွက်သွားခဲ့ ပါပြီလားဆိုသည်နှင့် အမှုဆောင် အရာရှိအဆင့်၌ အပြောင်းအလဲ များ လုပ်ပါပြီလားဆိုသည်ကိုမူပြော ရန် ဆမ်ဆောင်းကငြင်းဆန်သည်။

Reatures
Yangon Media Group

No comments:

Post a Comment