Saturday 6 December 2014

အာရှတိုက်ရဲ့ အလှမယ်ဆုနဲ့ အင်တာနက် ဆုရခဲ့တဲ့ မြန်မာအလှမယ် ဟန်သီ


ဓာတ်ပုံ - Global Beauties
ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် ဟန်သီက Miss Asia & Oceania Queen ဆုနဲ့ Miss Internet ဆုတို့ကို ရရှိခဲ့ပါတယ်။


အလှမယ် ဟန်သီဟာ ပြိုင်ပွဲရဲ့ Top 20 စာရင်းဝင်ခဲ့တဲ့အပြင် နောက်ဆုံး ဖိုင်နယ် Top 10 အထိ ပါဝင်ခဲ့ သူပါ။ သူ ရရှိခဲ့တဲ့ Miss Supranational Asia & Oceania Queen ဆုဟာ အာရှတိုက်ကိုယ်စားပြု အလှမယ် အဖြစ်ရွေးချယ်ခံရတဲ့ ဆုဖြစ်ပြီး Miss Internet ဆုကတော့ အွန်လိုင်း Voting အများဆုံး အလှမယ်ဆုဖြစ်ပါတယ်။


Miss Supranational ပြိုင်ပွဲကြီးရဲ့ ထူးခြားချက်ကတော့ Miss Supranational Title ဆုတို့ 1st runner up၊ 2nd runner up၊ 3rd ၊ 4th စသဖြင့် ပုံမှန်နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာ ပေးနေကျ ဆုတွေအပြင် ကမ္ဘာတိုက်ကြီးတွေထဲက တတိုက်ဆီကို ကိုယ်စားပြုမယ့် အလှမယ်ဆုတွေကိုပါ ပေးအပ်ခြင်းပါ။

မြန်မာအလှမယ် ဟန်သီကတော့ အာရှတိုက်ရဲ့ အလှမယ်အဖြစ် အရွေးချယ်ခံရပြီး Miss Supranational Americas အဖြစ် Puerto Rico၊ Miss Supranational Europe အဖြစ် Czech Republic Miss Supranational Africa အဖြစ် Equatorial Guinea နိုင်ငံက အလှမယ်တွေက ရရှိခဲ့တာပါ။

“အရမ်းပဲ ဂုဏ်ယူပါတယ်။ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရောပေါ့။ အခုချိန်မှာဆိုရင် သူက ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတခုရဲ့ TOP 10 အဆင့်ထဲမှာ ၀င်တယ်ဆိုတော့ မြန်မာ့သမိုင်း မှာ သူက အမြင့်ဆုံး နေရာကို ရထားတာပါ။ အဲ့ဒီအတွက်လည်း အရမ်းကို ၀မ်းသာပါတယ်” လို့ Miss Supranational Myanmar ရဲ့ Organizer ကိုဝေယံအောင်က ဆိုပါတယ်။

MISS SUPRANATIONAL 2014 အလှမယ် သရဖူဆုကို India အလှမယ်က ရရှိခဲ့ပါတယ်။ 1st runner up ကို Miss Thailand၊ 2nd runner up ကို Miss Gabon ၊ 3rd runner up ကို Miss USA ၊ 4th runner up ကိုတော့ Miss Poland တို့က အသီးသီးရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျင်းပခဲ့ကာ နိုင်ငံပေါင်း ၇၀ ကျော်က အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဧရာဝတီ

No comments:

Post a Comment