Saturday 6 December 2014

ယူကရိန်း အစိုးရ နှင့် ရုရှ လိုလားသော သူပုန်များ အပစ်ရပ်ရေး သဘောတူညီချက် ရရှိထားကြောင်း ကြေညာ

Photo: ယူကရိန်း အစိုးရ နှင့် ရုရှ လိုလားသော သူပုန်များ အပစ်ရပ်ရေး သဘောတူညီချက် ရရှိထားကြောင်း ကြေညာ
Saturday, December 6, 2014

ကိဗ်၊ ဒီဇင်ဘာ ၅။ ယူကရိန်း အစိုးရနှင့် ရုရှားလိုလားသူ သူပုန်များသည် ကရင်မလင်က ကြားဝင်ညှိနှိုင်း ပေးသော ယာယီ အပစ်ရပ်ရေး သဘောတူညီချက် အရ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယူကရိန်း အရှေ့ပိုင်း စစ်ဇုန်တစ်လျှောက်၌ အပစ်အခတ် ရပ်စဲရန် သဘောတူညီထား ကြကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့ က ဆိုခဲ့ကြသည်။

အပစ်ရပ်ရေး သဘော တူညီချက် အသစ်တွင် ပါဝင်သော အချက်များမှာ၊ စက်တင်ဘာလ အတွင်းက ဘယ်လာရု(စ်) နိုင်ငံ၏ မြို့တော် မင့်ခ် မြို့တွင် ဥရောပ ကိုယ်စားလှယ်များ၏ အကူအညီဖြင့် ရယူနိုင်ခဲ့သော ယခင် ငြိမ်းချမ်းရေး သဘောတူညီချက် ထဲတွင် ပါရှိပြီးသား အချက်များ ဖြစ် ကြကြောင်း ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကိုက ဆိုခဲ့သည်။ သို့ရာတွင် ထိုစဉ်က မင့်ခ်မြို့ သဘောတူညီချက် ထဲတွင်မူ နှစ်ဖက်အနေဖြင့် မည်သည့် နေ့တွင် အပစ်အခတ် ရပ်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

မင့်ခ် သဘောတူညီချက် ထဲတွင် ပါရှိသော "အပစ်ရပ်နေ့" အား အကောင်အထည် ဖော်နိုင်မည့် အစီအစဉ်များကို ယူကရိန်းအစိုးရက ကြိုတင်ပြင်ဆင် နေကြောင်းနှင့် အပစ်ရပ် ကာလမှာ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သမ္မတ ပေါ်ရိုရှန်ကိုက ဆိုခဲ့သည်။ အကယ်၍ ယာယီ အပစ်ရပ်စဲရေး သဘောတူညီချက်အား ခွဲထွက်ရေး ဝါဒီများ ဘက်ကလည်း လိုက်နာမည်ဆိုပါက ယူကရိန်းအစိုးရသည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ယူကရိန်း အရှေ့ပိုင်းရှိ ရှေ့တန်း စစ်မျက်နှာမှ လက်နက်ကြီးများ ရုပ်သိမ်းရေး အစီအစဉ်ကို စတင်ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတပေါ်ရိုရှန်ကို၏ ကြေညာချက်က ဆိုလိုသည်ဟု သမ္မတရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လွတ်လပ်သောနိုင်ငံအဖြစ် မိမိဘာသာကြေညာထားသော ဒွန်းညက်စ် ပြည်သူ့ သမ္မတနိုင်ငံ ၏ လွှတ်တော်ဥက္ကဌ အင်ဒရေး ပါဂင် ကလည်း အပစ်ရပ်ရေးသဘောတူညီချက်မှာ မင့်ခ် သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ "မင့်ခ် အဖွဲ့ထဲမှာ ကျွန်တော်တို့ဘက်က စစ်အရာရှိတွေနဲ့ ယူကရိန်းစစ်အရာရှိတွေသာမက ရုရှားညှိနှိုင်းရေးသမားတွေ ပါဝင်ကြပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အပစ်ရပ်ဖို့ သဘောတူထားကြပါတယ်" ဟု အင်ဒရေးပါဂင်က ရုရှား အစိုးရပိုင် သတင်းဌာနဖြစ်သည့် RIA Novosti ကို ပြောကြားခဲ့သည်။

သို့ရာတွင် ရှစ်လအတွင်း လူပေါင်း ၄၃၀၀ ကျော် သေဆုံးခဲ့ရသော စစ်ပွဲကို ယခုသဘောတူညီချက်က ရပ်တန့် အဆုံးသတ် ပေးနိုင်လိမ့်မည်ဟု ထင်မြင်ပါသလား ဆိုသောမေးခွန်းကိုမူ ပါဂင် က ဖြေဆိုခဲ့ခြင်း မရှိပေ။

Ref: AFP
Mizzima - News in Burmese
ကိဗ်၊ ဒီဇင်ဘာ ၅။ ယူကရိန်း အစိုးရနှင့် ရုရှားလိုလားသူ သူပုန်များသည် ကရင်မလင်က ကြားဝင်ညှိနှိုင်း ပေးသော ယာယီ အပစ်ရပ်ရေး သဘောတူညီချက် အရ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယူကရိန်း အရှေ့ပိုင်း စစ်ဇုန်တစ်လျှောက်၌ အပစ်အခတ် ရပ်စဲရန် သဘောတူညီထား ကြကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့ က ဆိုခဲ့ကြသည်။

အပစ်ရပ်ရေး သဘော တူညီချက် အသစ်တွင် ပါဝင်သော အချက်များမှာ၊ စက်တင်ဘာလ အတွင်းက ဘယ်လာရု(စ်) နိုင်ငံ၏ မြို့တော် မင့်ခ် မြို့တွင် ဥရောပ ကိုယ်စားလှယ်များ၏ အကူအညီဖြင့် ရယူနိုင်ခဲ့သော ယခင် ငြိမ်းချမ်းရေး သဘောတူညီချက် ထဲတွင် ပါရှိပြီးသား အချက်များ ဖြစ် ကြကြောင်း ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကိုက ဆိုခဲ့သည်။ သို့ရာတွင် ထိုစဉ်က မင့်ခ်မြို့ သဘောတူညီချက် ထဲတွင်မူ နှစ်ဖက်အနေဖြင့် မည်သည့် နေ့တွင် အပစ်အခတ် ရပ်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

မင့်ခ် သဘောတူညီချက် ထဲတွင် ပါရှိသော "အပစ်ရပ်နေ့" အား အကောင်အထည် ဖော်နိုင်မည့် အစီအစဉ်များကို ယူကရိန်းအစိုးရက ကြိုတင်ပြင်ဆင် နေကြောင်းနှင့် အပစ်ရပ် ကာလမှာ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သမ္မတ ပေါ်ရိုရှန်ကိုက ဆိုခဲ့သည်။ အကယ်၍ ယာယီ အပစ်ရပ်စဲရေး သဘောတူညီချက်အား ခွဲထွက်ရေး ဝါဒီများ ဘက်ကလည်း လိုက်နာမည်ဆိုပါက ယူကရိန်းအစိုးရသည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ယူကရိန်း အရှေ့ပိုင်းရှိ ရှေ့တန်း စစ်မျက်နှာမှ လက်နက်ကြီးများ ရုပ်သိမ်းရေး အစီအစဉ်ကို စတင်ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတပေါ်ရိုရှန်ကို၏ ကြေညာချက်က ဆိုလိုသည်ဟု သမ္မတရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လွတ်လပ်သောနိုင်ငံအဖြစ် မိမိဘာသာကြေညာထားသော ဒွန်းညက်စ် ပြည်သူ့ သမ္မတနိုင်ငံ ၏ လွှတ်တော် ဥက္ကဌ အင်ဒရေးပါဂင်ကလည်း အပစ်ရပ်ရေးသဘောတူညီချက်မှာ မင့်ခ်သဘောတူညီချက်၏ အစိတ် အပိုင်း တစ်ရပ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ "မင့်ခ် အဖွဲ့ထဲမှာ ကျွန်တော်တို့ဘက်က စစ်အရာရှိတွေနဲ့ ယူကရိန်းစစ်အရာရှိတွေသာမက ရုရှားညှိနှိုင်းရေးသမားတွေ ပါဝင်ကြပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အပစ်ရပ်ဖို့ သဘောတူထားကြပါတယ်" ဟု အင်ဒရေးပါဂင်က ရုရှား အစိုးရပိုင် သတင်းဌာနဖြစ်သည့် RIA Novosti ကို ပြောကြားခဲ့သည်။

သို့ရာတွင် ရှစ်လအတွင်း လူပေါင်း ၄၃၀၀ ကျော် သေဆုံးခဲ့ရသော စစ်ပွဲကို ယခုသဘောတူညီချက်က ရပ်တန့် အဆုံးသတ် ပေးနိုင်လိမ့်မည်ဟု ထင်မြင်ပါသလား ဆိုသောမေးခွန်းကိုမူ ပါဂင် က ဖြေဆိုခဲ့ခြင်း မရှိပေ။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment