Saturday 6 December 2014

"ရှားပါးသမင်ဖြူတစ်ကောင်ကို ဖမ်းမိသည့်ပုံ ဖေ့ဘွတ်ပေါ်တင်သည့် မုဆိုး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ"

Photo: "ရှားပါးသမင်ဖြူတစ်ကောင်ကို ဖမ်းမိသည့်ပုံ ဖေ့ဘွတ်ပေါ်တင်သည့် မုဆိုး
အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ"
Saturday, December 6, 2014

အမေရိကန် အနောက်အလယ်ပိုင်း မစ်ဆူရီပြည်နယ်တွင် ရှားပါးသမင်ဖြူ တစ်ကောင်ကို ပစ်ခတ်ပြီး ယင်းပုံအား ဖေ့ဘွတ် လူမှုကွန်ယက်သို့ တင်ခဲ့သော မုဆိုးမှာ အသက် အန္တရာယ် ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေရသည်ဟု မီဒီယာ များက ရေးသားဖေါ်ပြကြသည်။

နာမည်ကျော် ၀ါရှင်တန်ပို့စ်တ် သတင်းစာ၏ ဖေါ်ပြချက်အရ ဂျယ်ရီ ကီနာမန်း ဆိုသော မုဆိုးသည် တောတွင်း တစ်နေရာတွင် အဖြူဆွတ်ဆွတ် သမင် ကို မြားနှင့် ပစ်ခတ်ဖမ်းဆီးမိအပြီး ယင်းပုံကို ဖေ့စ်ဘွတ်တွင် တင်ခဲ့ရာ ယခုအခါ ပစ်မှတ်ထား ခြိမ်းခြောက်မှု ခံနေရသည်ဟု သိရသည်။

ယင်းဒေသတွင် သမင်ဖြူမှာ ကျေးလက်ရိုးရာပုံပြင်များက ဖေါ်ကျူးထားခဲ့သလို တန်ဖိုးထားစရာ တစ်ခုအဖြစ် သတ်မှတ်လက်ခံထားကြရာ ယင်းဓါတ်ပုံကို လူမှုကွန်ယက်တွင်တင်ခဲ့သော မုဆိုး၏ လုပ်ရပ်သည် ရှေးရိုးစွဲလူမှု အသိုင်း အ၀န်းကို ဒေါသူပုန်ထစေခဲ့သည်။

သို့ရာတွင် ဂျယ်ရီက ယင်းအမဲလိုက်သော နေရာသည် တရားဝင်အမဲလိုက် ခွင့်ပြုထားသော နေရာသာဖြစ်ပြီး သမင်ဖြူကို ပစ်ခတ်ဖမ်းဆီးခြင်းမှာ မိမိကိုယ်ကျိုးအတွက်မဟုတ်ဟု ဆိုသည်။

ကျနော် သူ့ကို ဖမ်းမိအပြီး သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဌာနကို အကြောင်း ကြားတယ်။ အားလုံးကို မှတ်တမ်း တင်ထားပြီးသာ။ ကျနော် ဒါကို မှောင်ခိုလုပ်ဖို့ ပစ်တာမဟုတ်ဘူး ဟု သူက ဆိုသည်။

Ref ; Daily Mail
Popular Myanmar News Journal
အမေရိကန် အနောက်အလယ်ပိုင်း မစ်ဆူရီပြည်နယ်တွင် ရှားပါးသမင်ဖြူ တစ်ကောင်ကို ပစ်ခတ်ပြီး ယင်းပုံအား ဖေ့ဘွတ် လူမှုကွန်ယက်သို့ တင်ခဲ့သော မုဆိုးမှာ အသက် အန္တရာယ် ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေ ရသည်ဟု မီဒီယာ များက ရေးသားဖေါ်ပြကြသည်။

နာမည်ကျော် ၀ါရှင်တန်ပို့စ်တ် သတင်းစာ၏ ဖေါ်ပြချက်အရ ဂျယ်ရီ ကီနာမန်း ဆိုသော မုဆိုးသည် တော တွင်း တစ်နေရာတွင် အဖြူဆွတ်ဆွတ် သမင် ကို မြားနှင့် ပစ်ခတ်ဖမ်းဆီးမိအပြီး ယင်းပုံကို ဖေ့စ်ဘွတ် တွင် တင်ခဲ့ရာ ယခုအခါ ပစ်မှတ်ထား ခြိမ်းခြောက်မှု ခံနေရသည်ဟု သိရသည်။

ယင်းဒေသတွင် သမင်ဖြူမှာ ကျေးလက်ရိုးရာပုံပြင်များက ဖေါ်ကျူးထားခဲ့သလို တန်ဖိုးထားစရာ တစ်ခု အဖြစ် သတ်မှတ်လက်ခံထားကြရာ ယင်းဓါတ်ပုံကို လူမှုကွန်ယက်တွင်တင်ခဲ့သော မုဆိုး၏ လုပ်ရပ်သည် ရှေးရိုးစွဲလူမှု အသိုင်း အ၀န်းကို ဒေါသူပုန်ထစေခဲ့သည်။

သို့ရာတွင် ဂျယ်ရီက ယင်းအမဲလိုက်သော နေရာသည် တရားဝင်အမဲလိုက် ခွင့်ပြုထားသော နေရာ သာဖြစ်ပြီး သမင်ဖြူကို ပစ်ခတ်ဖမ်းဆီးခြင်းမှာ မိမိကိုယ်ကျိုးအတွက်မဟုတ်ဟု ဆိုသည်။

ကျနော် သူ့ကို ဖမ်းမိအပြီး သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဌာနကို အကြောင်း ကြားတယ်။ အားလုံး ကို မှတ်တမ်း တင်ထားပြီးသာ။ ကျနော် ဒါကို မှောင်ခိုလုပ်ဖို့ ပစ်တာမဟုတ်ဘူး ဟု သူက ဆိုသည်။

Ref ; Daily Mail
Popular Myanmar News Journal

No comments:

Post a Comment